top of page
Search

Right Time Right Person


အဘ၀မှာ အချစ်ဟူသည်‌ေနေရာမရွေး

အသက်အရွယ်မရွေး အခြေအနေမရွေးဘဲ ရုတ်တရက် ဖူးပွင့်လာတတ်တဲ့ ပန်းကလေးနဲ့တူပါတယ်

လူတွေဟာ ဘဝအတွက် အချစ်ကိုတွေ့ကြတဲ့နေရာမှာ Timing ဆိုတဲ့ အချိန်သဘောကိုတော့

တွက်ဆလို့မရပါ


ချစ်မိတဲ့သူကိုတော့ မှန်မှန်ကန်ကန်ရွေးချယ်လို့ရကြပါတယ်

Right Timing မဖြစ်နိုင်ပေမဲ့ Right Person ကိုရအောင်တော့ ရွေးချယ်လို့ရတတ်ကြပါတယ်

အမျိုးသမီးရော အမျိုးသားရော ....တချို့ကျတော့ အိမ်ထောင်ပြုရမဲ့အရွယ် Right Timing မှာ ချစ်တယ်ထင်ပြီးရွေးလိုက်မိတဲ့သူက တကယ်တစ်သက်လုံး မချစ်နိုင်တဲ့သူ ဖြစ်သွားတတ်တယ် Wrong Person...တချို့ကျတော့ အိမ်ထောင်ပြုဖို့အဆင်သင့်မဖြစ်သေး မပြည့်စုံသေးတဲ့အချိန် Wrong Timing မှာ တကယ်ချစ်နိုင်တဲ့သူ Right Person ကို တွေ့တတ်ကြတယ်တဲ့ တချို့လဲ Right Timing နဲ့ Right Person ကို တစ်ခါတည်းနဲ့ရကြတယ်


တချို့ကြတော့လဲ ရှေ့မှာ တစ်ခါ နှစ်ခါလောက် အရွေးမှားပြီးမှ Right Timing နဲ့ Right Person ၂ခုစလုံးကိုပြန်ရတတ်ကြတယ် အမျိုးသမီးတွေဘက်ကပဲ ရေးချင်ပါတယ်


အရင်လည်း ကျွန်မရေးခဲ့ဖူးပါတယ် အိမ်ထောင်ကွဲတာ တစ်ခုလပ်ဖြစ်သွားရတာ ချစ်သူတစ်ဦးထပ်တွေ့တာ

ကံမကောင်းလို့ မုဆိုးမဖြစ်ရတာ အိမ်ထောင်အသစ်ထူထောင်တာ အိမ်ထောင်ကွဲလာသူအမျိုးသားတစ်ဦးနဲ့ လက်ထပ်တာတွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ဘဝအတွက် အရည်အသွေး ယုတ်လျော့နိမ့်ပါးစရာ လူသိရှင်ကြားမလုပ်ရဲစရာ ကိစ္စ မျိုးတွေမဟုတ်ကြပါဘူး တစ်ခုလပ်ဖြစ်ဖြစ် အိမ်ထောင်ကွဲဖြစ်ဖြစ် တစ်ကိုယ်တော်မိခင်ပဲဖြစ်ဖြစ် တစ်ယောက်တည်း နေရတာ ရှက်စရာမဟုတ်ပါ


ကိုယ့်အပေါ်မကောင်းတဲ့ လူတစ်ယောက်နဲ့ ကိုယ်ရည်ကိုယ်သွေးအတုံးခံပြီး ဘဝကြီးတစ်ခုလုံး.. နစ်မြုပ်နေတာထက်စာရင် တစ်ယောက်ထဲ လွတ်လွတ်လပ်လပ်လေး နေရတာက ပိုသိက္ခာရှိပါတယ်

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လုံးဝ လေးစားမှုမရှိတော့ဘဲ ဆဲရေးတိုင်းထွာကြ သတ်ကြပုတ်ကြနဲ့ မျက်နှာချင်းတောင်ဆိုင်လို့မရတော့တဲ့ သဘောထားကွဲလွဲမှု အမြင်မတူမှုတွေရှိနေပြီဆိုရင် ဒီလို ဆိုးယုတ်တဲ့

အိမ်ထောင်မှုကို အဆုံးသတ်လိုက်ရမှာမရှက်ပါနဲ့


ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဒီလို အခြေအနေမျိုးထဲမှာ ဆုံးရှူံးမခံလိုက်ပါနဲ့

ရှေ့မှာ အကြာကြီးဆက်လက်ရှင်သန်သွားဦးမယ် ပျော်အောင်နေထိုင်သွားမယ် အိနြေရှိစွာ ရပ်တည်သွားမယ်လို့ တွေးပြီး ရုန်းထွက်ပါ


ပြီးတော့ Relationship အသစ်တစ်ခုပြန်စဖို့ကို လည်းမလုပ်အပ်တဲ့ အရာ ရှက်စရာကောင်းတဲ့အရာလို့မထင်ပါနဲ့ အမျိုးသားတစ်ယောက်နဲ့ Relationship တစ်ခုစဖို့ဆိုတဲ့ ကိစ္စ ကိုတမင်တကာ လိုက်လုပ်ရမယ်လို့မဆိုလိုပါ ဒါပေမဲ့ အကယ်၍များ ကိုယ့်အပေါ်တကယ်နားလည်ပေးနိုင်သူ ပတ်ဝန်းကျင်နဲ့ယှဉ်လိုက်ရင် ကိုယ့်ဘက်ကအမြဲရပ်ပေးပြီးသတ္တိရှိရှိကာကွယ်ပေးနိုင်သူ ချစ်နိုင်သူဆိုရင် ရွေးချယ်သင့်တာပါပဲ

လက်တွဲသင့်တာပါပဲ


နောက်ကြောင်းကို အစပြန်ပြန်ဖေါ်ပြီး ပြသနာရှာ ရန်လုပ်နေမဲ့ သူမျိုးဆိုရင်တော့

အရင်လူနဲ့တုန်းကလို အဖြစ်မျိုးတွေပဲ ပြန်ရောက်သွားနိုင်ပါတယ်


တချို့တွေဟာ နောက်အိမ်ထောင်လို့ခေါ်တဲ့ Second Marriage မှာ ပိုပြီး အောင်မြင်တတ်ကြပါတယ်

အောင်မြင်တယ်ဆိုတာက အိမ်ထောင်ရေးအရ အောင်မြင်တာကိုဆိုလိုတာပါ


ပိုပြီး ပျော်ရွှင်လာကြတယ်

ပိုပြီးချစ်တတ်လာကြတယ်

လူကြီးဆန်ပြီး ရင့်ကျက်လာတတ်ကြတယ်

နောက်အိမ်ထောင်ပြုတဲ့ မိန်းမတိုင်း အကျင့်မကောင်း တာမဟုတ်သလို အိမ်ထောင်ကွဲလာတဲ့ ယောကျာ်းနဲ့ လက်ထပ်တဲ့ မိန်းမ တိုင်းဟာလည်း အရှက်မရှိကြလို့ မဟုတ်ပါဘူး..


ဒီလိုပဲ အသက်ကြီးတဲ့ လူနဲ့ယူတဲ့မိန်းမတိုင်း ချူစားဖို့ ပိုက်ဆံမက်လို့ မဟုတ်သလို အသက်ငယ်တဲ့ယောကျာ်းနဲ့ ရတဲ့မိန်းမတိုင်း ရာဂစိတ်ပြင်းထန်လို့မဟုတ်ပါဘူး

ပထွေးကိုဆို ပတ်ဝန်းကျင်က အမြင်တစ်မျိုးနဲ့ကြည့်ကြတယ်


ပထွေးဆိုတာနဲ့ အမျိုးသမီးအရင်အိမ်ထောင်နဲ့ရတဲ့ သမီးကို ကိုယ်ရောစိတ်ပါပြစ်မှားနေသလိုလို..

အဖေအရင်းက သမီးပိစိလေးကို အဖေ မနေနိုင်လို့ပါ သမီးရယ်ဆိုပြီး မုဒိမ်းကျင့်နေတဲ့ အဖြစ်တွေကိုကျ ဘာပြောမလဲ


ကျွန်မတို့ လူ့ဘောင်အဖွဲ့အစည်းမှာတော့ အမျိုးသားနဲ့ အမျိုးသမီးကြားက အရိုးရှင်းဆုံးသော ဆက်ဆံရေး ဆိုတဲ့ ကိစ္စ လေးကိုပင် အကြီးကြီး အဆန်းတကျယ်ဖြစ်အောင် ပြောကြတာ ဝေဖန်ကြတာ သူများရဲ့ ကိုယ်ရေးကိုယ်တာ အတွင်းရေးတွေကို ကာယကံရှင်တွေထက်တောင် ပိုသိနေသလိုလို..


ပတ်ဝန်းကျင်ကို သင်ချုပ်ကိုင် လွှမ်းမိုးလို့မရပေမယ်လို့ ပတ်ဝန်းကျင်က သင့်ဆုံးဖြတ်ချက်တွေ ရွေးချယ်မှုတွေကို လွှမ်းမိုးချုပ်ကိုင်ထားတာမျိုးတော့ ဘယ်သောအခါမှ မဖြစ်မခံပါနဲ့

အမျိုးသမီးတိုင်း ပတ်ဝန်းကျင်မှာ ရဲရင့်စွာ ရှင်သန်နိုင်သူတွေဖြစ်ကြပါစေ ဆုတောင်းရင်း..


မွန်ဟော်စီ

2020

#မနက်စာအာဟာရ

Photo

FreeStock

2,652 views0 comments

Comments


bottom of page