top of page
Search

Money Energy Cycle


ကျွန်မတို့ အဖိုးအဖွားတွေ လက်ထက်က သူတို့ အိမ်မှာ လူတွေအများကြီးရှိခဲ့ကြတာကို မှတ်မိပါတယ်..


နယ်ဘက်က ညီမဝမ်းကွဲ..ဘယ်သူ့ရဲ့သမီးလေး..စစ်ပြေးတုန်းက အမျိုးလို ခင်ခဲ့တဲ့ အိမ်နီးနားချင်း..

ဘယ်မြို့က ဘယ်သူဘယ်ဝါရဲ့ သား..... စသည်ဖြင့် အမျိုးစပ်ပြရင် တမေ့တမောကို နားထောင်ရပါတယ်..

သူတို့အိမ်မှာ အလုပ်ရှာဖို့...ဘွဲ့ယူဖို့..အစရှိသဖြင့် အကြောင်းပြချက်မျိုးစုံနဲ့..ခဏတာ တည်းခိုနေထိုင်သွား

ကြသူတွေရှိသလို...မိသားစုလိုအလုပ်လုပ်ရင်း..ကျောင်းတက်ရင်း နေထိုင်စားသောက်သွားကြသူတွေလည်း

အများကြီးပဲ..


အဖိုးအဖွားအိမ်မှာ အဲဒီလို ခေါ်ယူ ကျွေးမွေး ပြုစုစောင့်ရှောက်ထားတဲ့ မွေးစားသားတွေ..သမီးတွေ..

မွေးစားမြေးတွေပါ အများကြီးပဲဖြစ်ပါတယ်..ကျောင်းထားပေးလိုက်တဲ့သူနဲ့.. ဆေးကုပေးလိုက်တဲ့သူနဲ့..

အလုပ်ရှာပေးလိုက်တဲ့သူနဲ့..အိမ်ထောင်ချပေးလိုက်တဲ့သူနဲ့..အခုအချိန်မှာ ပြန်ကြည့်လိုက်တော့..သူတို့ ထူထောင်ပေးလိုက်တဲ့ ဘဝတွေ ..ကျေးဇူးပြုပေးလိုက်တဲ့ ဘဝတွေ.. အများကြီးပါလားလို့..မြင်လာမိတယ်


ဒီလိုလုပ်နိုင်ခဲ့တယ်ဆိုလို့..အဖိုးအဖွားက ချမ်းသာလား.? မချမ်းသာလားဆိုရင် ကျွန်မအဖိုးက အစိုးရဝန်ထမ်း ပါပဲ...အဘွားကတော့...သုံးစွဲတာ အင်မတန်စေ့တယ်..ကြွေးတင်မခံဘူး.. နှစ်ဘက်မိဘကိုလည်း လစဥ် ပုံမှန်ပံ့ပိုးတယ်..အဖိုးအဖွား အိမ်ထောင်ဦးအစမှာ.. လကုန်ခါနီး ငွေပြတ်သွားရင်..ထမင်းကို... အကြော်နဲ့စားတယ်လို့ ကြားခဲ့ဖူးပါတယ်..အဲဒီ အဖိုးအဖွားအိမ်မှာ ကျွေးမွေးထားသူတွေကလည်း အဖွားရဲ့ စည်းကမ်းအတိုင်းပဲ ဝေပုံကျလေး..စားရတာပါပဲ..တချို့အမျိုးတွေကပြောကြတယ်..သူတို့လင်မယားက သိပ် ကပ်စေးနည်းတာတဲ့..


အခု စဥ်းစားကြည့်တော့..တကယ်သာ.. ကပ်စေးနည်းရင် အဲဒီလို လူတွေ အိမ်ပေါ်တင်ကျွေးထား နိုင်ပါ့မလားလို့တွေးမိတယ်..


သူတို့ဆီမှာ..နံပါတ် (၁) ငါတို့...ကျွေးနိုင်ပါတယ် ဆိုတဲ့.. Abundance Mindset ရှိခဲ့ပါတယ်..

နံပါတ် (၂) အကြီးအကျယ် တခမ်းတနားတွေမဟုတ်ပေမဲ့ ကိုယ်ရှိသလောက်.. စားသလောက်တော့ ကျွေးမယ် မွေးမယ်ဆိုတဲ့ စိတ်စေတနာမျိုးလည်း ရှိခဲ့တယ်....


ဒါကြောင့် ကျွန်မ အဖိုးအဖွား တစ်သက်တာမှာ.. ဆင်းရဲတယ်ဆိုတာမရှိသလို.. အကြွေးတင်တယ် ဆိုတာလည်း မရှိခဲ့ပါဘူး..လိုရင် သူတို့ဆီက ယူကြရတာပါပဲ.. ဒီလိုပေးနိုင်တော့လည်း..အမလေး..ကပ်စေးနည်းကြလို့ ဒီလိုစုထားနိုင်တာ..ပေးနိုင်တာပေါ့လို့ ပြောကြပြန်

သေးတာပါ..


ပြောချင်တာကတော့..သိပ်ကို..ငွေကြေးချမ်းသာပိုလျှံတဲ့အတွက် ဒီလိုကျွေးမွေးနိုင်ခဲ့တာမဟုတ်ပါဘူး..

သူတို့ဆီမှာပြည့်စုံကြွယ်ဝတာက..ကျွေးမွေးစောင့်ရှောက်ချင်တဲ့..စိတ်ပါပဲ..ဒါကို စေတနာပေါင်း ထည့်လိုက်တော့ Energy က Boost Up ဖြစ်ပြီး အဆတိုးသွားသလို အဆင်ပြေတဲ့ ဘဝတွေ ရခဲ့တာပဲလို့ Reflect လုပ်မိပါတယ်..


အခု စဥ်းစားမိတော့..ကျွေးနိုင်တယ်ဆိုတဲ့စိတ်ကြောင့် တကယ်ကျွေးနိုင်တဲ့အခြေအနေကို ရောက်လာတာလို့ မြင်မိတယ်..


တလောကပဲ ဖတ်လိုက်ရတဲ့ စာတစ်ပုဒ်မှာ..အိမ်မှာ ခွေးလေး ကြောင်လေးတွေ ရောက်လာပြီး စီးပွားတက်တယ်တဲ့..ဆိုင်မှာ လူတစ်ယောက်ခန့်လိုက်လေ ..စျေးပိုရောင်းရလေပဲ တဲ့..ဒါက ပေးလိုက်ရလို့ လျော့သွားတယ်လို့မရှိဘဲ တိုးလာတဲ့ သဘောပါ..


ပေးရတာချင်းတူတူ ကုသိုလ်ထည့်ပေးတယ်..စိတ်စေတနာကို ထည့်ပေးတယ်ဆိုရင် Energy Boost Up ဖြစ်တယ်ဆိုတဲ့ Theory က ပတ်ဝန်းကျင်မှာ လိုက်ကြည့်ရင်ကို အများကြီး တွေ့နေရတတ်ပါတယ်..

ဒါတွေက ပေးနိုင်တယ် လုပ်နိုင်တယ်ဆိုတဲ့ စိတ်ကို သူ့အလိုလို ချဲ့ထွင်သွားတာမျိုးလို့ မြင်တယ်..Capacity က Expand ဖြစ်လာတာပါပဲ..ပေးလေ ရလေ..ထွက်လေ..ဝင်လေ ဆိုတာမျိုးပါပဲ..


ကျွန်မတို့ အများစုက အဝင်သာရှိပြီး အထွက်လုံးဝမရှိချင်တဲ့ Lack Mentality မျိုးရှိကြပါတယ်..ငွေတွေက ရောက်သင့်တဲ့နေရာတွေကို ရောက်ဖို့လိုသလို..ထွက်သင့်တာလည်း ထွက်သွားစေဖို့လိုပါတယ်..ဒါက Positive Energy Flow ကောင်းမွန်တဲ့ ငွေကြေးစွမ်းအင်စီးဆင်းမှုပါပဲ..ကုပ်ကပ်ထားရလို့ လူမချမ်းသာသလို စိတ်လည်းမချမ်းသာရပါဘူး..


အဝင်ရှိချင်ရင် အထွက်လည်းရှိရပါမယ်..Abundance ဖြစ်တဲ့စိတ်နဲ့ သုံးတယ်..စေတနာဆိုတဲ့..Positive Energy ထည့်ပြီးသုံးတယ်ဆိုရင် ကိုယ့်ဆီ နှစ်ဆပွားပြန်ရောက်လာတာပါ..


ဟာ..ငါက လူဘယ်နှစ်ယောက်နဲ့ သူတို့မိသားစုတွေကို ထမင်းကျွေးထားနိုင်တယ်..အလုပ်ပေးထားနိုင်တယ်..

အခု..ငါပေးလိုက်တဲ့ ပိုက်ဆံလေးနဲ့ စျေးသည်လေးတော့ အဆင်ပြေသွားပြီ..ပျော်သွားပြီ.. လမ်းခွေးလေးတွေကို ငါ....အစာကျွေးနိုင်တယ်..ဒီတစ်ညတော့ သူဝမ်းဝသွားပြီ...စသည်ဖြင့်..စိတ်ကို

Mindset ကို ပြောင်းကြည့်လိုက်ပါ..Expand လုပ်..ချဲ့ထွင်ကြည့်ပါ..တကယ်ကို စိတ်လိုလက်ရ ပေးကမ်းကြည့်ပါ..


ငါလုပ်နိုင်တယ်..ပေးနိုင်ပါတယ်ဆိုတဲ့စိတ်က ခွန်အားတွေ ဖြစ်လာပါလိမ့်မယ်..ဒီလို ပေးနိုင်..လုပ်နိုင်ဖို့ အထောက်အပံ့တွေ..ခွန်အားတွေလည်း ဖန်တီး ပေါ်ပေါက်လာပါလိမ့်မယ်..


တစ်နေ့ကပဲ..စာလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်.."ပေးချင်ကမ်းချင်သော စိတ်ကြောင့်ပင်..

ပေးနိုင်ကျွေးနိုင်သော ဘဝကိုရောက်လိမ့်မည်.." တဲ့..


ဒီစကားရပ်လေးကို သဘောကျမိပါတယ်..အမှန်ပါပဲ..လုပ်နိုင်တယ်လို့ စိတ်ညွတ်လိုက်တာနဲ့..

လုပ်နိုင်ဖို့အတွက် အကြောင်းတရားတွေ.. အထောက်အပံ့တွေ..စွမ်းအားတွေဟာလည်း..

ပေါ်ပေါက်လာတတ်ပါတယ်..


မွန်ဟော်စီ

၂၀၂၂ ဒီဇင်ဘာ


#မနက်စာအာဟာရ

28 views0 comments

Comments


bottom of page