top of page
Search

ဘဝမှာ အဆင်ပြေချင်တယ်ဆိုရင်ကံရယ် ဥာဏ်ရယ် ဝိရိယရယ်ကို Balance ဖြစ်အောင် လုပ်ပေးနေတတ်ဖို့ အရေးကြီးပါတယ်

Updated: Jan 12, 2023





ကျွန်မမှာသိပ်တော်တဲ့..မိတ်ဆွေတစ်ယောက်ရှိပါတယ် ဘယ်လို တော်တာလဲဆိုရင် သူကအကြားမြင် များတဲ့သူ..ဗဟုသုတများတဲ့သူဖြစ်ပါတယ် ..တစ်ခုခုဆို ခြေခြေမြစ်မြစ်လေ့လာတယ်.. နှံ့စပ်တယ်.

ဒါ့ကြောင့်သူ့ကိုမိသားစုတွေ..မိတ်ဆွေတွေ..အကုန်လုံးက..အားကိုးတယ် တိုင်ပင်တယ်.. သူ့ဆီက

အကြံဉာဏ်တောင်းတယ်..သူကပြောတတ်ဆိုတတ်လည်းရှိတယ်တယ် ..မိတ်ဆွေများတယ်.. လူဝင်ဆန့်တယ်..စိတ်ကောင်းရှိတယ်..ကူညီတတ်တယ်....စတဲ့..အရည်အချင်းတွေနဲ့..တော်တဲ့လူလို့..

သတ်မှတ်ခံရတာမျိုးဖြစ်ပါတယ်..


မပြည့်စုံတဲ့လူ့ဘဝရဲ့ သဘောသဘာဝအတိုင်းပဲ..သူ့မှာမပြည့်စုံတာတစ်ခုကတော့ ငွေကြေးပဲဖြစ်ပါတယ် ငွေကြေးကံမကောင်းဘူး ..တကယ်ဆို.. သူ့မှာအတွေ့ကြုံတွေလည်းရှိတယ်.. သူတတ်ထားတဲ့ပညာတွေ လည်း အများကြီးပဲ ..အဆက်အသွယ်လည်း အင်မတန်ကောင်းပါတယ်.. ဒါပေမဲ့..

သူဌေးဖြစ်လောက်အောင်..ငွေမရဘူး..ရရစားစား သဘောမျိုးပါပဲ..


ကျွေးမွေး ထောက်ပံ့ပေးရတဲ့ မိသားစုတွေလည်း အများကြီးရှိတာ မဟုတ်ပါဘူး.. ဒါပေမဲ့.. သူ့မိသားစုဟာ ကျပ်တည်းကြပါတယ်။ မဆင်းရဲပါဘူးလို့ ပြောနိုင်တဲ့အနေအထားလောက်နဲ့ပဲ.. မိသားစုက..ဘဝကို

ဖြတ်ကျော်နေရတယ်.. မဆင်းရဲဘူးဆိုလို့..ချောင်လည်သလားဆိုရင် မချောင်လည် ပါဘူး..ကျပ်တည်းနေလို့ အကြွေးရှိသလားဆိုရင် အကြွေးလည်းမရှိပါဘူး..စားနိုင်သောက်နိုင် ပါတယ်..ဒါပေမဲ့ လှုတာတန်းတာ ပေးတာကမ်းတာမျိုးကျတော့ မလုပ်နိုင်ပြန်ဘူး..စိတ်တွေ မကြည်လင်.. မပျော်ရွှင်ရဘူး.. ဖြစ်နေတာပါ..


သူ့ အကြောင်းကို စဥ်းစားမိတော့..ဒီလောက် ပညာတော်တဲ့လူ..ကြိုးစားတဲ့သူက ဘာဖြစ်လို့များ..ပိုက်ဆံ

ကောင်းကောင်းမရှာနိုင်ဘဲ....ရုန်းကန် ကျပ်တည်းနေရတာလဲ လို့ တွေးမိလို့ပါပဲ.. လူ့ဘဝမှာ..အောင်မြင်ဖို့ ဆိုတာ..ကံရယ်..ဉာဏ်ရယ်..ဝိရိယရယ်ပေါင်းနေတယ်ဆိုတာကို..ကိုယ့်ပတ်ဝန်းကျင်ကဘဝတွေကိုကြည့်ရင်း..အခုတာ့ ပိုသတိထား လာမိတယ်..လူတစ်ယောက်ကဉာဏ်ကောင်းတယ် ..ဉာဏ်ဆိုတာထဲမှာ..ပညာအရာ ပြည့်စုံတာ.. အတွေ့အကြုံများတာ..အကြားမြင်များတာ..ဗဟုသုတများတာ အကုန်ပါပါလိမ့်မယ်..ဝိရီယ ကောင်းတယ်ဆိုတာကတော့.. ကြိုးစားချင်စိတ်ရှိတာ.. မဖြစ်ဖြစ်အောင်ကြိုးစားတာ..မျိုးကိုဆိုလိုမှန်း သိကြတာပါပဲ..သူ့ဆီမှာဝိရိယရော..ဉာဏ်ရောပြည့်စုံနေပေမဲ့..မပြည့်စုံတာကတော့..ကံလို့ပဲ..ပြောရမလိုဖြစ်နေပါတယ် ..


ကံဆိုတာမှာလည်းအတိတ်ကံနဲ့..အခု..ပစ္စုပန်ကံဆိုပြီးနှစ်မျိုးရှိသေးတာကိုး..တချို့အတိတ်ကကံတွေကအရမ်းအကျိုးပေးသန်ကြတယ်..တချို့..အတိတ်ကံကကျတော့..အကျိုးပေးချိန်မတန်သေးတဲ့အတွက် ငုပ်လျှိုး နေတတ်ကြတယ်။ အတိတ်က..ကံတွေအကျိုးပေးသန်တဲ့အခါ ဉာဏ်နဲ့..ဝိရိယ ပေါင်းလိုက် လို့ကတော့ အဲဒီလူဟာ ဒိုင်းဒိုင်းဆို အပေါ်ထိတက်သွားတာမျိုး မြင်ဖူးတယ်.ကြုံခဲ့ဖူးတဲ့ တပည့်လေးတစ်ယောက်ဆို.. ဉာဏ်ရည်ကလည်းပုံမှန်ပါပဲ ..ကြိုးစားမှုကလည်းသာမန်လောက်ပါပဲ.. ဒါပေမဲ့..စာမေးပွဲတွေဖြေရင်သူက ထိပ်ကိုရောက်နေတာမျိုးပဲ


သူများလို..ဆယ်ပုဒ်လောက်ကျက်တာမဟုတ်ဘူး ..နှစ်ပုဒ်လောက်ကျက်ပြီး..အဲဒီနှစ်ပုဒ်က စာမေးပွဲမှာ မေးသွားတာမျိုး... အဲတော့သူက.. စာဆယ်ပုဒ်ကျက်ထားတဲ့သူလောက် မပင်ပန်းဘဲ.. စာမေးပွဲကျတော့ လည်း..အကုန်လုံးကိုဖြေနိုင်တယ်..အောင်စာရင်းထွက်တော့လည်းထိပ်ဆုံးမှာရောက်တယ်။ အဲဒါအတိတ်ကံ အကျိုးပေးနေတာပဲ..အတိတ်ကံအကျိုးမပေးတဲ့သူကျ...သေလောက်အောင် ကျက်နေပေမဲ့

စာမေးပွဲမေးခွန်းမှာ..တစ်ပုဒ်မှကို မတိုးဘူးတဲ့..


ဒါပေမဲ့..အတိတ်ကံကို သိပ်အားကိုးနေလွန်းရင်လည်း သူ့အကျိုးပေးကုန်သွားတဲ့အချိန်မှာ..ဖုတ်ခနဲ အောက်ကို ပြုတ်ကျလာတာတွေဖြစ်တတ်ပါတယ်..ကိုယ်တိုင်ကြိုးစားမှုလည်း မရှိခဲ့ဘူးဆိုရင် ဘဝမှာ အထိနာတဲ့ အခြေအနေမျိုးတွေ ဖြစ်ရတတ်ပါတယ်..အတိတ်ကံက ကိုယ်မြင်ရတာမဟုတ်ဘူး..ကံဆိုတာ အလုပ်ပဲလေ..ကိုယ့်လက်ထဲမှာရှိနေတဲ့..အလုပ်..ကိုယ့်စိတ်ထဲကတွေးနေတဲ့အတွေးနဲ့..ကိုယ့်ပါးစပ်ကပြောလိုက်တဲ့စကားလုံးတွေအကုန်လုံးဟာ ကိုယ်တိုင်ပြုပြင်စီရင်လို့ရတဲ့..ကံတွေပဲဖြစ်ပါတယ်


ကောင်းစေချင်တယ်ဆိုရင်..ကောင်းတာတွေ..တွေးလို့..ပြောလို့ရသလို..ဆိုးစေချင်တယ်ဆိုရင်လည်း.. အဆိုးတွေဖြစ်အောင်..ပြောနိုင်တွေးနိုင်..လုပ်နိုင်..တာပါပဲ..ဒါကြောင့် အတိတ်ကံက အားမကောင်းသေးဘူးဆိုရင် ပစ္စုပန် ကံကိုအကောင်းဆုံးဖြစ်အောင်ကိုယ်တိုင် ..ထုဆစ်လို့ရပါတယ်..

အတိတ်ကံရဲ့အကျိုးပေးကိုဆက်ပြီး..သန်စွမ်းစေချင်တယ်ဆိုရင်လည်း ယခုအချိန်ကိုယ့်လက်ထဲမှာရှိတဲ့.

ပစ္စုပန်ကံနဲ့..ထပ်ပြီး ဖြည့်ဆည်းပေးလို့ရပါတယ်..


ခုနက ပြောခဲ့တဲ့ မိတ်ဆွေဆိုရင်..ပစ္စုပန်ကံကို အားဖြည့်တာလေးတွေလုပ်ဖို့..အားနည်းတာကို သုံးသပ်မိပါတယ်..သူ့မှာ..မိခင်အိုကြီး ရှိပါတယ်..ဒါပေမဲ့.. အနီးဆုံးမှာရှိတဲ့ အမေကို လုပ်ကျွေးပြုစုဖို့ မေ့နေတတ်ပါတယ် ..သူ့လောက်တောင်မှအဆင်မပြေတဲ့..သူ့လောက်မတော်တဲ့.. ညီအစ်ကို.. မောင်နှမတွေဟာ..သူ့ထက်ပိုပြီး..သူတို့မိခင်ကြီးကို..ကြည့်ရှုစောင့်ရှောက်နိုင်ကြပါတယ်...


သူနဲ့ရထားတဲ့ ဘဝအဖော်ကလည်း အမေကိုပေးတာကျွေးတာမျိုးဆိုရင်မကြိုက်ပါဘူး .. ကိုယ်ကိုယ်တိုင်က မပေးတဲ့အပြင်..ပေးနေတဲ့တခြားမိသားစုတွေကျတော့လည်း..ကြည့်လို့မရဘူးဆိုတဲ့..လူမျိုးပါ..အဲ..

သူကိုယ်တိုင်လည်း..သူ့မိဘကို.. ပြုစုစောင့်ရှောက်ကျွေးမွေးပေးကမ်းခြင်းမရှိပါဘူး..တဲ့..


ဒါကြောင့်..မိတ်ဆွေက.. တစ်ခါတလေ အမေကို ပေးချင်ရင် ခိုးပေးရတာမျိုးပါပဲ..


လင်မယားဆိုတော့လည်း..ကံတွေဆက်စပ်နေတာမျိုးပါ..တစ်ယောက်က သဒ်ဓါတရားမရှိ

မရှိတဲ့အတွက်..တစ်ယောက်က ပေးကမ်းချင်ရင်တောင်..ပေးမိတဲ့အတွက် အကုသိုလ်တွေပြန်ဖြစ်ရ..တာမျိုးပါ..


သဘောကတော့..လင်မယားနှစ်ယောက်က စိတ်တွေ မဖြူကြပါဘူး..စိတ်ဖြူသူကျပြန်တော့..စိတ်

မရှင်းပြန်ဘူး..သူများကိုပေးတာလေးကအစ..အစုတ်လေးတွေ..အဟောင်းလေးတွေ..ကိုယ်မကြိုက်တာလေးတွေ..ဒီလောက်ဆို..တော်ပြီပေါ့လို့..လျှော့တွက်ပေးတာမျိုးတွေ..လည်း ရှိပါသေးတယ်..


အဲဒီအခါ..ကံတွေလည်း မဖြူတော့ဘူး...ဘယ်လောက်လုပ်လုပ် တက်မလာဘူး..ဆိုတာမျိုး ဖြစ်တာပါပဲ..စီးပွား..အဆင်မပြေလို့ဆိုပြီး..ဗေဒင်တွေမေးတဲ့အခါ..ဟိုအရွက် ဒီအရွက်တွေ ခင်းအိပ်တယ်တို့..ဘာတို့ တွေ လုပ်လာကြပါတယ်..တကယ် လုပ်ရမဲ့အလုပ်တွေကို မလုပ်ဘူး..

ဘာမှန်းမသိတဲ့ အရွက်ခူးတာတို့..ခင်းတာတို့တော့မပျက်မကွက်အသဲအသန်ကိုလုပ်ကြတာပါ..


ဒီအစီအရင်တွေကလည်း ကုသိုလ်ကံ အရှိန်ကောင်းနေတဲ့သူတွေအတွက် အစွမ်းထက်ချင်..

ထက်မှာဖြစ်ပေမဲ့..ကံနည်းနေတဲ့သူအတွက်ကတော့..ဘာမှ သိပ်အကျိုးမထူးဘူးလို့ထင်မိတာပါပဲ ကံကို မြင့်စေချင်တယ်ဆိုရင် အရင်ဦးဆုံးသက်ရှိဘုရား..နှစ်ဆူဖြစ်တဲ့မိဘကိုလုပ်ကျွေးပြုစုစောင့်ရှောက်ပါ..

ကိုယ့်လောက်မှမရှိတဲ့သူတွေကို မေတ္တာ တရားနဲ့ပေးကမ်းလှူဒါန်းပါ စိတ်ကိုဖြူအောင်ထားပါ..

ကိုယ့်ထက်သာတဲ့လူတွေကိုမနာလို..မရှိဘဲ မုဒိတာပွားပေးပါ..ရတနာသုံးပါးကို ပုံမှန် ကိုးကွယ်ဆည်းကပ်ပါ..

ဒါတွေကသာ..အကောင်းဆုံး..ကံမြင့်ယတြာတွေမဟုတ်ပါလား..


မိဘကိုမလုပ်ကျွေးတဲ့အတွက်ပစ္စုပန်ကံတွေကလည်း..မခိုင်မြဲဘူးလို့ တထစ်ချပြောလို့မရပေမဲ့ ဒီလိုအရာတွေကလည်း One of the factors အနေနဲ့..စုပေါင်းပြီးပါဝင်နေတတ်ကြပါတယ်..လူတွေက တခါတလေဘာလုပ်လုပ်အဆင်မပြေဘူး ..ထွက်ပေါက်ပိတ်နေတယ်လို့ပြောတတ်ကြပေမဲ့..တကယ်ကတော့

ထွက်ပေါက်ဆိုတာ.. ကိုယ့်နားမှာပဲ..အနီးကလေး ရှိနေပါတယ်။ ထွက်ပေါက်ကိုတွေ့အောင် မရှာတတ်ကြတာ ဖြစ်ပါတယ်


ဘဝမှာ အဆင်ပြေချင်တယ်ဆိုရင် ကံရယ် ဥာဏ်ရယ် ဝိရိယရယ်ကို Balance ဖြစ်အောင် လုပ်ပေးနေတတ်ဖို့ အရေးကြီးပါတယ်..


မွန်ဟော်စီ

၂၀၂၀ ဒီဇင်ဘာ


#ကံဉာဏ်ဝိရိယ




306 views0 comments

Comments


bottom of page