top of page
Search

ကိုယ်လိုချင်တဲ့အရာတွေအကုန်လုံးကိုယ့်ဆီမှာပဲရှိတယ် ..


တစ်စုံတစ်ယောက်ရဲ့ဆုတောင်းလေးကိုပြည့်စေခဲ့ဖူးပါသလား။ တစ်စုံတစ်ယောက်ရဲ့လိုအင်ဆန္ဒ လေးကို ဖြည့်ပေးခဲ့ဖူးပါသလား။ တစ်စုံတစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို အောင်မြင်အောင်ပံ့ပိုးကူညီပေးခဲ့ဖူးလား။ တစ်စုံတစ်ယောက်ကို မိမိကြောင့် စိတ်ပျော်ရွှင်အောင် လုပ်ပေးခဲ့ဖူးလား။ ဒုက္ခရောက်နေတဲ့သူကိုကူညီပေးခဲ့ဖူးသလား။


Universe ဆိုတာ ဘာလဲ။

ဘယ်သူလဲ။ ဘယ်ကလဲ။ ဘယ်နေရာမှာရှိလဲ။သူ့ဆီက ဘာတွေတောင်းလို့ရလဲ။ ဘယ်လိုတောင်းရလဲ။ ဘယ်လို သူက ပေးမှာလဲ။


..ဆိုတဲ့မေးခွန်းတွေကို မေးလာတဲ့အခါ.. အပေါ်ဆုံးစာပိုဒ်က

မေးခွန်းတွေပဲပြန်မေးလိုက်ပါတယ်။


တကယ်လို့ ကိုယ်ဟာ အဲဒီအရာတွေအကုန်လုံး တစ်စုံတစ်ယောက်အတွက် လုပ်ပေးခဲ့ဖူးပါတယ် ..ဖြည့်ဆည်းပေးခဲ့ဖူးပါတယ်

ဆိုရင် ကျွန်မတို့ကိုယ်တိုင်ဟာ အဲဒီသူအတွက် Universe ပဲ ဖြစ်ပါတယ်..


ကိုယ့်ရဲ့လိုအင်ဆန္ဒတွေပြည့်ဝခဲ့တာ

ကိုယ့်ရယ်ရွယ်ချက်

အောင်မြင်ခဲ့တာ..

ကိုယ်လိုချင်တာလေးတွေရခဲ့တာ..

တစ်စုံတစ်ယောက်ရဲ့.. စောင့်ရှောက်ပေးခြင်းကိုခံရတာ..

ရုတ်တရက်ကြီး..မမျှော်လင့်ထားဘဲ သိတောင်မသိတဲ့ သူတစ်ယောက်ဆီကအကူအညီရလိုက်တာတွေလည်းရှိတယ်မဟုတ်လား..ဒါဟာလည်း Universe ကအလုပ်လုပ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။


Universe ကြီးက ကိုယ့် ရှေ့တည့်တည့်ရောက်လာပြီး လိုချင်တာတွေလာပေးတာမဟုတ်ဘဲ သူနဲ့တူသောသူများ..ပေးကမ်း..ကူညီစောင့်ရှောက်ဖို့ ကျွန်မတို့ဆီ ပုံစံမျိုးစုံနဲ့ နေရာမျိုးစုံကနေ

ရောက်လာကြတာပဲဖြစ်ပါတယ် ။


လိုချင်တာရပါစေ ..ဆုတောင်းတွေပြည့်ပါစေ.. ရည်မှန်းချက်တွေ အောင်မြင်ပါစေဆိုပြီး Universe ဆီ ကလေးလေးတစ်ယောက်လို လက်ဖြန့်တောင်းကြတယ်..ဒါကို Manifestation လို့ ဆိုကြတယ်။ ဒီလို သူ့ကိုတောင်းရင် လိုချင်တာအကုန် ရမယ်လို့ထင်ကြတယ် ။ကောင်းတာတွေအကုန်လုံး သူကပေးနိုင်တယ်လို့ထင်ကြတယ်..။


တကယ်တော့ Manifestation ဆိုတာလည်း ကံအလုပ်ပါပဲ ။ ကျေးဇူး တရား ..မေတ္တာ တရား..ငြိမ်းအေးမှု..ငြိမ်သက်မှု..ယုံကြည်မှု သဒ်ဓါတရားနဲ့ ကုသိုလ် အလုပ်တွေပဲ ဖြစ်ပါတယ် ။ ဒီအလုပ်တွေနဲ့ဆိုရင် ဘဝမှာ မတောင်းဘဲနဲ့ကို ပြည့်စုံနိုင်တဲ့ ဆုတွေရှိပါတယ်။ အကျိုးကိုရလာဖို့ အကြောင်းဖန်တီးလိုက်တဲ့အတွက်ကြောင့် ဖြစ်တယ်။


ဒါကြောင့် Universe ဆိုတဲ့အရာကို

အဝေးမှာသွားရှာဖို့မလိုပါဘူး။

အဲဒီ Universe ဆိုတဲ့အရာဟာ မိမိရင်ထဲ..နှလုံးသားထဲမှာ အနီးကပ်ဆုံးရှိနေတတ်ပါတယ်။ ကိုယ်တိုင်ဟာ ကိုယ့်ရဲ့ Universe ပါပဲ။


Universe ဟာ

ကောင်းတာတွေပေးနိုင်သလို ဆိုးတာတွေလည်း ပေးနိုင်ပါတယ်..

မိမိတို့ကိုယ်တိုင်က Universe ဆိုရင်

ဘယ်သူမပြုမိမိမှုပါပဲ..ကိုယ်လုပ်တဲ့အတိုင်း ကိုယ်ပြန်ရတဲ့အတွက် ဖြစ်ပါတယ်။


ကိုယ်လိုချင်တဲ့အရာတွေ.. ချမ်းသာကြွယ်ဝမှုတွေ.. Universe ဆီက

ရလာဖို့ဆိုတာက ကောင်းကင်ပေါ်က ရွှေမိုးငွေမိုးတွေ ကိုယ့်အိမ်ခြံဝင်းထဲအပြည့် ရွာချလိုက်သလို.. အိမ်ရှေ့တည့်တည့်..လိုတရ ပဒေသာပင်ကြီးပေါက်လာသလိုမျိုးမဟုတ်ပါဘူး။


အကူအညီကောင်းတွေလိုတယ်.. အထောက်အပံ့ကောင်းတွေလိုတယ်..ဆရာကောင်း မိတ်ကောင်းဆွေကောင်းတွေရဲ့ လမ်းညွှန်ပြသမှု အားပေးချစ်ခင်မှုတွေလိုတယ်။


အရေးအကြီးဆုံးကတော့ မိမိကိုယ်တိုင်ရဲ့ ကောင်းမွန်တဲ့

ကံအလုပ်တွေလိုတာပဲ ဖြစ်ပါတယ်။

မိမိကိုယ်တိုင်အကောင်းဆုံး ကြိုးစားလုပ်ဆောင်မှုပါပဲ။


ကံသုံးပါးစလုံးရဲ့သန့်ရှင်းစင်ကြယ်မှုတွေ ပါဝင်ပါတယ်။

ကိုယ်လိုချင်တယ်ဆိုတဲ့အရာတွေထဲမှာ အဆိပ်သင့်နေတဲ့ Intention တွေမပါရဘူး။

ကိုယ့်ရဲ့ရည်ရွယ်ချက်ဟာ သန့်စင်မွန်မြတ်ရမယ် ။မိမိကိုယ်တိုင်ထက် အများအတွက်ကိုလည်း ရှေ့ရှုရမယ်..ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တယ်ဆိုရင် ကိုယ်ရတဲ့ချမ်းသာမှုဆိုတာ ကိုယ့်တစ်ယောက်စာ သေးသေးလေးပဲ ဖြစ်နေမှာပါပဲ။


ကျွန်မတို့ကိုယ်တိုင်က Universe ရဲ့ ကိုယ်စားလှယ်တွေအနေနဲ့

တစ်ခါတလေမှာ တစ်ဦးတစ်ယောက်ရဲ့ လိုအပ်ချက်ကို မမျော်လင့်ဘဲသွားရောက်ပြီးဖြည့်ဆည်းပေးနိုင်တဲ့ အခွင့်အရေးလည်းမျိုးရရှိနေတတ်ပါတယ်.. ဒါဟာကုသိုလ်ကောင်းတာပါပဲ ..


ကျွန်မတို့ရဲ့ Vibration တွေ..ကုသိုလ်အကြောင်းတရားတွေ

မြင့်မားနေတဲ့အခါ အချင်းချင်း လိုအပ်နေတာ..လိုချင်တာတွေကို ဖြည့်ဆည်းဆောင်ကျဥ်းပေးနိုင်တယ်။ ဒါဟာ Universe ရဲ့ အလုပ်ကို လုပ်ပေးနေနိုင်ခြင်းပဲ ဖြစ်တယ်။

ဒီလိုပဲကျွန်မတို့ကိုယ်တိုင် လိုချင်တာလေးတွေရလာတယ်ဆိုတာကလည်း ဖြည့်ဆည်းပေးတဲ့သူတွေ..ဖန်တီးပေးတဲ့သူတွေ .. သင်ကြားပေးတဲ့သူတွေရှိနေခဲ့လို့ပါပဲ ..ဒါကြောင့်ကျွန်မတို့က..တစ်ယောက်နဲ့တစ်ယောက်အချင်းချင်းပြန်ပြီး Universe လို အလုပ်လုပ်ပေးနေကြပြန်ပါတယ်။


We are all connected ဆိုတာကလည်း Universe ရဲ့ စကားပဲဟုတ်ပါလား ။


အကုန်လုံးချိတ်ဆက်နေမိကြပါတယ် ..ကိုယ်လည်းရနိုင်သလို ပေးလည်းပေးနိုင်ကြတယ်မဟုတ်လား..

ရတယ်ဆိုတာကလည်း ပေးခဲ့လို့ ဖြစ်ပါတယ်..ပေးနိုင်ခဲ့တာကလည်း ရခဲ့လို့ ဖြစ်ပါတယ်။


ကိုယ်ဟာ Universe ထဲမှာနေတယ်..Universe ဟာ ကိုယ့်ရင်ထဲမှာပဲရှိတယ်။ကိုယ်တိုင်က ကိုယ့်ရဲ့ Universe ပဲ ဖြစ်ပါတယ်။ကိုယ်လိုချင်တဲ့အရာတွေအကုန်လုံးကိုယ့်ဆီမှာပဲရှိတယ် ..


Universal Law အရ

ကိုယ်နဲ့ထိုက်တန်သမျှ ..ကိုယ်ပေးခဲ့သမျှ တစ်ခု မကျန်အကုန်ပြန်ရတတ်ကြပါတယ်။


မွန်ဟော်စီ

၂၀၂၃ မေ


#မနက်စာအာဟာရ


Photo

FreeStock

260 views0 comments

Comments


bottom of page