top of page
Search

ရင်ထဲမှာ တစ်ခုခုလိုနေပြီး ဟာတာတာဖြစ်နေတယ်ဆိုတဲ့ခံစားချက်ကို လူတိုင်းခံစားဖူးကြပါလိမ့်မယ်။ ဒါကို Feeling of Emptiness လို့ အင်္ဂလိပ်လိုတော့ပြောကြပါတယ်

  • Mar 6, 2024
  • 2 min read

beautiful scene with flowers and tree

ရင်ထဲမှာ တစ်ခုခုလိုနေပြီး ဟာတာတာဖြစ်နေတယ်ဆိုတဲ့ခံစားချက်ကို လူတိုင်းခံစားဖူးကြပါလိမ့်မယ်။ ဒါကို Feeling of Emptiness လို့ အင်္ဂလိပ်လိုတော့ပြောကြပါတယ်။


ပျော်တယ်လည်းမဟုတ်ဘူး။ ဝမ်းသာတယ်လည်းမဟုတ်ဘူး။ အလုပ်လုပ်ချင်စိတ်ရှိသလားဆိုတော့လည်း ရှိမနေပြန်ဘူး။ ပျင်းနေတာလည်းမဟုတ်ဘူး။ အရာရာကို ကျေနပ်တယ်လည်းမဟုတ်ဘူး။ မကျေနပ်ဘူးလည်းမဟုတ်ဘူး။ ဒါပေမဲ့ စိတ်ထဲမှာ နေလို့ကောင်းသလားဆိုတော့လည်း မကောင်းပြန်ဘူး။ စိတ်ထဲမှာ ဟာလာဟင်းလင်းဖြစ်နေတယ်။ ဘာမှမရှိသလို ဗလာကျင်းနေတယ်။


Feeling of Emptiness ဆိုတာဟာ လူတော်တော်များများ တွေ့ကြုံခံစားရတတ်တဲ့ ရှုပ်ထွေးတဲ့ စိတ်ခံစားမှုအခြေအနေတစ်ခု ဖြစ်ပါတယ်။


စိတ်ခံစားမှုတွေဟာ ထုံထိုင်းနေတယ်။ ပတ်ဝန်းကျင်နဲ့ အဆက်ပြတ်နေသလိုခံစားရတယ်။ ဘဝပြည့်စုံမှုအတွက် ရည်ရွယ်ချက်တွေပျောက်ဆုံးနေတယ်။ အထီးကျန်တယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ် စိတ်ပျက်အားငယ်မှုတွေရှိတယ်။


စိတ်ထဲမှာတစ်မျိုးကြီးပဲ။ ဘယ်လိုဖြစ်နေတယ်မသိဘူး။ နေလို့မကောင်းဘူး။ ဒီလိုမျိုးလည်းပြောတတ်ကြတယ်။


ဒီနေ့လိုခေတ်ကြီးမှာ အရာရာဟာ လျင်လျင်မြန်မြန်ပဲ ချိတ်ဆက်နေကြတာဖြစ်ပါတယ်။ ခေတ်သစ်လူနေမှုဘဝ Modern Life ရဲ့ ဖိအားတွေ Pressure တွေဟာ ကိုယ့်ကို အမြဲစိန်ခေါ်နေတတ်ပါတယ်။


Feeling of Emptiness ကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းများစွာ ရှိနိုင်ပါတယ်။


Unresolved Trauma or Grief

မဖြေရှင်းနိုင်သော စိတ်ဒဏ်ရာ သို့မဟုတ် ဝမ်းနည်းပူဆွေးမှု…


အတိတ်ကစိတ်ဒဏ်ရာဆိုတာ လူတိုင်းဆီမှာရှိတတ်ကြပါတယ်။ ငယ်ဘဝက မိသားစုဆီကရခဲ့တဲ့ အတွေ့အကြုံတွေပါနိုင်တယ်။ ကိုယ်နဲ့အနီးစပ်ဆုံးသူ၊ ကိုယ့်ရဲ့ပါတနာနဲ့ Relationship တွေဆီက ရလာတဲ့ မကြေလည်မှုတွေ ဒဏ်ရာတွေပါနိုင်တယ်။ အဲဒီလူတွေနဲ့ ဝေးကွာခဲ့ရပြီဖြစ်ပေမယ့်၊ အဲဒီ Relationship တွေကို စွန့်ခွာခဲ့ရပြီဖြစ်ပေမယ့် တချို့ဒဏ်ရာတွေဟာ မဖြေရှင်းရသေးတဲ့ စိတ်ဒဏ်ရာတွေဖြစ်နေတတ်​ကြတယ်။


ဝမ်းနည်းပူဆွေးမှုတွေဟာလည်း စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကို ချန်ထားခဲ့နိုင်တယ်။ ချစ်ရသူတစ်ဦးကို ဆုံးရှုံးလိုက်ရပေမဲ့ သူဟာ ကိုယ့်စိတ်ထဲမှာ ပုံစံတမျိုးမျိုးလည်း ရှိနေသေးတယ်။ ဒါတွေက စိတ်ပိုင်းဆိုင်ရာ နာကျင်မှုနဲ့ ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်နေတယ်ဆိုတဲ့ အချည်းနှီးခံစားမှုအဖြစ် ဆက်လက်တည်ရှိနေနိုင်တာမျိုးဖြစ်ပါတယ်။


Lack of Meaning or Purpose

ဘဝအဓိပ္ပါယ်ရည်ရွယ်ချက်များပျောက်ဆုံးနေခြင်း…


ဘဝမှာ အဓိပ္ပာယ်မရှိဘူး၊ ရည်ရွယ်ချက်မရှိဘူးဆိုတာဟာ မပြည့်စုံဘူးဆိုတဲ့ခံစားချက်ကို ခံစားရစေတယ်။ ဘယ်သွားရမလဲဆိုတဲ့ ရည်ရွယ်ချက်မရှိတဲ့အခါမှာ မိမိကိုယ်ကိုယ် ပျောက်ဆုံးသွားဖို့ ပိုပြီးလွယ်ကူတယ်။ ဘဝနဲ့ဆိုင်တဲ့တန်ဖိုးတွေ စံနှုန်းတွေ ထားရှိသင့်တဲ့ဂုဏ်သိက္ခာတွေနဲ့လည်း အဆက်ပြတ်လာတာမျိုးဖြစ်တတ်တယ်။ မျောချင်ရာမျောသွားနိုင်တယ်။


Relationship Issues

ဆက်ဆံရေးပြဿနာများ…


ဟန်ချက်ညီမျှမှုမရှိ Dysfunctional ဖြစ်နေတဲ့ ကျေနပ်ပြည့်စုံမှုမရှိတဲ့ ဆက်ဆံရေးတွေကြောင့်လည်း လစ်ဟာနေတဲ့ခံစားချက်များ ဖြစ်ပေါ်လာတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ ရင်းနှီးနွေးထွေးမှု၊ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ Emotional Intimacy အမြဲတမ်းပြဿနာတွေတက်ပြီး ပဋိပက္ခဖြစ်ခြင်း၊ Constant Conflict သို့မဟုတ် စွန့်ပစ်ခံရခြင်း၊ Feelings of Abandonment စတဲ့ ဆက်ဆံရေးပြဿနာတွေဟာ စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုဖြစ်စေတယ်။


Mental Health Disorders

စိတ်ကျန်းမာရေးချို့ယွင်းမှုများ…


စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်များတာ၊ ပုံမှန်ထက်ပိုတဲ့ စိတ်ကျန်းမာရေးအခြေအနေတစ်ခု အချိန်အကြာကြီးဖြစ်ပေါ်နေတာ စတဲ့ခံစားချက်တွေဟာ Feeling of Emptiness ကို ဖြစ်စေပါတယ်။ မကြာခဏဆိုသလို စိတ်ခံစားချက်တွေကို မထိန်းနိုင်တာ၊ ချိန်ညှိလို့မရတာ၊ စိတ်မထိန်းနိုင်တာနဲ့ အရာရာကို လွှတ်ချပစ်လိုက်တာ၊ တခြားသူတွေနဲ့ အဆက်အသွယ်ဖြတ်တောက်ပစ်လိုက်တာမျိုးတွေဟာ လစ်ဟာတဲ့ခံစားမှုမျိုးကို ဖြစ်ပေါ်စေပါတယ်။ Feeling of Emptiness လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ လစ်ဟာမှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာ လုပ်နိုင်တဲ့ အချက်တွေရှိပါတယ်။


Seeking Support

ပံ့ပိုးကူညီမှုရှာခြင်း…


ပံ့ပိုးကူညီမှုတွေကို ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေဆီကယူပါ။ လမ်းညွှန်မှုတွေကို စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများဆီက ရယူပါ။ ခံစားချက်တွေအကြောင်း ပြောဆိုလိုက်တဲ့အခါ ကိုယ့်ရဲ့ရုန်းကန်နေရမှုတွေမှာ အထီးကျန်မှု မခံစားရစေတဲ့ ခံစားချက်ကိုရရှိပါလိမ့်မယ်။


Self-Reflection and Journaling

နေ့စဉ်ဂျာနယ်ရေးခြင်း သို့မဟုတ် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း…


ဒီလေ့ကျင့်ခန်းတွေကတဆင့် အတွေးတွေ၊ ခံစားချက်တွေနဲ့ အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်အတွင်းမှာ ဗလာကျင်းနေတဲ့ခံစားချက်ရဲ့ မူလဇစ်မြစ် Root Cause ကို ရှာဖွေတာဟာ သင့်စိတ်ခံစားမှုတွေကို ထိုးထွင်းသိမြင်နိုင်စေပြီး ထိထိရောက်ရောက် ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အချက်အလက်တွေကို ပံ့ပိုးပေးပါလိမ့်မယ်။


Engaging in Meaningful Activities

အဓိပ္ပာယ်ရှိသော လှုပ်ရှားမှုများတွင် ပါဝင်ခြင်း…


ကိုယ့်ကို ပျော်ရွှင်မှု၊ ပြည့်စုံမှု ဘဝအဓိပ္ပာယ်နဲ့ ရည်ရွယ်ချက်ကို ဆောင်ကြဉ်းပေးနိုင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ပါ။ ဝါသနာပါတာလေးတွေလုပ်ပါ။ စေတနာ့ဝန်ထမ်းလုပ်တာပဲဖြစ်ဖြစ်၊ သဘာဝတရားထဲမှာ အချိန်ဖြုန်းတာပဲဖြစ်ဖြစ်၊ ကိုယ့်စိတ်ဝင်စားမှုတွေနဲ့ ထပ်တူထပ်မျှဖြစ်စေမယ့် လုပ်ဆောင်မှု Activity တွေကို ရှာဖွေခြင်းက ရင်ထဲမှာလစ်ဟာနေတယ်ဆိုတဲ့ အချည်းနှီးခံစားချက်တွေကို သက်သာစေနိုင်ပါတယ်။


Mindfulness and Self-Compassion

သတိပဋ္ဌာန်ကျင့်စဉ်နဲ့ မိမိကိုယ်ကို သနားကြင်နာခြင်း..


စိတ်ခံစားချက်တွေကို သတိနဲ့လက်ခံနိုင်စေဖို့ တရားထိုင်ပါ။ သတိပဋ္ဌာန်နည်းစနစ်များကို လေ့ကျင့်ပါ။ ကိုယ်ဟာ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်ကြောင်း အသိအမှတ်ပြုပါ။ ကိုယ့်ကိုယ်ကို ကြင်နာသနားတတ်ပါ။ တစ်ဘဝလုံး ကိုယ်လုပ်ဆောင်ခဲ့တဲ့ အရာတွေအပေါ်မှာ ဂုဏ်ယူဝမ်းမြောက်မှုရှိပါ။ ကိုယ်နဲ့ပတ်သက်ပြီးကောင်းတဲ့အကြောင်းတွေ များများတွေးပေးပါ။ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်ပါ။ ဂုဏ်ယူပါ။


Professional Help

တတ်ကျွမ်းနားလည်သူများထံမှ အကူအညီရယူခြင်း…


လစ်ဟာနေတဲ့ခံစားချက်များ Feeling of Emptiness တွေ ဆက်လက်ဖြစ်ပေါ်နေမယ်။ ပြီးတော့ ကိုယ့်ရဲ့နေ့စဉ်ဘ၀ကို အဲဒီစိတ်ခံစားချက်ကြီးဟာ သိသိသာသာ ထိခိုက်နေမယ်ဆိုရင် စိတ်ကျန်းမာရေးပညာရှင်တွေဆီက အကူအညီရယူဖို့ စဉ်းစားပါ။


ကုထုံး၊ ဆေးဝါး ဒါမှမဟုတ် တခြားကုသမှုပုံစံတွေဟာ လစ်ဟာပျောက်ဆုံးနေတဲ့ စိတ်ခံစားချက်များရဲ့ နောက်ခံပြဿနာတွေကို လမ်းကြောင်းပြပေးနိုင်တာဖြစ်ပါတယ်။


စိတ်ထဲမှာ ဟာလာဟင်းလင်းဖြစ်နေတယ်ဆိုတာ သာမန်အားဖြင့် နားလည်နိုင်တဲ့အတွေ့အကြုံတစ်ခုဖြစ်ပေမယ့်လည်း ဒီခံစားချက်တွေကို ကရုဏာရဲ့ပံ့ပိုးကူညီမှုနဲ့ အသိအမှတ်ပြုပြီး ကိုင်တွယ်ဖြေရှင်း တတ်ဖို့အရေးကြီးပါတယ်။


Feeling of Emptiness ရဲ့ အရင်းခံအကြောင်းတရားများကို စူးစမ်းလေ့လာခြင်း၊ အခြားသူများဆီက ပံ့ပိုးကူညီမှုကို ရှာဖွေခြင်းနဲ့ မိမိကိုယ်ကို ပြုစုစောင့်ရှောက်ခြင်း Self-Care အလေ့အကျင့်တွေဆောင်ရွက်ခြင်းဟာ ဘဝရဲ့ရည်ရွယ်ချက်နဲ့ ပြည့်စုံမှုကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်ပါတယ်။






 
 
 

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page