top of page
Search

ကျေးဇူးတင်လိုက်ပါ ..ကျေးဇူးတင်ပါတယ် ..ကျေးဇူးတင်တတ်ပါစေ.


ကျေးဇူးတင်လိုက်ပါ ..ကျေးဇူးတင်ပါတယ် ..ကျေးဇူးတင်တတ်ပါစေ..အစရှိသဖြင့် ပြောကြဆိုကြတာ

လွယ်ကူပေမယ့် ကျေးဇူးတင်တဲ့.. ကိစ္စကို အလေ့ကျင့်တစ်ခုလို..ဖြစ်လာအောင် လုပ်ဖို့ဆိုတာ ခက်ခဲနေ

တတ်ပါသေးတယ်


ကျွန်မဆိုရင်..ကိုယ့်ကိုယ်ကိုယ်ကျေးဇူးတရားနားလည်တဲ့သူကျေးဇူးတင်တတ်တဲ့သူ .. ကျေးဇူးတင် ပါတယ်လို့ ပြောတတ်တဲ့သူဆိုတာ..သိနေပေမဲ့..ပုံမှန် Gratitude Practice လုပ်ဖို့အတွက်ကျတော့ နှစ်ပေါင်းများစွာ နှောင့်နှေးကြန့်ကြာနေခဲ့ရပါတယ်

အဲဒါကလည်း ကျေးဇူးတင်တယ်..ဆိုရင်ပြီးတာပဲ..ဒီလောက်မလိုပါဘူးလို့ တွေးမိတာမျိုးလည်းဖြစ်သလို.. လက်နဲ့ချရေးနေရလောက်အောင်မလိုပါဘူး ..ဘာမှလည်း..မထူးခြားနိုင်ပါဘူးလို့..တွေးမိတာလည်း..ပါ.. ပါတယ်..

Gratitude Practice လုပ်တယ်ဆိုတဲ့နေရာမှာ..နေ့စဉ် မပျက်မကွက်..ကျေးဇူးတင်စရာအချက်လေးတွေကို

စာအုပ်မှာချရေးရတာပါ.. ကျွန်မကတော့..တစ်နေ့ကိုဆယ်ချက်အနည်းဆုံး ရေးဖြစ်အောင်ရေးပါတယ်..

စိတ်ထဲမှာ..အတွေးနဲ့..ခံစား..တွေးတော..ကျေးဇူးတင်နေရုံနဲ့မပြီးဘဲ..လက်ကနေ..ချရေးလိုက်တယ်ဆိုတာ အလေ့အကျင့်တစ်ခုကိုပြုစုပျိုးထောင်ခြင်းရဲ့အစပဲဖြစ်ပါတယ်..


စိတ်ထဲမှာတွေးရုံနဲ့ဘာဖြစ်လို့ မပြီးသလဲဆိုရင် ..တစ်ခါတစ်လေကျတော့..ကျွန်မတို့တွေးနေတဲ့ အတွေးတွေဟာ..ဘယ်လောက်ပဲများပြားနေပါစေ..စာနဲ့ချရေးလိုက်တော့မှ..တစ်ကြောင်းလောက်သာ ထွက်လာတာမျိုးတွေရှိလို့ပါပဲ..ဆိုလိုတဲ့သဘောက စာနဲ့ချရေးလိုက်တဲ့အခါမှာ လက်နဲ့နှလုံးသားနဲ့ ထပ်တူကျ အလုပ်လုပ်ပြီး ပိုပြီးကျစ်လျစ်လာတယ်.. စိတ်ထဲက..အတွေးပေါင်းတစ်သိန်းလောက်ကို ရှင်းရှင်းလင်းလင်း မျက်စိနဲ့မြင်လိုက်.. ဖတ်လိုက်ရတဲ့ အတွက်ပဲဖြစ်ပါတယ် အဲဒီလို...လက်နဲ့ချရေးလိုက်တယ်


မျက်စိနဲ့မြင်လိုက်ရတယ်ဆိုတဲ့အခါ သေချာမှုကိုဖြစ်စေပါတယ်.. ကိုယ့်ကိုယ်ကိုယ်..အတည်ပြုလိုက်တာ

မျိုးလည်းဖြစ်ပါတယ်..အဲဒီအတွက် Gratitude Practice ကို..လေ့ကျင့်ရတာပါပဲ..အရင်ကတော့....ရံဖန်ရံခါ စိတ်ထဲ ပေါ်ရင်ပေါ်သလို ထ... ထ..ရေးတတ်ပေမယ့်.. အောက်တိုဘာလ.. တစ်ရက်နေ့ကစပြီး ညမအိပ်ခင်တိုင်းမှာ..Gratitude Practice ကိုလုပ်ပါတယ် ..

လုပ်စရာရှိတဲ့ ကိစ္စ ဝိစ္စ..တွေပြီးလို့.. အိပ်ရာမဝင်ခင်နေ့စဉ်မှတ်တမ်းရေးတဲ့အချိန်မှာ ဒီနေ့အတွက် ကျေးဇူးတင်စရာကောင်းတဲ့အချက်ကလေးဆယ်ချက်ကို တွေးပြီးချရေးလိုက်တာပါပဲ.. စစချင်းတုန်းက.. ဘာတွေကိုကျေးဇူးတင်ရမလဲမသိဘူးလို့ ယောင်ချာချာဖြစ်နေပါသေးတယ်.


ခုကျတော့ ကျေးဇူးတင်စရာအချက်တွေများလွန်းလို့ တစ်နေ့တစ်နေ့ဆယ်ချက် မကဘူး.. ၁၆ချက်..အချင် ၂၀ လောက် ဖြစ်နေတာကိုတွေ့ရတယ် ..ပျော်စရာပါပဲ..ကျွန်မရဲ့ Gratitude မှတ်တမ်းထဲမှာ..


  • အမေ ဆီးချိုကောင်းနေလို့..

  • သားသားတို့ ကောင်းကောင်း..စားကြ..ဆော့ကြလို့..

  • ရှမ်းခေါက်ဆွဲစားရလို့..

  • စာအုပ်တွေရောင်းရလို့..

  • စာဖတ်သူတွေဆီက Positive Comments တွေရလို့..

  • အလုပ်အသစ်တွေပေါ်လာလို့..

  • စာရေးဖြစ်လို့..

  • Fasting လုပ်ဖြစ်လို့..

  • လက်ဆောင်တွေရလို့..

  • တရားနာခဲ့ရလို့..

  • သူငယ်ချင်းနဲ့ တွေ့ရလို့..

  • ဒီနေ့တစ်နေ့ကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်ခဲ့လို့..


ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ် ဆိုတဲ့ အချက်ကလေးတွေပါနေတတ်ပါတယ်..


အင်မတန် ရိုးရှင်းတဲ့ အချက်တွေပါပဲ..ဒါပေမဲ့ ဒီအချက်ကလေးတွေသာ အဆင်ပြေမနေခဲ့ဘူးဆိုရင် ဘယ်လိုဖြစ်မလဲ တွေးကြည့်မိတော့ လန့်သွားတယ်..ဥပမာ..အမေ ဆီးချိုတွေ မထိန်းနိုင်ရင် ဘယ်လိုလုပ်မလဲ..ဘာဖြစ်မလဲ..တွေးမိတာပါ..သားသားတို့ မကစားကြဘူး..ကောင်းကောင်းမစားကြဘူး

ကောင်းကောင်းမစားကြဘူးဆိုရင်..ဘယ်လိုဖြစ်မလဲ တွေးမိတာပါ..


ကျွန်မတို့က ဘဝထဲမှာ ရှိနေ.. ရနေတဲ့ ကောင်းခြင်းတွေကို ဘာမှ မဟုတ်ပါဘူး ဆိုပြီး မေ့လျော့နေတတ်

ကြတယ်..Take it for ranted..ရနေလို့ယူလိုက်တာပဲ..တန်ဖိုးထားရကောင်းမှန်း..ကျေးဇူးတင်ရကောင်းမှန်း မသိကြဘူး..


တကယ်တော့..သေးသေးလေးကစပြီး ကျေးဇူး တင်တတ်ဖို့လိုပါတယ်..ရေးရင်းနဲ့ ပျော်ပြီးရပ်လို့မ

မရတော့တာလည်း အခါခါပါပဲ..အခုနောက်ပိုင်းမှာ..ကျွန်မ အတော်..နေလို့ကောင်းလာတာဟာ နေ့စဉ် Gratitude Practice လုပ်တဲ့အတွက် ဖြစ်တယ်ဆိုတာကိုယုံကြည်လာပါတယ်


ဘယ်လိုနေလို့ကောင်းလာတာလဲဆိုရင်..စိတ်အားငယ်မှုတွေ..သိပ်မရှိတော့ဘူး ...စိုးရိမ်ပူပန်မှုတွေ

အတော်လျော့သွားတယ်.. သိပ်မကြောက်တော့ဘူး ....ကိုယ်ကြောက်တဲ့အရာတွေဟာ ကိုယ်ထင်သလောက် မဆိုးဘူးဆိုတာ မြင်လာတယ်.. ပစ္စုပ္ပန်မှာနေတတ်လာတယ်..တစ်နေ့စီ ရှင်သန်ဖြတ်သန်းတတ်လာတယ်...

ကိုယ့်ကိုယ်ကိုယ်..ယုံကြည်မှုတွေတိုးလာတယ်..အားတက်လာတယ် ..


ကောင်းတာတွေပိုလုပ်ဖို့ သတိရလာတယ်.. မကောင်းတာတွေ လုပ်မိ ပြောမိ နားထောင်မိတိုင်းလည်း သိနေတယ်ကိုယ့်ရဲ့အမှားတွေ..ကိုယ့်ဘက်ကအလွန်တွေကို..ပြန်ပြီးမြင်တတ်လာတယ် ..အဲဒီအခါမှာ

ဒေါသ..နည်းသွားတယ် ..ရှင်သန် နေခွင့်ရနေသေးတဲ့ ဘဝကို..ကိုယ့်ဘေးက လူတွေ.. အရာဝတ္ထုတွေကို တန်ဖိုးထားတတ်လာတယ်..အကောင်းမြင်တတ်လာတယ်..


ကျေးဇူးတင်စရာတွေများလာတာနဲ့အမျှကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ဒီကျေးဇူးတရားတွေဟာသိုက်သိုက်ဝန်းဝန်း

လွှမ်းခြုံထားသလိုဖြစ်နေတယ်..အထီးကျန်တာမျိုး ငါတစ်ယောက်တည်း..ဒီလို.. ပြဿနာတွေပူပန်မှုတွေ တွေခံစားနေရပါလား..ဆိုတာမျိုးတွေ မရှိတော့ဘူး...


သိပ္ပံပညာနဲ့...သုတေသနပြုလုပ်ချက်တွေအရ.. ဒီလို Gratitude Practice လုပ်တဲ့အတွက် လူတွေမှာ စိတ်ပိုင်းဆိုင်ရာ..ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေ..ဘယ်လောက်ထိရသလဲဆိုတာကို သက်သေတွေ

အများကြီးပြနေနိုင်ဆဲပါပဲ..


ရင်သားကင်ဆာခံစားနေရတဲ့အမျိုးသမီး ၆၇ယောက်ကို ခြောက်ပတ်ကြာ ပြုလုပ်တဲ့ Gratitude Intervention အစီအစဉ်မှာ ပါဝင်ခိုင်းတော့ ကင်ဆာ..ပြန်ပေါ်လာမှာကိုကြောက်တဲ့စိတ်တွေ Fear of Cancer Re-occurrence လျော့ကျသွားတာကိုတွေ့ရတယ်တဲ့.. အကျဥ်းသား..၅၉ယောက်ကို ငါးပတ်ကြာပြုလုပ်တဲ့ Gratitude intervention အစီအစဥ်ကိုတက်ခိုင်းတဲ့အခါမှာ အချင်းချင်း ခိုက်ရန် ဖြစ်တာတွေ..ရန်လိုတာတွေလျော့နည်းသွားတယ်လို့ ဖတ်ခဲ့ရဖူးပါတယ်..


A consistent gratitude practice can change your life and improve your mental health and well-being.

Gratitude Practice ကိုပုံမှန်လုပ်နေမယ်ဆိုရင် ဘဝကိုရှုမြင်တဲ့ပုံစံတွေပြောင်းလဲသွားနိုင်သလို ကိုယ့်ရဲ့စိတ်ကျန်းမာရေးအတွက်လည်း အများကြီးတိုးတက်လာတာကိုတွေ့ရပါလိမ့်မယ်


အဓိကကတော့နှစ်နှစ်ကာကာယုံယုံကြည်ကြည်ဆောင်ရွက်ပြုလုပ်ဖို့ပါပဲ..နေ့တိုင်း..တစ်လလောက်လုပ်ကြည့်တဲ့အခါ နောက်ပိုင်းမှာ မလုပ်ရရင်မနေနိုင်တော့အောင်..ရပ်လို့မရတော့အောင်ကို Gratitude Practice Journal ရေးရတာပျော်ရွှင် လာပါလိမ့်မယ်..


မွန်ဟော်စီ

၂၀၂၂ ဇန်နဝါရီ




149 views0 comments

Comments


bottom of page