top of page
Search

Eating & Healing



ကျွန်မတို့အိမ်မှာ တစ်ခါတလေ..လူများများနဲ့ ဧည့်သည် ထမင်းကျွေးရတာမျိုး..အိမ်နီးနားချင်း.. အမျိုးအဆွေတွေအတွက် အစားအသောက် ဝေမျှတာမျိုး လုပ်တဲ့အခါ အမြဲတမ်းမှာယူနေကျ ဗမာမလေး ဆိုတဲ့ ညီမလေးတစ်ယောက်ရှိပါတယ်..


သူချက်တာတွေ လာပို့တဲ့အခါတိုင်း သတိထားမိတာက..တို့စရာလေးတွေ လှီးထားတာကအစ ညီညီညာညာလေးတွေ ဖြစ်နေတယ်.. ကြက်သွန်ဖြူလေးတွေ..သရက်သီးစိမ်းလေးတွေ..ခရမ်းကျွတ်သီးလေးတွေက..အနာအဆာမပါဘဲ ဖြူဖြူဖွေးဖွေး..လတ်လတ်ဆတ်ဆတ်လေးတွေဖြစ်တယ်..


သူ့ဟင်းတွေရောက်လာရင် စေတနာသိပ်ပါတယ်ဆိုတာ မြင်ရုံနဲ့သိနိုင်တယ်..


တစ်ခါတော့ Fast Food ဆိုင်..တစ်ဆိုင်သွားရင်း Cheese တွေရွှဲနေတဲ့ အာလူးကြော်တစ်ပွဲမှာပါတယ်..ခက်ရင်းလေးပေးပါလားဆိုတော့..ခက်ရင်းက ကြက်ဆီထမင်းမှာမှ ရကြောင်းနဲ့.. ဒါဆို ဒါကို ဘယ်လိုစားရမလဲဆိုတော့ လက်နဲ့ပဲစားလိုက်လို့ပြောတဲ့အတွက် ဒေါသဖြစ်ခဲ့ရတယ်..နောက်ဆုံး လက်ထဲကို ဇွန်းတစ်ချောင်းရောက်လာပေမဲ့ ဒေါသနဲ့ စားနေတော့ ကိုယ့်ဒေါသတွေကို ကိုယ့်.. ခန္ဓာကိုယ်အတွင်းကို ကိုယ်တိုင်ပြန်ထည့်နေသလိုပါပဲ..


ရောင်းတာချင်းတူတူ..

ရောင်းတဲ့ ပစ္စည်းချင်းတူတူတောင်

စေတနာပါတဲ့သူနဲ့ မပါတဲ့သူနဲ့က အတော်ကွာခြားပါတယ်..


ချက်တဲ့သူ..ရောင်းတဲ့သူ..သယ်ယူပို့ဆောင်ပေးတဲ့သူ..ပြင်ဆင်ထုပ်ပိုးပေးတဲ့သူ အစရှိသဖြင့်..

ဒီလူတွေက ကျွန်မတို့ လက်ခံ ရယူလိုက်တဲ့ အရာဝတ္ထုပစ္စည်း တွေရဲ့

နောက်ကွယ်က..နေတဲ့သူတွေဆိုပေမဲ့ သူတို့ရဲ့ Mood တွေကလည်း လက်ခံရယူတဲ့ သူတွေအပေါ် ..အကောင်းအဆိုးသက်ရောက်မှုရှိနေပါတယ်..တစ်ခါတလေမှာ..အဲဒီအရာတွေကို ခံစားသိနိုင်သလို . .လုံးဝမသိလိုက်တာမျိုးလည်း ဖြစ်နိုင်တယ်..


စားတဲ့ အစားအစာတွေ..သောက်တဲ့ရေတွေမှာ ဘေးပတ်ဝန်းကျင်က လူတွေ..အထူးသဖြင့်.. ဒီအရာတွေကိုပြင်ဆင်ချက်ပြုတ်ပေးတဲ့ လူတွေရဲ့ Energy တွေလည်း ပါဝင်နေတတ်ကြတယ် လို့ Prana Healing က

ကျွန်မတို့ရဲ့ ဆရာ Ashwin Kumer ရဲ့ Talk ထဲမှာနားထောင်ဖူးပါတယ်..


သူဘယ်လို Mood ..ဘယ်လိုစေတနာနဲ့ ချက်နေလဲ..ဒေါသနဲ့ချက်နေလား..ချက်လို့ချက်မှန်းမသိ ချက်နေလား..စိတ်ညစ်ပြီး ချက်နေလား..ငြူစူဆောင့်အောင့်ပြီးချက်နေတာလား.. ပျော်ပြီးချက်နေလား..စားကောင်းစေချင်လိုက်တာ ဆိုတဲ့ စိတ်နဲ့ ချက်နေလား..ကုသိုလ်ယူမယ်ဆိုတဲ့ စိတ်နဲ့ ချက်နေတာလား..ဆိုတဲ့ Emotions တွေဟာ သူချက်နေတဲ့ အစားအစာတွေအပေါ် သက်ရောက်မှုရှိပါတယ်။


စိတ်ခံစားမှုဆိုတာဟာလည်း Energy in Motion (Emotions) လှုပ်ရှားနေတဲ့ စွမ်းအင်တစ်ခုပဲ ဖြစ်ပါတယ်..


ဒါကြောင့် မစားခင် မသောက်ခင်မှာ Prayers လုပ်တာ.. ဆုတောင်းတာ မေတ္တာပို့တာတွေဟာ..အဲဒီ အစား အသောက်..အပေါ်ရောက်ရှိနေနိုင်တဲ့

မကောင်းတဲ့ Negative Energy တွေကို Cleanse လုပ်ရာရောက်တယ်လို့ ဆရာ့ Talk ထဲမှာပဲ နားထောင်ခဲ့ရဖူးပါတယ်..


အိမ်မှာဆိုရင်လည်း.. အိမ်ရှင်မတွေတစ်နေ့တစ်နေ့ဟင်းချက်တဲ့အခါ တချို့နေ့တွေသိပ်စိတ်မပါဘူး..ဒါမှမဟုတ် စိတ်မပျော်ဘူးဆိုရင်ချက်တဲ့ဟင်းတွေကလည်း တူးသွားတာမျိုး..ဖွယ်ဖွယ်ရာရာမရှိတာမျိုး.. ဖြစ်တတ်တယ် ..


ဒီနေ့အဖို့ ဟင်းချက်ဖို့သိပ်စိတ်ဝင်စားနေတယ်.. မိသားစုတွေကိုလည်း ဖွယ်ဖွယ်ရာရာလေး..စားစေချင်တယ်ဆိုတဲ့ စိတ်..Mood လေး ဝင်နေတယ်ဆိုရင် ဟင်းတွေကလည်းအထူးစပယ်ရှယ်ကောင်းနေတာမျိုး ရှိတတ်ပါတယ်..


ကျွန်မတို့အဒေါ်တစ်ယောက်..နေမကောင်းဖြစ်တော့ ဆေးရုံလိုက်စောင့်ပေးတဲ့ အဒေါ် အကြီးက လူမမာကို ဆေးတိုက်တဲ့အခါ ထမင်းကျွေးတဲ့အခါတိုင်း သေသေချာချာ အသံထွက်

မေတ္တာပို့ ဆုတောင်းပြီးမှ ကျွေးတတ်တာကို အမှတ်ရမိပါတယ်..


ကျွန်မလည်း ခုချိန်မှာ

နေမကောင်းတဲ့သူကို ပြုစုနေရသူတာကြောင့် သူ့ကို ဆေးတိုက်တဲ့အခါ..အစားအသောက်ကျွေးတဲ့အခါ အဲဒီလိုပဲ လုပ်ပေးမိပါတယ်..ဒါက မေတ္တာပါနေတဲ့အတွက်ကြောင့် Healing လုပ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။


Everything is energy ဖြစ်တဲ့အတွက်ကြောင့် အစားအသောက်တွေ.. အသားတွေ အရာဝတ္ထုတွေ

မှာ Life Force Energy တွေရှိနေပါတယ်..


အစားအသောက်တွေနဲ့ ပတ်သက်တဲ့ Life Force Energy အကြောင်း ကျွန်မရေးထားခဲ့တာလေး ဒီ Link မှာ ဖတ်နိုင်ပါတယ်..



ကျွန်မတို့ ကိုယ်ခန္ဓာကြီးကတော့ရှိသမျှအရာတွေအကုန်လုံး

ပစ်သွင်းခံနေရတဲ့ ပိုက်လုံးကြီးတစ်ခုလိုပါပဲ..နေ့စဉ်နဲ့အမျှ..ကောင်းတာတွေရော..မကောင်းတာတွေရော.. သိလို့ပဲဖြစ်ဖြစ်..မသိလို့ပဲဖြစ်ဖြစ်.. ရည်ရွယ်ချက်ရှိစွာ..ရည်ရွယ်ချက်မရှိစွာလက်ခံနေမိတတ်တာတွေရှိတယ် ..


ကျွန်မတို့ရှေ့ကို ရောက်လာတဲ့ အစားအသောက်တွေဟာ.. ဘယ်လိုပတ်ဝန်းကျင်တွေကိုဖြတ်သန်းလာခဲ့သလဲ...ဘယ်လို လက်တွေကနေချက်ပြုတ်ပြင်ဆင်ပေးလိုက်သလဲဆိုတာ မသိနိုင်တဲ့အတွက်ကြောင့်လည်း Healing လုပ်ပြီး စားသောက်ခြင်းဟာ ကျွန်မတို့ ကိုယ်ခန္ဓာအတွက် Safe ဖြစ်ပါတယ်။


အစားအသောက်ဆိုတာ..ကျွန်မတို့နဲ့နေ့စဉ်ပတ်သက်နေတဲ့အရာဖြစ်ပါတယ်..ကျွန်မတို့ကိုယ်တိုင်ကလည်း တစ်ချိန်တည်းမှာ ကျွေးတဲ့သူ ဖြစ်နိုင်သလို လက်ခံစားသုံးသူလည်း ဖြစ်နိုင်တယ်..


ပေးသည်ဖြစ်စေ.. ယူသည် ဖြစ်စေ

မေတ္တာနဲ့ ..ကျေးဇူးတင်စိတ်နဲ့..

ဆောင်ရွက်တယ်..လက်ခံတယ်ဆိုရင် Healing သဘောတရားတွေ အလိုအလျောက်ပါသွားပြီးသား ဖြစ်ပါတယ်။


Oxford ဆရာတော်ကြီးဆိုရင် ထမင်းတစ်ပန်းကန် ဖြစ်လာဖို့အတွက် နောက်ကွယ်ကပါဝင်ပတ်သက်နေတဲ့..စိုက်ပျိုး ..ရိတ်သိမ်း ..ခြွေလှေ့ ..သယ်ယူ ..ပို့ဆောင် ..ရောင်းချ ချက်ပြုတ် ..ပြင်ဆင်ပေးတဲ့ သူတွေအားလုံးရဲ့ အချိန်တွေ..စွမ်းအားတွေကို မစားခင်မှာ..

အသိအမှတ်ပြု မေတ္တာပို့ပေးဖို့

ပြောဖူးပါတယ်..


ကိုယ်နေ့စဥ်ရရှိနေတဲ့အရာရာအတွက် ရရင်ပြီးရောမဟုတ်ဘဲ..အဲဒီနောက်ကွယ်မှာရှိတဲ့ အရာအားလုံးအတွက်ကျေးဇူးတင်တတ်ဖို့ လိုပါတယ်..။


Food And Energy အကြောင်းကိုရေးရမယ်ဆိုရင်တော့ အများကြီးပါပဲ..ခုရေးလိုက်တဲ့စာကတော့ ကျွန်မအနေနဲ့ သင်ယူနားလည်ထားတဲ့..ကြုံခဲ့ရဖူးတဲ့ အတွေ့အကြုံတွေကို စုပေါင်းပြီး မျှဝေလိုက်ရခြင်းသာဖြစ်ပါတယ်..


ဘဝမှာ ဆရာတွေ..အတွေးအမြင်လေးတွေ ဝေမျှပြောပြပေးတဲ့...မိတ်ဆွေတွေ..သိတဲ့သူဖြစ်စေ..မသိတဲ့သူဖြစ်စေ..အားလုံးရဲ့ ကျေးဇူးတရားတွေကို ဒီစာလေးနဲ့ပဲ ဦးညွတ်လိုက်ပါတယ်..။


မွန်ဟော်စီ

၂၀၂၃ April


#မနက်စာအာဟာရ




699 views0 comments

Comments


bottom of page