top of page
Search

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်..ဂရုစိုက်တတ်ဖို့ ဂရုစိုက်တတ်ဖို့..ပျော်ရွှင်တတ်ဖို့ ကြိုးစားကြည့်ကြရအောင်




ကျွန်မဆိုရင်..မိုးလင်းလာတာနဲ့ဗိုက်ဆာတတ်တော့..အဲဒီအချိန်မှာ စားဖို့သောက်ဖို့တွေတွေးရင်း စိတ်ထဲပေါ်သမျှ အစားအစာတွေအကုန်လုံးမြင်ယောင်..ပါးစပ်ထဲထည့်ချင်တဲ့စိတ် ဖြစ်ပါတယ်.. မုန့်ဟင်းခါးလည်းစားချင် ..အသုပ်လည်းစားချင်..အဲဒီလိုဖြစ်နေတတ်ပါတယ်..


စျေးရောက်တဲ့နေ့ဆိုရင်..ဟိုဟာတစ်ခု..ဒီဟာတစ်ခု..အစုံလျှောက်ဝယ်ရင်း..အိမ်ရောက်တော့..ဟို.နည်းနည်း စားမိတာကနေ ..စားတာတွေကလည်းများလိုက်တာ.. တစ်ကိုယ်လုံး အဆီပိတ်ပြီး..သေတော့မလား မသိဘူးလို့..အမေနဲ့ပြောရတဲ့အထိပါပဲ..


ကျွန်မမှာသာ သားသမီးရှိရင်..ကိုယ့်ကလေးကို..ဒီလိုမျိုးတွေ ကျွေးပါ့မလားလို့ စိတ်ထဲမှာဖြစ်မိတယ်.. ကလေးဆိုရင်တော့ မိခင်ရဲ့ မေတ္တာနဲ့ အာဟာရရှိတဲ့အစားအစာလေးရွေးချယ်ကျွေးမိမှာပါပဲ..


ကိုယ်စားချင်တာတွေလျှောက်စားနေတာကိုကြည့်ပြီး..အကုန်လုံးက ဆီကြော်တွေ..အနှစ်တွေ..အီစိမ့်နေတဲ့ အချိုတွေနဲ့.. မတည့်တာတွေချည်းပဲ..ကိုယ့်ကိုယ်ကိုယ်..မေတ္တာမထားနိုင်လိုက်တာလို့ တွေးမိပါတယ်


ကျွန်မတို့က..ကိုယ့်ကိုယ်ကိုယ် ချစ်တယ်..ချစ်တယ်နဲ့တကယ်တမ်းကျတော့ ဒုက္ခရောက်အောင်တွေ လုပ်နေတတ်ကြတာများတယ်.. ဒါကြောင့်လည်း..အသက်တွေတိုကြတာပဲလို့ဖြစ်မိပါတယ်..


အခုတော့..တစ်ပတ်မှာတစ်ရက်လောက်ပဲ ကိုယ်ကြိုက်တဲ့မနက်စာကိုတဝစားပြီး နာရီပိုင်းနဲ့ Fasting လုပ်နေပါတယ်..မနက်နဲ့ နေ့လည်စာကို မနက်ဆယ်နာရီခွဲလောက်မှာ ပေါင်းပြီးစားလိုက်တယ် စားတိုင်းလည်း..အသားနဲ့ အဆီထက်..အသီးအရွက်ကလေးတွေ များများ ထည့်စားတယ်


ကိုယ့်ကိုယ်ကိုယ်..ကျန်းမာအောင်ပျော်ရွှင်အောင် နေတတ်ဖို့ဆိုတာ ဘဝမှာလိုအပ်ပါတယ်..ဒါဟာ

မိမိကိုယ်မိမိ မေတ္တာ သက်ဝင်ချစ်ခင်ခြင်းပဲဖြစ်ပါတယ်


Self Care လို့ပြောလိုက်ရင်ကျွန်မတို့က အလှပြင်ဆိုင်သွားပြီး လက်သည်းခြေသည်းလုပ်တာ..Spa လုပ်တာလောက်ကိုပဲ မျက်စိထဲပြေးမြင်မိကြတယ်..ကိုယ် ကြိုက်တဲ့..တန်ဖိုးကြီးပစ္စည်းတွေကို ဝယ်ပစ်လိုက်တာ...အစရှိသဖြင့် ငွေကုန်ကြေးကျများတဲ့အရာတွေကို အရင်ဆုံးစဉ်းစားလိုက်

ကြတာများတယ်..


တကယ်တော့ ကိုယ့်ကိုယ်ကိုယ်..ချစ်ဖို့ပျော်ရွှင်အောင်ထားဖို့ဆိုတာ ငွေကုန်ကြေးကျတွေ..အများကြီးခံစရာ

မလိုပါဘူး အစားအသောက်..အနေအထိုင်လေးတွေ..စိတ်ရဲ့အတွေးလေးတွေကိုဆင်ခြင်သတိရှိနေတာလည်း

ရှိနေတာဟာလည်း ကိုယ့်ကိုယ်ကိုယ်မေတ္တာရှိရာ ရောက်ပါတယ်


ကိုယ်ခန္ဓာကြီးကို ချစ်တယ်ဆိုရင် နေ့စဥ် ရေများများသောက်ပါ..စောစောအိပ်ပါ..မျက်စိကိုသနားရင်

ဖုန်းသိပ်မကြည့်ပါနဲ့..အူတွေကိုသနားရင် အစားတွေ အများကြီး မစားပါနဲ့..အသီးအရွက်တွေစားပေးပါ..

အသဲကိုသနားရင် အရက်တွေသိပ်မသောက်ပါနဲ့..Fresh Juice လေးတွေသောက်ပါ အဆုတ်ကိုသနားရင်..

ဆေးလိပ်မသောက်နဲ့ လေကောင်းလေသန့်ရှု..အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ..နှလုံးကို သနားရင် အဆီတွေ သိပ်မစားနဲ့..လေ့ကျင့်ခန်း လုပ်ပါ..ဝင်သက်ထွက်သက်လေးမှတ်ပါ..


စိတ်ပိုင်းဆိုင်ရာအရဆိုရင်..ကောင်းတဲ့အရာလေးတွေကိုရှာဖွေတွေးတတ်တဲ့ အလေ့အကျင့်လေးတွေကို

ပြုစုပျိုးထောင်ဖို့လိုပါတယ် ..ကျွန်မကတော့..စိတ်ညစ်စရာတစ်ခုကြုံတိုင်း စိတ်ပျော်စရာဆယ်ခုလောက်ကို ချရေးပစ်လိုက်တယ်..စိတ်ဆင်းရဲစရာ စိတ်ရှုပ်စရာတွေနဲ့ တတ်နိုင်သလောက်ဝေးဝေးနေပါတယ်.. အဲဒီလိုစိတ်ခံစားမှုတွေကို ပေးတတ်တဲ့သူတွေနဲ့လည်း ရှောင်ရှားပြီးနေပါတယ် ..


နောက်ဆုံးတစ်ခုကတော့ကိုယ့်ရဲ့စိတ်ကို အေးချမ်း ငြိမ်သက်အောင်ထားတတ်ရပါမယ်..ကိုယ့်ရဲ့စိတ်အစဉ်ကို အေးချမ်းအောင်ထားနိုင်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ်..စစ်မှန်တဲ့မေတ္တာပေးခြင်းပဲဖြစ်ပါတယ် ကိုယ့်စိတ်ကို.ကိုယ်အကုသိုလ်တွေမပေးမိဖို့ ...သန့်ရှင်းတဲ့စိတ်နဲ့..ဘဝမှာ.. ဟန်ချက်ညီအောင် ..Balance ဖြစ်အောင်..နေထိုင်တတ်ခြင်းဟာ ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်းပဲ ဖြစ်ပါတယ်..


ကိုယ့်စိတ်ပျော်ဖို့..ကိုယ့်..ကိုယ်ခန္ဓာကျန်းမာဖို့ဆိုတာဘယ်သူ့ပေါ်မှာမှ..မူတည်ခြင်းမရှိပါဘူး..ကိုယ့်ယောကျာ်းနဲ့လည်း..မဆိုင်ဘူး..ကိုယ့်မိန်းမနဲ့လည်း..မဆိုင်ဘူး..ကိုယ့်အမေနဲ့လည်းမဆိုင်ဘူး..ကိုယ်နဲ့ဆိုင်ပါတယ်..


ကိုယ်တိုင်လုပ်မှရမယ့်အရာတွေအတွက်..ဘယ်သူ့ကိုမှစိတ်ပင်ပန်းခံပြီးမမှီခိုပါနဲ့..ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့..ဂရုစိုက်တတ်ဖို့ ဆိုတာကိုယ့်မှာသာတာဝန်ရှိပါတယ်..


နှစ်သစ်ရဲ့ပထမဆုံးလကစပြီး..ကိုယ့်ကိုယ်ကိုယ်ချစ်တတ်..ဂရုစိုက်တတ်ဖို့..ပျော်ရွှင်တတ်ဖို့ ကြိုးစားကြည့်ကြရအောင်ပါနော်..


မွန်ဟော်စီ

၂၀၂၂ ဇန်နဝါရီ


#မနက်စာအာဟာရ



42 views0 comments

Comments


bottom of page