top of page
Search

Clam your Mind in Crisis


ရှုပ်ထွေး..ခက်ခဲနေတဲ့အခြေအနေ..Crisis တစ်ခုကိုကြုံဆုံရပြီဆိုတဲ့အခါ ..နာကျင်နေတဲ့ ဆောက်တည်ရာ မရတဲ့ ကိုယ့်ရဲ့အတွေးတွေ..ခံစားချက်တွေကိုအရှိန်လျှော့လိုက်ပါ..အသက်ကို ပြင်းပြင်းရှူသွင်းရှုထုတ် လုပ်ပါ ..Slow Down and Breathe.


ဘယ်အရာကိုမှအလွန်အကျူးခံစားပြီး..တုန့်ပြန်လိုက်ဖို့ Overreact လုပ်ဖို့..မစဉ်းစားပါနဲ့


  • အခြေအနေတစ်ခုကို ကျော်လွန်သွားဖို့စိတ်ကိုရှည်ရှည်ထားလိုက်ပါ ..တရားထိုင်တာ ..ဝင်သက်ထွက်သက် မှတ်တာတွေဟာ စိတ်အာရုံတွေကိုပြန်ပြီး စုစည်း Refocus လုပ်နိုင်ဖို့အတွက်..အထောက်အကူပေးပါတယ်..


  • အခုကိုယ်နေထိုင်နေတဲ့ပတ်ဝန်းကျင်မှာ လက်ရှိဖြစ်ပျက်နေတဲ့အရာတွေကိုပဲ..အာရုံစူးစိုက်လိုက်ပါ..Be present in your surroundings and focus.


  • Don't lose it. ဘယ်အရာကိုမှလွတ်ထွက်မသွားပါစေနဲ့ ..အထူးသဖြင့် အမှားတွေ ဖြစ်တတ်တဲ့ ဒေါသကို သတိထားရပါမယ်..


  • ကြုံနေရတဲ့..ခက်ခဲတဲ့အခြေအနေတွေကို နားလည်ပါ.. ဒါပေမဲ့ စိတ်ခံစားချက်တွေရဲ့ နောက်ကို လိုက်ပါမသွားဖို့က..အရေးကြီးပါတယ် ..နောက်ကို..နည်းနည်းဆုတ်..Step back လုပ်လိုက်ပြီး အနာဂတ်မှာရှိနိုင်တဲ့ ကိုယ့်ရဲ့ဘဝအခြေအနေကို အကောင်းဘက်ကနေ မှန်းဆတွေးတော ကြည့်ပါ ..


အခြေအနေတစ်ခုကို..အလွန်အကျူးတုန့်ပြန်ခံစားနေမယ်ဆိုရင် အဲဒီခံစားချက် Emotions တွေထဲမှာ နစ်မွန်းသွားပြီး ရှေ့ဆက်ဘာမှလုပ်လို့ မရနိုင်အောင်ပိတ်မိသွားတတ်ပါတယ်..ဒါကြောင့် စိတ်ဖိစီးမှုတွေများတဲ့.. အခြေအနေ..Stressful Situation မှာကိုယ့်ကိုယ်ကိုယ်..လဲပြိုမသွားအောင်..Handle လုပ်နိုင်ဖို့အရေးကြီးပါတယ်


ဒီလို ခက်ခဲတဲ့အခြေအနေတစ်ခုနဲ့ကြုံရပြီဆိုရင်လူတွေဟာ.. ကြောက်လန့်တကြား ဖြစ်သွားတတ်ကြပါတယ် ခံစားချက်တွေထဲမှာနစ်ဝင်သွားတတ်ပါတယ်.. Freaked out , Anxious and Fearful ဖြစ်တတ်ကြပါတယ်



ရှိသင့်တဲ့ စိုးရိမ်ပူပန်မှုအဆင့် Reasonable Concerned..ကိုကျော်လွန်သွားတဲ့အခါမှာ လဲပြိုသွားတဲ့ အဆင့်ထိကိုရောက်သွားနိုင်ပါတယ်..


ပြန်လည်တည်ဆောက်ရမယ့်အချိန်မှာ..လဲပြိုသွားခြင်းအတွက်..ကိုယ့်ကိုယ်ကိုခွင့်မပြုပါနဲ့ ..

  • Remove yourself from the Situation စိတ်ဆင်းရဲစရာတွေ ပုံနေတဲ့အခြေအနေထဲကနေ.. ကိုယ့်ကိုယ်ကိုယ်ဖယ်ထုတ်နိုင်ဖို့ကြိုးစားပါ.. အတွေးတွေကိုရှင်းပစ်လိုက်ပါ..


  • တစ်ယောက်တည်းလမ်းလျှောက်ထွက်ပါ..အပြင်ဘက်မှာ ထိုင်ပါ..ကိုယ့်စိတ်ကို..နှိပ်စက်နေတဲ့ အကြောင်းအရာတစ်ခုတည်းကိုပဲ..ထပ်ခါထပ်ခါတွေးမိနေတယ်ဆိုရင် ဒီအတွေးတွေကို ရပ်တန့်သွားစေနိုင်တဲ့..တခြားသောလုပ်ဆောင်ချက်..Activity တွေကို အမြန်ဆုံးလုပ်ဆောင်ပေးပါ..


  • Try to find an activity that stops your mind from wandering. ပုံဆွဲတာ..အပင်စိုက်တာ..ဟင်းချက်တာ.. စသည်ဖြင့်ကိုယ်နှစ်ခြိုက်တဲ့..ဝါသနာပါရာလေးတွေကို.. လုပ်နိုင်ပါတယ်


  • နောက်ဆုံးပန်းတိုင်..Destination မှာ..ပျော်ရွှင်အေးချမ်းနေတယ်ဆိုတာကို မြင်ယောင်ခံစား ကြည့်လိုက်ပါ.. အဲဒီအတွက်..ယုံကြည်မှုထားပါ ..ခဏတဖြုတ်တော့စိတ်သက်သာရာရသွားပြီး.. အားတွေရှိလာပါလိမ့်မယ်


  • Limiting your exposure to news and information . သတင်းအချက်အလက်တွေကနေ..ဝေးအောင်ခဏနေလိုက်ပါ .. ကိစ္စတစ်ခုကို တစ်ခါလောက်သိလိုက်ရရင် လုံလောက်ပါပြီ.. ခဏခဏမကြည့်ပါနဲ့.. နားမထောင်ပါနဲ့ မဖတ်ပါနဲ့..လိုက်မရှာပါနဲ့...မမျှဝေပါနဲ့.. (ကျွန်မ အဲဒီလိုပဲနေပါတယ်..တချို့ အရာတွေက တစ်ခါလောက်သိလိုက်ရတာနဲ့ကို More than enough.. လုံလောက်တာထက် ပိုနေပါပြီ..ထပ်မသိချင်..သိဖို့မလိုတော့ပါ..)


  • ကိုယ့်ရဲ့ဦးနှောက်နဲ့ကိုယ်ခန္ဓာ..Brain and Body..စိတ်နဲ့နှလုံးသား..Mind and Spirit..ကို အနားပေးပါ..သူများရဲ့..အကုသိုလ်ကို ကိုယ့်ထဲကိုရောက်လာအောင်..ဝင်ခွင့်မပြုပါနဲ့ ..ကိုယ့်ရဲ့..Energy ကို..ကျမသွားအောင်..ကိုယ်တိုင်ကာကွယ်ထားရမှာပါ..


  • Take care of your physical body ကိုယ့်ကိုယ်ကိုယ်လည်းဂရုစိုက်ရမှာဖြစ်ပါတယ်.. လုပ်နေကျလေ့ကျင့်ခန်းတွေလုပ်ပါ.. လေ့ကျင့်ခန်းလုပ်တဲ့အတွက်ကြောင့် Stress hormone levels စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်း တွေကိုလျော့ကျစေပါတယ်.. Body Function ကိုယ်ခန္ဓာ ရဲ့လုပ်ဆောင်မှုတွေတိုးတက်လာတဲ့အခါမှာ ခံနိုင်ရည်စွမ်း Resilience လည်းရှိလာပါတယ် ..

  • အစားအစာကိုညီမျှအောင်စားဖို့... ရေများများသောက်ဖို့နဲ့.. အိပ်ရေးဝနေဖို့ကလည်း အရေးကြီးပါတယ် .. ခက်ခဲနေတဲ့အခြေအနေကို.. ဖြတ်သန်းကျော်လွှားရာမှာ လိုအပ်တဲ့ စိတ်ခံစားမှုဆိုင်ရာ စွမ်းရည်တွေ..Emotional Intelligence မိမိကိုယ်မိမိထိန်းချုပ်နိုင်မှု.. Self-Control တွေတိုးတက်လာဖို့အတွက်ဖြစ်ပါတယ်


  • Ability to think clearly (ကြည်ကြည်လင်လင် တွေးတောနိုင်တဲ့စွမ်းရည်), Ability to solve problems (ပြသနာတွေကိုဖြေရှင်းနိုင်တဲ့စွမ်းရည်), Ability to manage emotions (စိတ်ခံစားမှုတွေကို စီမံနိုင်တဲ့ စွမ်းရည်)တွေ ပြည့်နေဖို့ လိုအပ်ပါတယ်


  • Call a trusted friend or mentor. ကိုယ်ယုံကြည့်ရတဲ့မိတ်ဆွေသူငယ်ချင်းတစ်ယောက်...သို့မဟုတ်.. လေးစားအားကိုးရတဲ့ သူတစ်ယောက်ကိုရင်ဖွင့်နိုင်ပါသေးတယ်


  • Understanding and reminding ourselves that were all going through something together. တစ်ခုသိထားရမှာက..ကိုယ့်လိုပဲ..တခြားသူတွေလည်း..ဒီလို ခက်ခဲတဲ့အခြေအနေတွေကို အတူဖြတ်ကျော်နေရတယ်ဆိုတဲ့အကြောင်းပါပဲ....ဘယ်လို..အကောင်းဆုံးနည်းနဲ့ကျော်ဖြတ်သွားမလဲဆိုတာဟာ ကျွန်မတို့ရွေးချယ်နိုင်တဲ့နည်းပဲဖြစ်ပါတယ် ..


  • Write it down ဘယ်သူ့ကိုမှပြောစရာမရှိဘူးဆိုရင်စိတ်ထဲမှာခံစားနေရသမျှကို စာတွေချရေးပစ်လိုက်ပါ.. ဒါဟာအကောင်းဆုံးသောစိတ်ထွက်ပေါက် ပဲဖြစ်ပါတယ်..Getting your emotions out on paper helps you to better release .


  • It's not permanent. ခက်ခဲတဲ့အရာတွေဟာ..တစ်သက်လုံးဖြစ်နေမှာမဟုတ်ဘူး..ဒီလိုပဲတစ်သက်လုံးဖြစ်နေတော့မှာပဲ..လို့တွေးပြီး..စိတ်ဓာတ်မကျပါနဲ့..ဖြစ်ပြီးရင်ပျက်တဲ့..သဘာဝအရ..အချိန်တန်ရင်..အရာရာဟာ..ပြီးသွားမှာပါ..ပျက်သွားမှာပါ..ရပ်သွားမှာပါ.. ဒါဟာလုံးဝသေချာတယ်ဆိုတာယုံကြည်ပါ..


လူသားတွေအားလုံးဟာ..အခက်အခဲတွေကြားထဲမှာ လှုပ်ရှားရှင်သန်နေကြရတာပါ.. ရေထဲမှာ..

ပေါ်နေချင်တယ်ဆိုရင် ကူးခတ်နေဖို့အရေးကြီးပါတယ် ..


အတွေးတွေ..ခံစားမှုတွေထဲမှာ..အချိန်ပြည့်နစ်မွန်းပြီး ရေစုန်မျောမသွားဖို့လိုပါတယ်..ဝမ်းနည်းနိုင်ပါတယ်

ဒါပေမဲ့ ဝမ်းနည်းမှုတွေကို အကြာကြီးသိမ်းပိုက်မထားမိဖို့ လိုပါတယ်..


အခြေအနေတွေဟာ..ခက်ခဲနေသေးတယ်...လူတိုင်း...ရုန်းကန်နေရတယ်.. ဆိုတာကိုနားလည်လက်ခံပြီး အကောင်းဆုံးကျော်ဖြတ်သွားနိုင်အောင်ကြိုးစားကြရမှာပါ..


စိတ်ဖိစီးမှုတွေကနေ.. လွတ်မြောက်နိုင်ကြပါစေ..


မွန်ဟော်စီ

၂၀၂၁ ဒီဇင်ဘာ


#မနက်စာအာဟာရ



28 views0 comments

Comments


bottom of page