top of page
Search

Nourishing Happiness ပျော်ရွှင်မှုကို ပြုစုပျိုးထောင်ခြင်း...


ပျော်ရွှင်မှုကို ပြုစုပျိုးထောင်ခြင်း


အခြားသူများထံမှ ပံ့ပိုးကူညီမှုနှင့် အတုယူစရာများကို ရှာဖွေခြင်း


ပျော်ရွှင်မှုဆိုတာဟာ တစ်ယောက်တည်းအတွက်မဟုတ်ပါဘူး။ ပျော်ရွှင်ဖို့အတွက် စိတ်အားထက်သန်တယ်..၊ အချင်းချင်းရဲ့ပျော်ရွှင်မှုကိုလည်း ပံ့ပိုးကူညီပေးတတ်တဲ့ လူတစ်ဦးချင်းစီရဲ့အသိုင်းအဝိုင်းထဲမှာ သစ်ပင်ကလေးတစ်ပင်လို ပြုစုပျိုးထောင်ရတဲ့အရာပဲဖြစ်ပါတယ်။


ဒီနေ့ခေတ်မှာတော့ လူအချင်းချင်းရဲ့အပြန်အလှန်ဆက်သွယ်မှုတွေဟာ Online Platform တွေ၊ စာအုပ်တွေ၊ Podcast လို စကားပြောအစီအစဉ်တွေကနေလည်း ရှိနေကြတာဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ မျှဝေကြတဲ့ ဗဟုသုတကြွယ်ဝမှုတွေ၊ အားပေးမှုတွေ၊ အတုယူစရာတွေ၊ အတွေ့အကြုံတွေကနေ စိတ်ပျော်ရွှင်မှုကို အထောက်အပံ့ပေးတဲ့အာဟာရတွေအဖြစ်ရယူနိုင်တာဖြစ်ပါတယ်။


လူတွေရဲ့ကိုယ်ခန္ဓာသန်စွမ်းကျန်းမာဖို့ ကောင်းမွန်တဲ့အစာအာဟာရတွေလိုသလို စိတ်ကလည်း ဂရုစိုက်မှု၊ ကူညီပံ့ပိုးမှုနဲ့ အပြုသဘောဆောင်တဲ့ထည့်သွင်းမှု Positive Input တွေအပေါ်မှာ မူတည်ရှင်သန်နေတာဖြစ်

ပါတယ်။


Community Support Enhances Happiness

လူမှုအသိုင်းအဝိုင်းဟာ ပျော်ရွှင်မှုကိုပံ့ပိုးကူညီပေးပါတယ်။


လူတွေမှာခိုင်မာတဲ့ Social Network လူမှုပံ့ပိုးကူညီမှုကွန်ရက်တွေ၊ ရင်းနှီးခင်မင်ရတဲ့ Friend Zone တွေရှိနေတာဟာ ပျော်ရွှင်မှုကို သိသိသာသာ တိုးတက်စေတဲ့ အကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်။ စစ်မှန်တဲ့မိတ်ဆွေသူငယ်ချင်း၊ လူမှုဆက်ဆံရေးရှိတဲ့သူတွေဟာ ယေဘုယျအားဖြင့် စိတ်ဖိစီးမှုကို ပိုမိုခံနိုင်ရည်ရှိတယ်။ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်ပူပန်မှုဖြစ်နိုင်ခြေ နည်းပါးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ခံစားရတဲ့အရာတွေကို ယုံကြည်စွာ ဖွင့်ဟပြောပြနိုင်တဲ့သူတွေ သူတို့ပတ်ဝန်းကျင်မှာ ဝန်းရံထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။


အချင်းချင်းအပြန်အလှန်မှီခိုနေတဲ့ Interdependence ကြောင့် ကိုယ့်ရဲ့အထီးကျန်အားငယ်မှုတွေကိုခံစားရတဲ့အခါမှာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့အသိကိုလည်း ရရှိစေပါတယ်။ လူတွေဟာ အကုန်လုံးတူတူပဲ။ လူတိုင်းဟာ သူ့ဘဝပြဿနာနဲ့သူ ဖြေရှင်းနေရတယ်၊ ကျော်ဖြတ်နေရတယ်ဆိုတာကို သိရတဲ့အခါမှာ အထီးကျန်မဆန်တော့ဘဲ အားအင်ရှိလာတာမျိုးဖြစ်ပါတယ်။


Positive Content Boosts Happiness

အပြုသဘောဆောင်တဲ့ အကြောင်းအရာများဟာ ပျော်ရွှင်မှုကိုမြှင့်တင်ပေးပါတယ်။

ကိုယ်ဖတ်ရှုနေတဲ့စာ၊ကိုယ်နားထောင်နေတဲ့စကား၊ ကိုယ်တွေ့ဆုံနေတဲ့သူ အစရှိသဖြင့် အကြောင်းအရာပေါင်းစုံ လူပေါင်းစုံရှိနေတဲ့ကြားထဲကမှ အပြုသဘောဆောင်တဲ့အကြောင်းအရာတွေကို ဦးနှောက်က ရွေးချယ်လက်ခံတတ်ခြင်းဟာ စိတ်နေစိတ်ထားနဲ့ဘဝအပေါ်မြင်တဲ့အမြင်ကို ပိုပြီးကောင်းတဲ့ဘက်ကို ပြောင်းပေးနိုင်တာဖြစ်ပါတယ်။


ကောင်းမွန်တဲ့အကြောင်းရာတွေထဲမှာ မျှော်လင့်ချက်ရှိတယ်။ အတုယူစရာဇာတ်လမ်းတွေပါတယ်။ ဒီအရာတွေက စိတ်ဆင်းရဲစရာ အကြောင်းအရာ အပျက်သဘောတွေကို တွန်းလှန်နိုင်ပြီးပျော်ရွှင်မှုရရှိတဲ့ စိတ်အခြေအနေကို ထိန်းသိမ်းပေးနိုင်တာဖြစ်ပါတယ်။


စာအုပ်တွေ၊စကားပြောအစီအစဉ် Podcast တွေ၊ Talks တွေဟာ အတုယူစရာအရင်းအမြစ်တွေဖြစ်နိုင်ပါတယ်။ စိန်ခေါ်မှုတွေကို ကျော်လွှားခဲ့တဲ့သူတွေအကြောင်း၊ အခက်အခဲတွေကို ဖြတ်ကျော်ခဲ့တဲ့သူတွေအကြောင်း ဖတ်ရှုရတာ၊ နားထောင်ရတာက ဘဝရဲ့အမြင်အသစ်ကို ပေးနိုင်ပါတယ်။ မျှော်လင့်ချက်ကိုပေးနိုင်ပါတယ်။ ခံနိုင်ရည်ရှိမှုနဲ့ အပြုသဘောဆောင်မှုတို့ဟာ ပျော်ရွှင်ခြင်းဆီကို ဦးတည်ပေးပါတယ်။


ဒီနေ့ကမ္ဘာကြီးက သတင်းအချက်အလက်များစွာ ရေလွှမ်းမိုးသလို ပြည့်လျှံနေတာပါ။ အကြောင်းအရာတော်တော်များများဟာ စိတ်ညစ်စရာတွေဖြစ်တယ်ဆိုတာလည်း လက်ခံရမှာပဲဖြစ်ပါတယ်။ ပူလောင်မှုတွေများတဲ့အကြောင်းအရာတွေကို အဆက်မပြတ်သိရှိထိတွေ့နေရခြင်းဟာ နှလုံးသားရဲ့အကြည်ဓာတ်ကို ပျက်စီးစေနိုင်တယ်။ စိုးရိမ်စိတ်တွေ၊ စိတ်ပျက်အားငယ်စိတ်တွေဖြစ်ဖို့ အခွင့်အလမ်းများတယ်။ ဒါကြောင့် ရင်ထဲကလည်း ပျော်ရွှင်မှုနဲ့ ကြည်လင်မှုကိုမွေးမြူဖို့ဆိုတာ Negative နဲ့ Positive ကို ဟန်ချက်ညီအောင် ချိန်ညှိဖို့အရေးကြီးပါတယ်။

စိတ်တွေဟာ ကိုယ်ခန္ဓာလိုပဲ သူတို့ထဲကို ထည့်သွင်း ကျွေးမွေးထားတဲ့ အစာအဟာရတွေပေါ်မူတည်ပြီး တုံ့ပြန်တတ်ကြပါတယ်။ ကျန်းမာတဲ့အစာအာဟာရတွေကို ကျွေးတယ်ဆိုရင် ကျန်းမာတဲ့ကိုယ်ခန္ဓာ အနေနဲ့ ရှင်သန်ဖွံ့ဖြိုးလာမှာပဲဖြစ်ပါတယ်။ စိတ်ဟာလည်း ဒီသဘောအတိုင်းပါပဲ။ ကောင်းမွန်တဲ့အတွေးတွေကို ရရှိလေ ပိုပြီးအကောင်းမြင်တတ်လာလေ ပျော်ရွှင်တတ်လာလေပဲဖြစ်ပါတယ်။


ပျော်ရွှင်မှုဟာ အချင်းချင်း ဘယ်လိုတွေချိတ်ဆက်နေသလဲ၊ ဘယ်သူတွေနဲ့ချိတ်ဆက်နေသလဲ၊ စိတ်ထဲကို ဘယ်လိုအရာတွေကို ထည့်သွင်းပေးနေသလဲ၊ ဘယ်အရာတွေကို လက်ခံယူနေသလဲဆိုတဲ့အပေါ်မှာ အများကြီးမူတည်ပါတယ်။ ပံ့ပိုးကူညီတတ်တဲ့ အသိုင်းအဝိုင်းနဲ့ မိမိကိုယ်ကိုဝန်းရံထားတာဟာ ပျော်ရွှင်မှုဆိုတဲ့ အပင်ကလေးကြီးထွားဖို့ မြေဩဇာကောင်းတဲ့မြေကို ဖန်တီးထားသလိုပါပဲ။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်သလို စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုနဲ့ကျန်းမာရေးကိုလည်း ဂရုစိုက်ရမှာဖြစ်ပါတယ်။


114 views0 comments

コメント


bottom of page