သံယောဇဉ်နှင့် ချစ်ခြင်းမေတ္တာ: Healthy နှင့် Unhealthy တွယ်တာမှုများ၏ ခြားနားချက်
- Mar 17
- 1 min read

ဘယ်သူမဆို..လူတွေ...အရာဝတ္ထုတွေပေါ်မှာသံယောဇဉ်လို့ခေါ်တဲ့ Attachment ဆိုတာ ရှိတတ်ကြပါတယ်။သက်ရှိဖြစ်စေ..သက်မဲ့ဖြစ်စေ..တစ်စုံတစ်ခုဟာ..ကိုယ့်ဘဝအတွက်ကောင်းမွန်တဲ့ စိတ်ခံစားမှုကိုပေးနိုင်တယ်ဆိုရင် ဒီအရာလေးကို..စွန့်လွှတ်ဆုံးရှုံးရဖို့ကျွန်မတို့ ကြောက်လန့်တွေဝေတွန့်ဆုတ်တတ်ကြတာသဘာဝပဲဖြစ်ပါတယ်။
ဒါပေမယ့် Emotional Attachment လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာ တွယ်တာမှုသံယောဇဉ်ဟာရှိသင့်တာထက်ပိုပြီးများလာခဲ့မယ်ဆိုရင် ကျွန်မတို့ဘဝကို အန္တရာယ်ဖြစ်စေတဲ့အထိကြီးကျယ်လာတတ်ပါတယ်။
Relationship တွေမှာ အိမ်ထောင်တွေမှာ Unhealthy Emotional Attachment လို့ခေါ်တဲ့ ၊လိုတာထက်ပိုတဲ့တွယ်တာမှုတွေဖြစ်ပေါ်လာတဲ့အခါကိုယ်တိုင်တင်မကကိုယ့်ရဲ့ Partner ကိုပါစိတ်ဆင်းရဲမှုတွေစိတ်ရှုပ်ထွေးမှုတွေပြဿနာတွေဖြစ်ပေါ်လာတတ်ပါတယ်။
သူ့အပေါ် တွယ်တာနေမှုဟာလိုတာထက်ပိုနေပြီဆိုရင် ..ဒီလို.. စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ပေါ်ပေါက် နေတတ်ပါတယ်။ကိုယ့်ရဲ့ပျော်ရွှင်မှု..ဝမ်းနည်းမှု.. စိတ်ခံစားမှုမှန်သမျှဟာသူ အနားရှိနေခြင်းပေါ်မှာ Presence နဲ့ သူ့ဆီကအာရုံစိုက်မှုပေါ်မှာ Attention မူတည်နေတယ်ဆိုရင်.. နည်းနည်းပြန်ဆန်းစစ်ဖို့လိုပါတယ်။
ကိုယ်ချစ်ရတဲ့သူ..အနားမှာရှိနေတာဟာ ပျော်ရွှင်စရာပဲဖြစ်ပါတယ်။ ဒါပေမဲ့ Healthy Relationship တွေမှာတော့.. တစ်ယောက်နဲ့တစ်ယောက် အတူရှိနေချိန်မှာ..ပျော်ရွှင်နိုင်သလို အကြောင်းအမျိုးမျိုးကြောင့်ခဏခွဲခွာနေရတဲ့အချိန်မှာလည်း ကိုယ့်ရဲ့ ပျော်ရွှင်မှုကို..ကိုယ်တိုင်ဖန်တီးတည်ဆောက်နိုင်ကြပါတယ်။
သူငယ်ချင်းတွေနဲ့စားနိုင်သွားနိုင်တယ်...ရယ်နိုင်..မောနိုင်တယ် ။အဲဒီအတွက်အဝေးရောက်နေတဲ့ချစ်သူသို့မဟုတ်..အိမ်ထောင်ဘက်က ငါမရှိဘဲ..နင်ဒီလောက်ပျော်နေရလားလို့ ကြိုးကိုင် ထိန်းချုပ် ချယ်လှယ် ထားခြင်း မရှိပါဘူး ။ မောင်နှမတွေ..မိသားစုတွေ..သူငယ်ချင်းတွေ.. လုပ်ဖော်ကိုင်ဖက်တွေနဲ့မသွားရဘူးလို့ ..တားမြစ်ပိတ်ပင်ခြင်းမရှိပါဘူး။
သူပျော်ရွှင်နေတာကိုအဝေးကနေသိရှိနေရင်းကိုယ်တိုင်လည်းကျေနပ်ပျော်ရွှင်နှစ်သိမ့်နိုင်တဲ့သူတွေဖြစ်ပါတယ်။ တချို့ သူအနားမှာမရှိတော့ဘူးဆိုတာနဲ့ ..ချစ်သူကိုလည်းမပျော်ရွှင်စေချင်တော့ပါဘူး။ကိုယ်မရှိချိန် မိသားစုဆွေမျိုးတွေ..မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပျော်နေတယ်ဆိုရင်လည်း မရှုစိမ့်တတ်ကြပါဘူး။ ဒါဟာတကိုယ်ကောင်းဆန်တာပဲဖြစ်ပါတယ် ။
နှစ်ယောက်အတူမရှိတဲ့အချိန်မှာ လွမ်းဆွတ်တမ်းတနိုင်ကြတယ်ဆိုတာသဘာဝကျပေမယ့် ကိုယ်လည်းမပျော်..သူလည်းမပျော်ရဘူးဆိုတာကတော့ အဓိပ္ပါယ်မရှိပါဘူး။ နောက်တစ်မျိုးကတော့..သူဘာလုပ်လုပ် Every Single Move ကို လုံးဝအလွတ်မပေးနိုင်ဘဲ..တစ်ချိန်လုံးစောင့်ကြည့်နေတာမျိုးပါ။ ဘာဝတ်သွားလဲ...ဘယ်သူတွေနဲ့ရှိလဲ..ဘာတွေပြောနေလဲ..ဘယ်သူတွေနဲ့ Facebook မှာ သူငယ်ချင်း လုပ်ထားလဲ ..ဘယ်လို Reaction တွေ Comment တွေ ပေးနေသလဲ...စသည်ဖြင့်အကုန်လိုက်သိချင်နေတာမျိုးလည်းပါပါတယ်။
ကိုယ့်လက်တွဲဖော်ရဲ့ အပေါင်းသင်းကဏ္ဍကိုစိတ်ဝင်စားတယ်ဆိုတာသဘာဝကျပါတယ် ။ဒါပေမယ့်ဘယ်သူနဲ့မဆို စွပ်စွဲသမုတ်ပြီး အထင်လွဲ..ပြဿနာရှာနေတယ်ဆိုရင်တော့ အဲဒီ Relationship ဟာ ပျော်စရာကောင်းမှာမဟုတ်ပါဘူး။
အခု Social Media ခေတ်မှာ.. တချို့အမျိုးသမီးတွေဟာ..ကိုယ့်အမျိုးသားနဲ့.. သူငယ်ချင်းဖြစ်နေတဲ့ အမျိုးသမီးတွေကို ..လိုက် Add ပြီး.. သူ့အမျိုးသားကို Unfriend လုပ်ပေးဖို့ပြောတာမျိုးတွေ၊
တချို့အမျိုးသားတွေဟာသူတို့အမျိုးသမီးတွေရဲ့ မိတ်ဆွေသူငယ်ချင်းတွေကို..နေရင်းထိုင်ရင်းဝင်ဆဲဆိုနေတာ.. အပြင်သွားရင်မခေါ်ဖို့ပြောတာတွေဟာ... ကိုယ့်လူအတွက်ပဲသိက္ခာကျစရာ.. အရှက်ရစရာဖြစ်နေတာပါ။ သူဟာကိုယ့်ရဲ့ သက်ဆိုင်သူဖြစ်တယ်ဆိုပေမယ့်လည်း..လူတစ်ယောက်ဖြစ်နေတဲ့အတွက်..သူ့မှာ ကိုယ်ရေးကိုယ်တာ Personal Circle တော့ ရှိနေသေးတာကို.. မမေ့သင့်ပါဘူး။
ဒီအချက်ကိုကျွန်မတို့ဟာဘယ်လောက်ရင်းနေတဲ့လင်မယားဘဝကိုရောက်နေစေကာမူ လေးစားပေးရမှာပဲဖြစ်ပါတယ်။ အိမ်ထောင်တစ်ခုမှာ.. Relationship တစ်ခုမှာ အပြန်အလှန် လေးစားသမှု Mutual Respect ရှိဖို့ဟာ..အင်မတန်မှ..အရေးကြီးပါတယ် ..အတ္တမကြီးရပါဘူး။ Unhealthy Attachment တွေကို ကိုယ့်ဘက်ကအစပျိုးလာပြီဆိုရင်ကိုယ်ဟာ Toxic Partner တစ်ယောက် ဖြစ်လာတတ်ကြောင်းသတိထားသင့်ပါတယ်။ ပြဿနာတချိန်လုံးရှာ နေတဲ့သူတစ်ယောက်နဲ့ဘယ်သူကအတူနေချင်ပါ့မလဲ။
ကိုယ်ရဲ့ချစ်သူ..လက်တွဲဖော်ရဲ့ အခွင့်အရေး Privacy လွတ်လပ်မှုကို..လူတစ်ယောက်အနေနဲ့လေးစားသမှုရှိတယ်ဆိုရင် .သူ့ကိုပျော်ရွှင်ပါစေ။ သူ့ကို..သူ့အပေါင်းအသင်းမိသားစုရှေ့မှာအရှက်မခွဲပါနဲ့ ..ကိုယ့်ကြောင့်..သူသိက္ခာမကျပါစေနဲ့သူငယ်ချင်း..မိသားစု..မောင်နှမတွေနဲ့သွားလာ..ရယ်မောနိုင်ပါစေ။
ကိုယ်သူ့ကိုတကယ်ချစ်တယ်.. ဒီဆက်ဆံရေးကိုလည်း ရေရှည်ခိုင်မြဲစေချင်တယ်ဆိုရင်..ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကိုလျှော့ရပါမယ်။
Healthy နဲ့ Unhealthy Emotional Attachment နှစ်ခုကြားမှာ မမြင်ရတဲ့ စည်းတစ်ချောင်း ခြားလျက်ရှိပါတယ်။
ကောင်းမွန်တဲ့စိတ်ပိုင်းဆိုင်ရာတွယ်တာမှု.. သံယောဇဥ်တွေဟာ Sex ကို အခြေခံ တည်ဆောက်ထား တဲ့ Relationship တွေနဲ့စာရင် ခိုင်မာ မြဲမြံသောရေရှည်လက်တွဲမှုတွေကိုဖြစ်ပေါ်စေပါတယ်။
Unhealthy Emotional Attachment တွေကတော့ အပျက်ဘက်ကိုပဲ.. ဦးတည်နေတတ်ပါတယ်။
မွန်ဟော်စီ
၂၀၂၀