top of page
Search

Identity ဆိုတာဘာလဲ။Identity ဆိုတာ အမှတ်အသားတစ်ခုပါ။

  • Dec 21, 2024
  • 2 min read



Personal Identity ဆိုတာ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားတဲ့အမှတ်အသားတစ်ခု၊ အသိအမှတ် ပြုမှုတစ်ခုဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ဘာလဲဆိုတာကို နားလည်ခြင်းပဲဖြစ်တယ်။ Your self-concept or the way you see yourself.


အဲဒီနားလည်မှုကို ဖွဲ့စည်းပေးထားတဲ့အရာတွေက ကိုယ့်ရဲ့ယုံကြည်ချက်တွေ Beliefs၊ တန်ဖိုးထားမှုတွေ Values၊ အတွေ့အကြုံတွေ Experiences၊ ဆက်ဆံရေး Relationships တွေနဲ့ အလုပ်တာဝန် Responsibilities တွေပဲဖြစ်ပါတယ်။


ဉပမာအားဖြင့် "ငါကမိသားစုကိုအချိန်ပေးတဲ့ Family Man တစ်ယောက်ဖြစ်တယ်။ ငါက ရာထူးအမြင့်စားရထားတဲ့ Career Woman တစ်ယောက်ဖြစ်တယ်။ ငါကတော့ ဒေါသကြီးတဲ့သူဖြစ်တယ်။ငါ့ဒေါသကိုလာမဆွနဲ့။ ငါကဝမ်းနည်းအားငယ်တတ်တယ်။ ငါ့ဘဝမှာဘာမှအဆင်မပြေဘူး" အစရှိသဖြင့် မိမိကိုယ်တိုင် သတ်မှတ်ပုံဖော်ထားတဲ့ စိတ်ကူးအတွေးတွေဖြစ်ပါတယ်။


ဒါပေမယ့် ဒီလိုမိမိကိုယ်ကို သုံးသပ်အမှတ်အသားပြုလုပ်ခြင်းဟာ တစ်နေရာတည်းမရပ်နေနိုင်ပါဘူး။ ဘဝမှာ ဖြစ်လာတဲ့ပြောင်းလဲမှုတွေအားလုံးအတိုင်း ကိုယ့်ရဲ့ Identity တွေကလည်း အမြဲတိုးတက်ပြီး ပြောင်းလဲနေတတ်ပါတယ်။


Identity မှာ မိမိကိုယ်တိုင်သတ်မှတ်ထားတဲ့ Identity ရှိသလို ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းကသတ်မှတ်ထားတဲ့ Cultural Identity/Social Identity တွေလည်းရှိပါတယ်။

Evolving Identity ကတော့ ဖြတ်သန်းလာခဲ့ဘဝအတွေ့အကြုံတွေ စိန်ခေါ်မှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ပုံဖော်သတ်မှတ်ပေးလိုက်တဲ့ Identity ဖြစ်ပါတယ်။


Identity တွေဟာ အမြဲတမ်းပုံသေမရှိဘဲ အချိန်နဲ့အမျှ ပြောင်းလဲသွားတတ်ပါတယ်။ Identity တွေကို ပုံသေဆုပ်ကိုင်ထားဖို့မလိုဘဲ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတိုးတက်ပြောင်းလဲမှု Growth and Transformation အတွက် အမြဲတမ်းအမြင်ကျယ်စွာဖွင့်လှစ်ပေးထားရမှာဖြစ်ပါတယ်။


Identity ရှိခြင်းဟာ ကောင်းတာရောဆိုးတာရော နှစ်မျိုးတွဲပြီးဖြစ်ပေါ်နိုင်ပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ Identity ဟာ ကိုယ့်ရဲ့ဘဝကို ဘယ်လိုပုံစံနဲ့ လွှမ်းမိုးနေတာလဲဆိုတဲ့အပေါ်မူတည်ပြီး ကောင်းတာဆိုတာကွဲပြားသွားတတ်ပါတယ်။


Identity ရှိတဲ့အတွက်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ကောင်းကျိုးတွေရှိပါတယ်။


🍀 Self-Awareness

သေသေချာချာလေးသတ်မှတ်ထားတဲ့ Well-defined Identity ကြောင့် ကိုယ့်ကိုယ်ကိုယ်အမြဲသတိထားနေမိပါတယ်။ Self-Awareness ရှိနေပါတယ်။ ငါဟာ ကုသိုလ်တရားတွေနဲ့ မွေ့လျော်တဲ့သူဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားရင် အကုသိုလ်တွေလုပ်ဖို့ လက်တွန့်နေမိတာ၊ စိတ်ထဲမှာ Negative Vibe တွေပေါ်လာတာနဲ့ သတိပြုမိလိုက်တာမျိုးဖြစ်ပါတယ်။


🍀 Sense of Purpose

Identity ရှိတဲ့အတွက် ရည်ရွယ်ချက်အမြဲရှိနေတယ်။ ကိုယ်တန်ဖိုးထားတဲ့အရာတွေ ကိုယ့်ရဲ့အားသာချက်တွေ ကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေကိုသိတယ်။ ဒီအရာတွေက ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေပြုလုပ်တဲ့နေရာမှာ၊ ဘဝအတွက်ရွေးချယ်မှုတွေပြုလုပ်တဲ့နေရာမှာ Decision-making and Life Choices ကူညီလမ်းညွှန်ပေးသွားပါတယ်။


🍀 Confidence and Resilience

ကိုယ့်ရဲ့ Identity ကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်။ အပြင်ကသူများပြောတာနဲ့ နားယောင်မသွားဘူး။ယိမ်းယိုင်မသွားဘူး။ ကိုယ့်လမ်းကိုလျှောက်နိုင်တဲ့ Inner Strength ရှိပါတယ်။


🍀 Belonging to the Community

Identity ရှိတဲ့အတွက် လူမှုပတ်ဝန်းကျင်မှာနေရာတစ်ခုရတယ်။ ဝင်ဆံ့တယ်။ လူတွေနဲ့ချိတ်ဆက်နိုင်တယ်။ ဥပမာ..ငါဟာ အင်မတန်ကြင်နာတတ်တဲ့ ဆရာဝန်တစ်ယောက်ဆိုတဲ့ ကိုယ်ပိုင်သတ်မှတ်ချက် Personal Identity နဲ့ ကိုယ့်ရဲ့အလုပ်ပတ်ဝန်းကျင်၊ ကိုယ့်ကိုမှီခိုအားပြုနေတဲ့ မကျန်းမာသူတွေရဲ့အသိအမှတ်ပြုမှု လေးစားမှု၊ အားကိုးမှုကိုခံရတာဖြစ်ပါတယ်။


ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားတဲ့ Identity က သိပ်ကိုခိုင်မာနေတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးတွေလည်းရှိပါတယ်။


♦️ Rigidity

ငါဟာစိတ်ဓာတ်ခိုင်မာတဲ့သူဖြစ်တယ်။ ငါ့မှာငိုစရာမျက်ရည်မရှိဘူး။ ငါဟာ ငိုယိုပြီးပြိုလဲတတ်တဲ့သူမဟုတ်ဘူး။ ဒီလိုမျိုးကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့သူဟာ တကယ်ငိုရမယ့်နေရာမှာ မျက်ရည်မထွက်တော့ပါဘူး။ ခံစားချက်တွေကို ကြိတ်မှိတ်မျိုသိပ်ထားတယ်။ တောင့်တင်းနေတယ်။ Rigid ဖြစ်နေတယ်။

အများရှေ့မှာ မျက်ရည်ကျရမှာကိုကြောက်တယ်။ သူ့ကိုပျော့ညံ့တယ်လို့ သူများကထင်မှာကိုကြောက်တယ်။ သူကိုယ်တိုင်လည်း အဲဒီလို မထင်ချင်ဘူး။ဒါကြောင့် အခြေအနေတစ်ခုရဲ့ပြောင်းလဲမှုနဲ့ အသားကျဖို့ခက်ခဲသလို စိတ်ခံစားချက်တွေပိတ်ဆို့နေတဲ့အတွက် Growth ဖြစ်ဖို့လည်းခဲယဉ်းပါတယ်


♦️ Ego and Comparison

အတ္တနဲ့ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။တချို့သော Identity တွေဟာ အတ္တကို ပိုပြီးအားကောင်းလာစေတဲ့လောင်စာတွေဖြစ်တတ်တယ်။ အဲဒီအတ္တက ယှဉ်ပြိုင်ခြင်းဆိုတဲ့ Comparison ဆီကို ဦးတည်သွားတယ်။ ကျရှုံးမှုကိုအရမ်းကြောက်တတ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ငါအကုန်လုပ်နိုင်တယ်။ ငါအရမ်းတော်တဲ့သူဖြစ်တယ်။ ငါနဲ့ယှဉ်နိုင်တဲ့သူမရှိဘူးဆိုတာမျိုး သူ့ကိုယ်သူ သတ်မှတ်ထားတဲ့အတွက်ဖြစ်ပါတယ်။


♦️ Limitations

ကန့်သတ်ချက်တွေ ရှိလာတယ်။ ငါကအမြင့်ကြောက်တယ်။ တောင်မတက်နိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ်အဲဒီလိုသတ်မှတ်ထားတဲ့အခါမှာ တောင်တက်ခရီးထွက်ဖို့ တောတွင်းလမ်းလျှောက်ဖို့ အစရှိသဖြင့် အသစ်အဆန်းတွေကို အတွေ့အကြုံယူဖို့ မလုပ်တော့ဘူး။ အဲဒီလိုအရာတွေနဲ့ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ်ကန့်သတ်ထားပြီးသားဖြစ်သွားတယ်။


♦️ Dependence on External Validation

ပြင်ပသဘောတူညီချက်တွေအပေါ် အင်မတန်မှီခိုတယ်။ သူများ ကိုယ့်ကိုဘယ်လိုထင်သလဲဘယ်လိုမြင်သလဲဆိုတာကအရေးကြီးတယ်။ ငါကပိုက်ဆံအိတ်အကောင်းစားကိုကိုင်နိုင်တဲ့သူဌေးပုံစံပေါက်ရဲ့လား။ ငါကအရမ်းနာမည်ကြီးတဲ့ ဆယ်လီတစ်ယောက်ဟုတ်ရဲ့လား။ ဒီအဝတ်အစားဝတ်တဲ့အတွက် လူတွေက ငါ့အပေါ်အထင်ကြီးကြပါ့မလား။ ဒီလိုအတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားတဲ့အခါမှာ သူများရဲ့အပြစ်တင်မှုတွေဝေဖန်မှုတွေ သုံးသပ်မှုတွေအပေါ် ကိုယ်တိုင်ခံနိုင်ရည်မရှိတော့ဘူး။


Identity ဆိုတာ ရှိဖို့လိုအပ်တဲ့အရာဖြစ်ပေမယ့် အမြဲတမ်းပုံသေ Fixed လုပ်ထားတဲ့ Identity မျိုးကတော့ စိတ်ကိုပင်ပန်းစေပါတယ်။ ကိုယ့်ရဲ့ Identity ဟာ ရေအလျင်တစ်ခုလိုစီးဆင်းနေတယ်။ ပျော်ဝင်လွယ်တယ်။ ပျော့ပျောင်းတယ်။ ပုံစံပြောင်းနိုင်တယ်ဆိုရင် အချိန်၊ နေရာအတွေ့အကြုံတွေ၊ ထိုးထွင်းသိနေမှုတွေအပေါ် မူတည်ပြီး ပြောင်းလဲလာမှာဖြစ်ပါတယ်။ လွှတ်ချသင့်တဲ့အရာတွေကို လွှတ်ချရမှာဖြစ်ပြီး ထွေးပွေ့သင့်တဲ့အရာတွေကိုလည်း ထွေးပွေ့လိုက်ရမှာဖြစ်ပါတယ်။


လူတစ်ယောက်မှာIdentity ဆိုတာထက် A Sense of Self ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်ဖို့အရေးကြီးပါတယ်။



မွန်ဟော်စီ

၂၀၂၄

 
 
 

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page