ငါကတော့သူ့ကိုချစ်တယ်၊ သူကတော့ ငါ့ကိုပြန်မချစ်ဘူး။
အဲဒီခံစားချက်ကြောင့် နှလုံးသားလေးတစ်ခုဟာ အမြဲတမ်း နာကျင်နေရတယ်၊ ကြေကွဲဝမ်းနည်းနေရတယ်၊ မစားနိုင်မအိပ်နိုင်တွေဖြစ်ရတယ်။ ရင်ထဲမှာဟာပြီး ကွက်လပ်တစ်ခုလိုဖြစ်နေတယ်။ အပြည့်အဝပျော်ရွှင်တယ်ဆိုတာမရှိဘူး။
သူဖြည့်ပေးမှပဲ ကိုယ့်ဘဝပြည့်စုံမယ်။ “You make my life complete " ဆိုတာဟာ တကယ်တမ်းတော့ အတ္တကို အခြေခံထားတဲ့ ego-personality တစ်ခုပဲဖြစ်ပါတယ်။ သူ့ကြောင့် နာကျင်ရတယ်ဆိုတာ ကိုယ်လိုချင်တဲ့အဖြေကို မရမချင်း သူ့ဆီမှာ သွားရှာနေမိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ တကယ်တမ်းမှာ ကိုယ့်ရဲ့အတွင်းစိတ်ကို ပြန်ကြည့်တဲ့အခါ ကိုယ်ရှာနေတဲ့အဖြေကို တွေ့နိုင်ပါတယ်။ ကိုယ့်စိတ်ကိုယ်သိတယ်ဆိုတာ တစ်ဆင့်မြင့်တဲ့ အသိဉာဏ်တစ်ခုလည်းဖြစ်ပါတယ်။
မိမိရဲ့စိတ်နှလုံးကို ပြီးပြည့်စုံစေတာဟာ Consciousness လို့ခေါ်တဲ့ အသိပဲဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ “I, me and mine” ငါဆိုတဲ့အရာကို အရှေ့ဆုံး center အကျဆုံးမှာ အမြဲထားခဲ့တဲ့အတွက် ကိုယ်ကပဲ အာရုံစိုက်တာခံချင်တယ်။ ကိုယ်မရတာကိုပဲ သွားမြင်နေမိတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုချစ်ရမလဲလို့ မသိကြတာမျိုး ဖြစ်တတ်ပါတယ်။
Healing လုပ်တယ်ဆိုတဲ့နေရာမှာ Self Love က အင်မတန်အရေးကြီးပါတယ်။ ကိုယ်တိုင်ဒဏ်ရာရနေတဲ့လူတစ်ယောက်ဟာ တခြားတစ်ယောက်ကို ကူညီပေးဖို့ အင်မတန်ခက်ခဲပါလိမ့်မယ်။ ကိုယ်တိုင်က စိတ်ရောလူရော ကျန်းမာနေတယ်၊ ကြံ့ခိုင်သန်စွမ်းနေတယ်ဆိုရင် တခြားသူတစ်ယောက်ကိုလည်း ကယ်တင်ပေးနိုင်တယ်၊ ကုစားပေးနိုင်တယ်။ အဲဒီသဘောပါပဲ။ ကိုယ့်ကိုယ်ကိုယ် အင်မတန် ချစ်တတ်တန်ဖိုးထားတတ်တယ်၊ ကိုယ့်စိတ်ကို ကိုယ်နာကျင်မှုတွေမပေးဘူး။ ကိုယ့်ရဲ့စိတ်ခံစားမှုတွေနဲ့ပတ်သက်ပြီး တာဝန်ယူတတ်တယ်။ ကိုယ်ဖြစ်နေတာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး၊ ကိုယ့်ရဲ့ ခံစားချက်တွေကြောင့်သာ ဖြစ်တယ်။ နာကျင်တယ်လို့ မှတ်ယူတယ်ဆိုရင် နာကျင်နေမှာပဲဖြစ်ပြီး လွတ်လပ်တယ်လို့ မှတ်ယူတဲ့အခါ လွတ်မြောက်သွားမှာပဲဖြစ်ပါတယ်။ ကိုယ့်ခံစားမှုတွေအတွက် ဘယ်သူ့မှာမှ တာဝန်မရှိဘဲ ကိုယ်ကိုယ်တိုင်သာလျှင် တာဝန်ရှိတယ်။ ဒီခံစားမှုတွေကို ပြောင်းလဲသွားအောင် ကိုယ်တိုင်သာလျှင် လုပ်နိုင်တယ်ဆိုတာကိုလည်း သိရမှာဖြစ်တယ်။
ကိုယ်ကိုယ်တိုင်က ဒဏ်ရာရနေပြီဆိုတဲ့အခါ တခြားသူတွေကိုလည်း ဒဏ်ရာပေးဖို့ လွယ်ကူနေတတ်ပါတယ်။ တခြားတစ်ယောက်ကို မရွေးချယ်ခင်မှာ ကိုယ့်ကိုယ်ကိုယ် အရင်ရွေးချယ်တတ်ဖို့လိုပါတယ်။ ကိုယ်ကိုယ်တိုင်က ကိုယ့်အတွက်အလင်းရောင် အရင်ဆုံးဖြစ်နေဖို့လိုပါတယ်။
ချစ်ခြင်းမေတ္တာတရားဆိုတဲ့လမ်းကို လျှောက်လှမ်းတဲ့နေရာမှာ Selfish ဆိုတာ ကိုယ့်အတွက်ကြည့်ရမှာဖြစ်သလို Selfless ဆိုတာကလည်း ငါဆိုတဲ့ သဘောကို လိုအပ်တဲ့အချိန်မှာ လွှတ်ချတတ်ဖို့ဖြစ်ပါတယ်။ Selfish and selfless Experiences အတွေ့အကြုံနှစ်ခုစလုံးကို ဟန်ချက်ညီမျှအောင် Balance လုပ်ပေးဖို့လိုပါတယ်။
အရင်ဆုံးကတော့ မိမိကိုယ်မိမိ အရိုးရှင်းဆုံးနည်းနဲ့ချိတ်ဆက်တတ်ဖို့ Connect လုပ်တတ်ဖို့လိုတယ်။ မိမိကိုယ်မိမိ လက်ခံတတ်ဖို့ Self Acceptance ရဖို့ လိုတယ်။ ဒီတံခါးချပ်ကလေးကို သေချာဖွင့်လိုက်နိုင်ပြီဆိုရင် True spiritual relationship ကို ခြေလှမ်း လှမ်းနိုင်ပြီလို့ ပြောရမှာပဲဖြစ်ပါတယ်။
ပထမဆုံး ကိုယ်နဲ့ကိုယ်ရဲ့ ဆက်ဆံရေးကို တည်ဆောက်ရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာမှ ကိုယ့်ရဲ့ဘဝကို ပြည့်စုံစေတယ်လို့ ခံစားရတဲ့ လူတစ်ယောက်နဲ့ Relation တစ်ခုကို မျှဝေတည်ဆောက်လို့ရမှာဖြစ်ပါတယ်။
တကယ်လို့ ကိုယ်ဟာ ကိုယ့်အတွက် လုံလောက်ပြီ “I am enough” လို့ ခံစားရပြီဆိုရင် ပိုပေးဖို့ ဘယ်သူ့အပေါ်မှာမှ..
တောင်းဆိုလိုတော့မှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် Ego အတ္တမပါဘဲ ချိတ်ဆက်လာနိုင်ပြီဆိုရင် တခြားတစ်ယောက်နဲ့လည်း အဲ့ဒီနည်းအတိုင်း ရိုးရှင်းစွာ သဘာဝကျစွာ ချိတ်ဆက်လာနိုင်မှာပဲဖြစ်ပါတယ်။
ကိုယ်ရနေတဲ့ပြည့်စုံမှုကို ကိုယ်နဲ့အတူ မျှဝေခံစားဖို့ သူ့ကို ဖိတ်ခေါ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ကတော့ ကိုယ်အထီးကျန်တဲ့အတွက် တစ်ယောက်တည်းဖြစ်နေတဲ့အတွက် အားငယ်နေတဲ့အတွက် မလုံခြုံတဲ့အတွက် တစ်ယောက်ယောက်က ဖြည့်ပေးဖို့ လိုအပ်နေတယ်ဆိုတဲ့ ခံစားချက်နဲ့ ဆန့်ကျင်ဘက်ပဲဖြစ်ပါတယ်။
Relationshipမှာ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရှိလာအောင် ခွန်အားတွေပြည့်လာအောင် အရင်ဆုံး တည်ဆောက်ရမှာပဲဖြစ်ပါတယ်။
မွန်ဟော်စီ
January 2024
Photo FreeStock
Comentarios