top of page
Search

Widen the definition of happiness ပျော်ရွှင်မှုရဲ့အဓိပ္ပါယ်ကို ချဲ့ထွင်ဖွင့်ဆိုခြင်း...


ပျော်ရွှင်မှုဆိုတာ လူသားတွေရဲ့ဘဝအတွေ့အကြုံမှာ ပုံစံမျိုးစုံ၊ ရှုထောင့်မျိုးစုံနဲ့ ကိုယ်စားပြုတဲ့ အစိတ်အပိုင်း Multidimensional Part တစ်ခုပဲဖြစ်ပါတယ်။ ပျော်ရွှင်မှုလို့ဆိုတဲ့နေရာမှာ ကျေးဇူးတင်တတ်တဲ့စိတ် A sense of Appreciation၊ ကြည်နူးချမ်းမြေ့မှု Delight၊ ငြိမ်းချမ်းမှု Peace နဲ့ ရောင့်ရဲတတ်မှု Contentment တို့လည်း ပါဝင်ပါတယ်။


Buddhist Psychology အရကြည့်မယ်ဆိုရင် ကိုယ့်ရဲ့အတွင်းမှာရှိတဲ့ Positive Thoughts and Emotions ကို Amplify လုပ်နိုင်၊ ချဲ့ထွင်နိုင်လေ အဲဒီ Moment အခိုက်အတန့်လေးမှာ အခြေခံအားဖြင့် ပိုပျော်ရွှင်တဲ့ လူတစ်ယောက် ဖြစ်လာနိုင်တာဖြစ်ပါတယ်။


Appreciation and Gratitude

ကျေးဇူးတင်တတ်တဲ့စိတ်


ပျော်ရွှင်မှု Happiness ရဲ့အဓိကသော့ချက်ဟာ Appreciation လို့ခေါ်တဲ့ ကျေးဇူးတင်တတ်ခြင်းပဲဖြစ်ပါတယ်။ စိတ်တွေက ငြိမ်သက်အေးချမ်းနေပြီး အလယ်ဗဟိုချက်မမှာ ရှိနေတယ်ဆိုရင် ကိုယ့်ကိုပျော်ရွှင်မှုတွေယူလာပေးတဲ့ သေးငယ်တဲ့အရာတွေကအစ သတိထားမိလာတာဖြစ်ပါတယ်။


ပူနွေးတဲ့နေရောင်ဟာ ကိုယ့်ရဲ့အသားပေါ်မှာ တောက်ပစွာဖြာကျနေတယ်။သီချင်းဆိုနေတဲ့ငှက်ကလေးတွေရဲ့အသံကိုကြားရတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့အစားအစာတွေရဲ့အရသာဟာ အင်မတန်ကောင်းလိုက်တာပါလား လို့ဖြစ်တယ်။ အဲဒီအချိန်မှာ ကျေးဇူးတရား Gratitude ကို နှလုံးသွင်းကြည့်ပါ။ ဒီသေးငယ်တဲ့ပျော်ရွှင်မှုလေးတွေကို အသိအမှတ်ပြုလိုက်တာနဲ့ပဲ အလုံးစုံသော ပြည့်စုံချမ်းသာခြင်း Overall Sense of Wellbeing ကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။


Gratitude ဆိုတာ ဘယ်လောက်ပဲသေးငယ်ပါစေ။ ကောင်းမွန်တဲ့ဘဝရဲ့အချင်းအရာတွေပေါ် သတိပြုတတ်ခြင်းနဲ့ ကျေးဇူးတင်တတ်ခြင်း Noticing and Appreciating the Positive Aspects of Life ပဲ ဖြစ်ပါတယ်။ ဒါက ပျော်ရွှင်မှုကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။ နေ့တိုင်းမှာ ကိုယ့်ရဲ့လောကဟာ ခဏတော့လှသွားတယ်။ ဒီလို Mindset ကို အထူးသဖြင့်

Challenging Times စိန်ခေါ်မှုတွေနဲ့ ကြုံဆုံရတဲ့အခြေအနေမှာ နှလုံးသွင်းရမှာဖြစ်ပါတယ်။


Savoring the Good

ကောင်းမွန်တဲ့အရာများကို အရသာခံစားတတ်ခြင်း။

Happiness ရဲ့ Dimension

တစ်ခုဟာ အရသာခံတတ်ခြင်းပဲဖြစ်ပါတယ်။


Ability to Savor the Good လို့ ပြောရမှာဖြစ်ပါတယ်။ စိတ်ပျော်ရွှင်ချမ်းမြေ့စရာအခြေအနေတွေထဲမှာ မိမိကိုယ်ကို အပြည့်အဝနှစ်မြုပ်ခံစားတာမျိုးဖြစ်ပါတယ်။ ကိုယ်အရမ်းကြိုက်တဲ့အစားအစာတစ်ခုကို စားနေရတဲ့အချိန်မှာ ကောင်းလိုက်တာလို့ ခံစားပျော်ရွှင်တာမျိုးဖြစ်ပါတယ်။


အခုအချိန်မှာ ကိုယ်ချစ်ရတဲ့သူငယ်ချင်းတစ်ယောက်ဆီက နွေးထွေးတဲ့စာလေးတစ်စောင် လက်ခံရရှိမယ်ဆိုရင် ဒါဟာလည်းပျော်ရွှင်မှုတစ်ခုဖြစ်ပါတယ်။ သီချင်းသံတစ်ခုကြားလာလို့ အလိုက်သင့်စီးမျောယိမ်းနွဲ့ကခုန်နေမိတာဟာ လက်ရှိအခြေအနေမှာ ဖြစ်ပေါ်တဲ့ ကောင်းမွန်တဲ့အရာတွေကို Fully Enjoy အပြည့်အဝပျော်ဝင်နိုင်တာပဲဖြစ်ပါတယ်။ ဒါကလည်းပျော်ရွှင်မှုပါပဲ။


Savoring ဖြစ်တယ်ဆိုတာ လက်ရှိအချိန်အခိုက်အတန့် Present Moment ပေါ်မှာ Mindful ဖြစ်တာပါပဲ ။ ဒီ Ordinary Moments သာမန်အခိုက်အတန့်လေးတွေကိုပဲ အာရုံစိုက်တာများတယ်ဆိုရင် ပျော်ရွှင်မှုရဲ့အရင်းအမြစ် Sources of Profound Happiness တွေကဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်။


Peace and Contentment

ငြိမ်းချမ်းခြင်းနဲ့ရောင့်ရဲခြင်း


Happiness ပျော်ရွှင်မှု

ထဲမှာ A sense of Peace and Contentment ငြိမ်းချမ်းခြင်းနဲ့ရောင့်ရဲခြင်းကိုခံစားတတ်တဲ့စိတ်တွေ ပါဝင်ပါတယ်။


ကောင်းမွန်တဲ့အရာတွေချည်းပဲ ဘဝမှာ အဆက်မပြတ်ဖြစ်ပေါ်နေဖို့ ကြိုးစားနေတာမျိုးမဟုတ်ဘဲ မပြည့်စုံတဲ့အခြေအနေတွေကို ရင်ဆိုင်ရတဲ့အချိန်မှာတောင်မှ ရောင့်ရဲမှုကို ဆုပ်ကိုင်တတ်ဖို့ လိုရင်းဖြစ်ပါတယ်။ ခက်ခဲတဲ့အချိန်မှာ ကိုယ့်ရဲ့အခြေအနေကို နားလည်လက်ခံပြီး ကိုယ့်ရဲ့နေထိုင်စားသောက်မှုဘဝပုံစံ Life style တွေအတွက် ဟန်ချက်ညီမှုကို ရှာဖွေနိုင်တာ Contentment ပဲဖြစ်ပါတယ်။


ဆိုလိုတာက တချို့အခြေအနေတွေမှာ ကြွားဝါနေဖို့လည်းမလိုဘူး။ လူဝင်ဆံ့ဖို့၊ မရှိ..၊ရှိတာတွေထုတ်ပြနေဖို့လည်းမလိုဘူး။ ဒီအရာတွေဟာ ဘာမှလည်းအရေးမပါဘူး။ အရှည်တည်တံ့တဲ့ပျော်ရွှင်မှုကို တည်ဆောက်ချင်တယ်ဆိုရင် ကိုယ် လက်ရှိပိုင်ဆိုင်တဲ့အခြေအနေကို ဘာမှဝေဖန်အပြစ်တင်ခြင်းမလုပ်ဘဲ ရောင့်ရဲစွာနေထိုင်လိုက်ဖို့ပါပဲ။


မပြည့်စုံတဲ့အခြေအနေတွေကြားမှာပဲ ရှိနေတဲ့အရာအပေါ်မှာ ရောင့်ရဲနိုင်တာ တွေဟာ ပျော်ရွှင်မှုကို စတင်စေပါတယ်။


Full of Awareness

ပြည့်ဝသော အသိတရား


ဗုဒ္ဓစိတ်ပညာမှာ ဂရုစိုက်မှု Care၊ သင့်တင့် လျောက်ပတ်မှု Decency နဲ့ အာရုံစူးစိုက်မှု Attentiveness တို့ကို အပြည့်အဝသိရှိနားလည်မှုက ထာဝရပျော်ရွှင်မှုရရှိဖို့ အရေးကြီးတယ်လို့ ယူဆတာဖြစ်ပါတယ်။ အဲဒီအသိတရားက အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ရည်ရွယ်ချက်တွေကို အသိအမှတ်ပြုခြင်းနဲ့ တန်ဖိုးထားခြင်းတို့ ပါဝင်ပါတယ်။ ဒီအခိုက်အတန့်တွေကို အာရုံစိုက်ခြင်းနဲ့ ပျော်ရွှင်မှုကို ခံစားရရှိစေပါတယ်။


ကျေးဇူးတရားသိတတ်တာ၊ လက်ရှိအခြေအနေကိုအရသာခံစားတတ်တာ၊ ငြိမ်သက်ခြင်းနဲ့ ရောင့်ရဲခြင်းရှိတာ၊ ပိုမိုပြည့်ဝတဲ့အသိတရားရှိခြင်းဟာ ပျော်ရွှင်ခြင်းရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ချဲ့ထွင်ပေးလိုက်တာပဲဖြစ်ပါတယ်။


ကျေးဇူးတရားကို လေ့ကျင့်ခြင်း၊ ကောင်းကျိုးကို မျှော်လင့်ခြင်း၊ ငြိမ်သက်ခြင်းကို ဆုပ်ကိုင်ထားခြင်း၊ အသိတရားပြုစုပျိုးထောင်ခြင်းအားဖြင့် ဘဝရဲ့အတက်အကျတွေကြားမှာပဲ အခြေခိုင်စွာ ပျော်ရွှင်သောသူတွေ ဖြစ်လာနိုင်ပါတယ်။


80 views0 comments

Comments


bottom of page