top of page
Search

ကုသိုလ်စိတ်ကို Attention ပေးလိုက်တဲ့အခါ ကုသိုလ်တရားတွေပိုပြီးပွားများတတ်လာတယ်..

Updated: Apr 18, 2023

အခုနောက်ပိုင်းမှာ မျက်နှာ အသားအရေလေး ပိုကောင်းလာတာကို သတိထားမိပါတယ်..


ဒါကလည်း မျက်နှာကို သေသေချာချာလေး အချိန်ပေးလိုက်လို့ ပြောင်းလဲလာခြင်းဖြစ်ပါတယ် ..ဘာမှအထူးတလည်မဟုတ်ပေမယ့် မျက်နှာကို Treatment လုပ်ရမယ့်အချိန်.. ချိန်းဆိုမှုတွေကိုမှန်မှန်သွားတယ် ...


နေ့တိုင်း..အားဖြည့်ပေးရမဲ့အရာတွေ အားဖြည့်ပေးတယ်.. ဒီလို..ပုံမှန်ဂရုစိုက်လိုက်တော့ တစ်လလောက်အတွင်းမှာပဲ အသားရေပြန်ပြီး ကြည်လင်တယ်..


ဒါကိုကြည့်ပြီးဆက်စပ်စဉ်းစားမိတယ်.. မည်သည့်အရာကိုမဆို

အချိန်ပေးလိုက်တယ် ..Attention ပေးလိုက်တယ်..ဆိုရင် သူ့ရဲ့ Growth ကြီးထွားပြောင်းလဲမှုကိုရလာတာပဲဖြစ်ပါတယ်..


သစ်ပင်လေးတွေဆိုရင်လည်း..ဒီလိုပဲ.. ကလေးလေးတွေဆိုရင်လည်းဒီလိုပဲ.. ဘာမှမပြုမပြင်..ဖြစ်ချင်သလိုဖြစ်ဆိုပြီး ကြီးထွားရှင်သန်လာရတဲ့ဘဝပုံစံတွေနဲ့ သေသေချာချာ အချိန်ပေးပြီး ..ပြုစုဂရုစိုက်စောင့်ရှောက် Attention ပေးလိုက်တယ်ဆိုရင် အပင်တွေမှာလည်း အသီးတွေ..အပွင့်တွေ..ဝေဝေဆာဆာ ပွင့်လာကြသလို လူလေးတွေမှာလည်း..လှလှပပ ယဥ်ယဥ်ကျေးကျေး ကြီးထွားသန်မာလာကြတယ်..မည်သည့်နေရာမှာမဆို ဒီသဘောအတိုင်းပါပဲ..


စိတ်နဲ့ပတ်သက်ရင်လည်းဒီလိုပဲလို့ပြောရမှာဖြစ်တယ်..

တစ်ခါတလေမှာ..ကျွန်မတို့က မကောင်းတဲ့အတွေးတွေကို ထပ်ခါထပ်ခါ Attention ပေးမိနေတတ်ကြတဲ့အခါမှာ မကောင်းတာတွေက..ပိုပြီးကြီးထွားရှင်သန်လာတတ်ကြပါတယ် ..Powerful ဖြစ်လာတတ်ကြတယ်..


ဥပမာအားဖြင့်ကျွန်မ..မကြာခဏရေးလေ့ရှိတဲ့..မနာလိုစိတ်ဆိုတာမျိုးကို..မွေးထားတဲ့အခါ သူကကြီးထွားလာတာမျိုးဖြစ်တယ်.. တချို့သောအရာတွေဟာ ကြီးထွားလာရုံတင်မက ကိုယ့်ကိုပါ ဝါးမြိုသွားတတ်ကြတယ်..ဆွဲချသွားတတ်ကြတယ်..။


ဒေါသ..လောဘ ဆိုတာတွေကလည်း ဒီလိုပါပဲ..သတိမရှိဘဲ ..ဆက်ပြီး ဖြစ်ဖို့ခွင့်ပြုထားတယ်ဆိုရင် အားကောင်းလာတာပါပဲ..


..မေတ္တာစိတ် လိုမျိုး.. Positive Energy ကို Attention ပေးကြည့်လိုက်ပါ.. ပိုပြီးပွားများလာတာကို တွေ့ရပါလိမ့်မယ်.. ကုသိုလ်စိတ်ကို Attention ပေးလိုက်တဲ့အခါ ကုသိုလ်တရားတွေပိုပြီးပွားများတတ်လာတယ်..လုပ်နေကျထက် ပိုပြီး အားထုတ်လုပ်ဆောင်မိလာပါတယ်..


လူတွေရဲ့ စိတ်ထဲမှာဝံပုလွေနှစ်ကောင် အမြဲရှိတယ်တဲ့ ..

တစ်ကောင်က အဖြူရောင် White Wolf.. အမဲရောင် Black Wolf လို့ မှတ်ထားနိုင်ပါတယ်..ဒီပုံပြင်လေးကတော့ အတော်များများလည်း ကြားဖူးကြမှာပါပဲ..


အဖြူကောင်က..

ပျော်ရွှင်တယ်

ငြိမ်းချမ်းတယ်

ချစ်တတ်တယ်

ဥာဏ်ရှိတယ်

ငြိမ်သက်တယ်

သနားတတ်တယ်

မှန်ကန်တယ်

သစ္စာရှိတယ်

ခွင့်လွှတ်တတ်တယ်

ကိုယ်ချင်းစာတတ်တယ်

အားနာတတ်တယ်..


အမဲကောင်လေးကတော့ အဖြူကောင်နဲ့ ဆန့်ကျင်ဘက်လေးတွေ ဖြစ်တတ်ပါတယ်..


ကျွန်မတို့ရဲ့ စိတ်တွေထဲမှာ..အဲဒီ

အဲဒီ အမဲကောင်နဲ့ အဖြူကောင်ဟာ

အမြဲယှဥ်ပြိုင်​နေတတ်ကြတယ်..တစ်လှည့်စီ ပေါ်လာနေတတ်ကြတယ်..

ဘယ်သူကနိုင်သလဲဆိုရင် အစာများများ ကျွေးမိတဲ့ ကောင်..Attention ပိုရတဲ့ကောင်က နိုင်သွားတာပါပဲ ..


တချို့နေ့တွေမှာ..

အမဲကောင်ကို အစာများများ ကျွေးမိနေတတ်ကြပါတယ်..အဖြူကောင်ကို ပိုပြီး Attention ပေး..အစာကျွေးဖို့လိုပါတယ်..နေ့စဥ် လုပ်ပေးရမှာ ဖြစ်ပါတယ်..


တချို့ဝံပုလွေအဖြူတွေဟာ..အစာ..လုံးဝမစားရပါဘူး..သေဆုံးသွား​​ကြတယ်..

ဝံပုလွေအမဲတွေ...အစာဝလာတဲ့အခါကျတော့..လူကိုပါ ဆွဲချသွားတတ်ပါတယ်..


လူမှာ အရေးကြီးဆုံးကစိတ်ပါပဲ ..

သာမာန်လူတွေအဖို့..အဖြူရောင်စိတ်ရှိသလို..အမဲရောင်စိတ်တွေလည်းရှိကြတယ်..တစ်လှည့်စီသွားနေကြတာလည်း သဘာဝ အမှန်တရားပဲ ဖြစ်တယ်..


စိတ်ရဲ့ ဖြစ်တတ်တဲ့ သဘောတွေကို သိထား..နားလည်ထားရင်..ပြုပြင်ဖို့ လွယ်ပါတယ်..သတိတော့ရှိရပါမယ်..ဝံပုလွေ အမဲလေး ပေါ်လာတာကို သတိပြုမိတိုင်း အစာမကျွေးမိပါစေနဲ့..။


မွန်ဟော်စီ

၂၀၂၃ March

#မနက်စာအာဟာရ


Photo

FreeStock


1,632 views0 comments

Comments


bottom of page