top of page
Search

စုံတွဲတွေမှာ Personal space လိုအပ်ပါတယ်။



စုံတွဲတွေမှာ Personal space လိုအပ်ပါတယ်။ Personal space ဆိုတာကတော့ တစ်ဦးချင်းစီမှာရှိသင့်တဲ့အကွာအဝေး Physical Distance နဲ့ နယ်နိမိတ်ကန့်သတ်ချက် Boundaries တွေကို ဆိုလိုခြင်းပဲဖြစ်ပါတယ်


တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်ဆိုပေမယ့်လည်း အချိန်တိုင်းနေရာတိုင်းမှာ တပူးပူးတတွဲတွဲဖြစ်နေရင် မွန်းကြပ်မှုတွေဖြစ်လာနိုင်ပါတယ်။


Closeness ဆိုတာ နီးကပ်ခြင်းကိုပြတာဖြစ်ပြီး Independence ဆိုတာကတော့ ကိုယ်တိုင်တစ်ယောက်တည်း လွတ်လပ်စွာရပ်တည်နိုင်ခြင်းဖြစ်ပါတယ်။ Relationship တွေမှာ နှစ်ယောက်ရှိနေတဲ့အတွက်ကြောင့် Closeness and Independence နှစ်ခုကြားမှာ ဟန်ချက်ညီတဲ့ Healthy Balance တစ်ခုကို ဖန်တီးတည်ဆောက်နိုင်ဖို့ အရေးကြီးပါတယ်။


၁)Individual Boundaries

တစ်ယောက်ချင်းစီအတွက် နယ်နိမိတ်ကန့်သတ်ချက်


လူတွေဟာ အချင်းချင်းချစ်ခင်မြတ်နိုးတဲ့အတွက် နီးကပ်စွာ အတူရှိနေကြတယ်ဆိုပေမယ့် တစ်ခါတစ်ရံမှာတော့ ကိုယ့်အတွက်ဆိုတဲ့အချိန် .. ကိုယ်တစ်ယောက်တည်းဆိုတဲ့နေရာလေးတစ်ခု Time and Space ရှိနေဖို့ သေချာပေါက်လိုအပ်ပါတယ်။ ဒီအချိန်ဟာ ကိုယ့်အတွက် Sense of self ရှိနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါကို Personal space လို့ ပြောရမှာဖြစ်ပါတယ်။


Couple တွေအနေနဲ့ ၂၄နာရီလုံး ဖုန်းပြောနေလို့မရပါဘူး။ တစ်အိမ်ထဲမှာ အတူရှိနေပြီးတော့ မျက်စိအောက်ကအပျောက်မခံ ပူးတွဲနေလို့မရပါဘူး။ တူတူသွားရမယ့်နေရာ ..သွားချင်တဲ့နေရာတွေရှိပေမယ့် တစ်ခါတစ်ရံကျတော့ ကိုယ့်သူငယ်ချင်းနဲ့ပဲကိုယ်သွားချင်တာ၊ ကိုယ့်မောင်နှမ.. ကိုယ့်မိသားစုနဲ့ပဲသွားချင်တာ၊ ကိုယ်တစ်ယောက်တည်းသွားချင်တာမျိုးလည်း ရှိတတ်တာကို နားလည်ပေးရမှာဖြစ်ပါတယ်။


၂)Personal Space လိုအပ်တယ်ဆိုတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ရပါမယ်။


၃)Maintaining Independence လို့ခေါ်တဲ့

တစ်ယောက်ချင်းစီရဲ့လွတ်လပ်မှုကို Relationship တွေမှာ ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။


သူနဲ့ကိုယ်နဲ့တည်ဆောက်ထားတဲ့ Relationship ဟာ ဘဝတစ်ခုလို့ပြောနိုင်ပေမယ့် အဲဒီဘဝရဲ့အပြင်ဘက်မှာလည်း Personal Interests ကိုယ်တိုင်စိတ်ဝင်စားမှုတွေ..Personal Emotions ကိုယ်ပိုင် ခံစားချက်တွေပါဝင်နေတဲ့ သီးသန့်ဘဝတစ်ခု ..ကိုယ်ပိုင်ဘဝတစ်ခုရှိနေသေးတာကို သဘောပေါက်ရမှာဖြစ်ပါတယ်။


၄)Quality Over Quantity

Relationship မှာ အရေအတွက်ထက် အရည်အသွေးကိုဦးစားပေးပါ။


နှစ်ယောက်အတူအချိန်ဖြုန်းတယ်၊ အချိန်တွေကုန်လွန်သွားတယ်ဆိုတဲ့နေရာမှာ အချိန်တွေဘယ်လောက်ကြာကြာ အတူရှိနေတယ်ဆိုတာမျိုးထက် ရှိနေတဲ့အချိန်လေးတစ်ခုဟာ ဘယ်လောက်ပဲတိုတောင်းပါစေ..အဲဒီအချိန်ကို အဓိပ္ပါယ်ရှိစွာ..ပျော်ရွှင်စွာနဲ့ ကုန်လွန်သွားနိုင်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။ Quantity ထက် quality က အရေးကြီးပါတယ်။


နှစ်ယောက်အတူနီးကပ်စွာရှိမနေတဲ့အချိန်မှာတောင်မှ Partner နှစ်ယောက်စလုံးဟာ တစ်ဦးတစ်ယောက်ဆီရဲ့ ကိုယ်ပိုင်အချိန်နဲ့ သီးသန့်နေရာ.. သူ့ရဲ့တိတ်ဆိတ်စွာ ပျော်ရွှင်မှု ငြိမ်းချမ်းမှု Occasional Solitude၊ သူ့ရဲ့ စိတ်ဝင်စားမှု Personal Interest ၊ သူ့ရဲ့ Me Time ကို လေးစားတတ်ရမှာဖြစ်ပါတယ်၊ ခွင့်ပြုပေးရမှာဖြစ်ပါတယ်။


၅)Recharging Energy

ကုန်ဆုံးသွားတဲ့ Energy တွေကို ပြန်ဖြည့်ဖို့လိုပါတယ်။


Personal Space ရှိတဲ့အတွက်ကြောင့် တစ်ယောက်ချင်းစီဟာ သူတို့ရဲ့ကုန်ဆုံးသွားတဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာ Emotional and Mental Energy တွေကိုပြန်ပြီးဖြည့်တင်းနိုင်စွမ်းရှိပါတယ်။ ဘယ်လောက်ပဲချစ်တဲ့သူဖြစ်ဖြစ် လူတွေဟာတစ်ယောက်နဲ့တစ်ယောက် Energy တွေမတူကြတာမျိုးရှိတယ်။သူ့ Energyက ကိုယ်နဲ့လာပြီးဖလှယ်တဲ့အခါမှာ စိတ်ပင်ပန်းမှုလေးတွေ ပွတ်တိုက်မှုလေးတွေ ဖြစ်ပေါ်တတ်ပါတယ်။


စိတ်ခံစားချက်ကလေးတွေဟာ ကူးစက်တတ်ပါတယ်။ တစ်ယောက်ကြောင့် ပျော်ရတာရှိသလို စိတ်ညစ်သွားရတာမျိုးလည်းရှိတတ်ပါတယ်။ Spiritual Relationship တွေမှာ Energy တွေကို Recharge ပြန်လုပ်ဖို့ကPositive and Fulfilling Relationship ဖြစ်လာ ဖို့အတွက်အရေးကြီးတယ်။


၆)Different Needs

တစ်ယောက်ချင်းစီမှာ မတူကွဲပြားတဲ့ လိုအပ်ချက်တွေရှိနေတာကိုသတိပြုပါ။


တချို့ ဖုန်းအကြာကြီးမပြောချင်ဘူး၊ စာရိုက်ရတာကိုပိုကြိုက်တယ်။ အသံပို့ရတာသိပ်အဆင်မပြေဘူး။ အပြင်သွားတဲ့အခါ လူရှေ့သူရှေ့မှာ လက်ကိုင်ရတာ၊ ပခုံးဖက်တာ၊ နီးနီးကပ်ကပ်နေရတာကို တချို့ကြိုက်တယ်..။ တချို့ကသိပ်အဆင်မပြေဘူး။


အခန်းတစ်ခန်းထဲမှာတူတူရှိနေတာထက် တစ်ယောက်တစ်နေရာမှာ စာဖတ်ရင်ဖတ်နေမယ်။ တီဗီကြည့်ရင် ကြည့်နေမယ်။ ဖုန်းသုံးရင်သုံးနေမယ် ..။ကိုယ်ကြိုက်တာလေးတွေ ကိုယ်လုပ်မယ်။ Personal Space ကန့်သတ်နယ်မြေလေးတစ်ခုယူထားတဲ့အခါမှာ ပွတ်တိုက်မှုတွေနည်းသွားတယ်။


ဒီလိုနေလိုက်တာကြောင့် အချစ်လည်း လျော့မသွားပါဘူး။ လူတွေဟာ သူ့လိုအပ်ချက်နဲ့သူပါပဲ။ သူ့ခေတ်စိတ်ခံစားမှုနဲ့သူပါပဲ။


၇)Respecting Differences

တစ်ယောက်ချင်းစီမှာရှိတဲ့မတူညီမှုတွေကို လေးစား တတ်ဖို့လိုပါတယ်။


၈)Avoiding Clinginess

ဆုပ်ကိုင်ထားခြင်းတွေကို ရှောင်ကျဥ်ရပါမယ်။


Excessive clinginess or constant togetherness ဆိုတာက အတင်းကို တွယ်ငြိဆုပ်ကိုင်ထားတာမျိုးပါပဲ။ ဘာနဲ့တူသလဲဆိုရင် အမေရဲ့လုံချည်စကိုဆွဲပြီး အနောက်က..တကောက်ကောက်လိုက်နေတဲ့ ကလေးတစ်ယောက်နဲ့တူပါတယ်။ ဘယ်မှာမှထားခဲ့လို့လည်းမရ။ အိမ်သာတက်ရင်လည်းအိမ်သာထဲအထိလိုက်လာတယ်။ ရေချိုးရင်လည်း ထိုင်ကြည့်နေတယ် ဆိုတဲ့ကလေးမျိုးပါပဲ။


ကိုယ့်ရဲ့ချစ်သူဟာ ဒီလိုပုံစံမျိုးရှိနေတယ်ဆိုရင် Suffocation ဆိုတဲ့မွန်းကျပ်မှုတွေဖြစ်ပေါ်လာပါတယ်။ ကိုယ်လုပ်ချင်တာလည်းဘာမှမလုပ်ရဘူး။ သူလုပ်စရာရှိတာတွေကိုလည်းဘာမှမလုပ်ဘူး။ ဒီလိုပဲ တွယ်ကပ်နေပြီး မျက်စိအောက်ကအပျောက်မခံ အနားမှာရှိနေဖို့က အဓိက ဖြစ်နေတော့ နှစ်ဦးနှစ်ယောက်စလုံးရဲ့ တိုးတက်ရာတိုးတက်ကြောင်း Personal Growth တွေကိုလည်း မလုပ်နိုင်တော့ပါဘူး။


၉)Growth and Development

ကြီးထွားဖို့တိုးတက်ဖို့ ခွင့်ပြုရပါမယ်။


Personal space ရှိခြင်းဟာ Personal growth and development အတွက် အထောက်အကူ ပေးပါတယ်။ တစ်ဦးချင်းစီရဲ့ဝါသနာတွေ ..ရည်မှန်းချက်ပန်းတိုင်တွေကို ရောက်အောင်သွားနိုင်ဖို့ လုပ်ဆောင်ပေးမယ့်.. နှလုံးသားတွေ.. ဦးနှောက်တွေကို နေရာလေးတစ်ခုပေးထားတာနဲ့တူပါတယ်။


၁၀)Conflict Prevention

Personal Space ရှိတဲ့အတွက် မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်မလာဖို့ကာကွယ်ပြီးသားဖြစ်နေပါတယ်။


700 views0 comments

Comentarios


bottom of page