လူချင်း မကင်းရာမကင်းကြောင်း ခင်မင်ရင်းနှီးတဲ့အတွက် အကူအညီတောင်းလို့ပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်က ဒီလူ ဒီအလုပ်တစ်ခုဟာ လူသိများသွားတဲ့အခါ လူတွေအတွက် အများကြီးအကူအညီပေးနိုင်မယ်၊ ကောင်းကျိုးရှိမယ်ဆိုတာကို ယုံကြည်တဲ့အတွက် စေတနာသန့်သန့်နဲ့ ကူညီပေးခဲ့တာမျိုးတွေလည်းရှိတာပါပဲ။
ဒါပေမယ့် တစ်ခါတလေကျတော့ သူတို့အောင်မြင်သွားတဲ့အခါမှာ အစပိုင်းမှာ ပံ့ပိုးခဲ့ကြတဲ့သူတွေကို သတိလည်းမရတော့ဘူး။ ကျေးဇူးလည်းမတင်တော့တဲ့အပြင် ကိုယ်ဖောက်ပေးခဲ့တဲ့လမ်းကြောင်းပေါ်ကနေ သူတို့က ကိုယ့်ကို ခြေရာတိုင်းတာမျိုး ပုခုံးချင်းယှဥ်လာတာမျိုးတွေလည်း ကြုံခဲ့ရဖူးတယ်။
အဲဒီလိုကြုံရဖူးတော့ ဘာဖြစ်သလဲဆိုရင် သာမန်လူသားတစ်ယောက်ပဲ ခံစားရတာပေါ့။ အကြောင်းတိုက်ဆိုင်လို့ တွေ့ရမြင်ရကြားရတဲ့အခါကျတော့ "သြော်..ကြည့်စမ်း.. မနေ့တနေ့ကမှ အောင်မြင်လာတဲ့သူက ငါ့ကိုဒီလိုမျိုးပြောသွားလိုက်တာ.. သြော်..သူတို့လုပ်သွားတဲ့ Annual Dinner မှာတောင် ငါ့ကိုဖိတ်ဖော်မရကြဘူး" အစရှိသဖြင့် တွေးမိတာပဲပေါ့။
အစပထမ ဦးဆုံးခြေလှမ်းတွေမှာ ကိုယ်ကူညီပေးခဲ့တဲ့ အားပေးမှုတွေထောက်ခံပေးမှုတွေကနေ သူတို့ရဲ့လမ်းကြောင်းပေါ်ကို အောင်မြင်စွာရောက်ရှိခဲ့ရသူတွေက ကိုယ့်ကို ဒီလိုမျိုးဆက်ဆံလာတဲ့အခါဘယ်လိုတွေးရမလဲ။
🦋ကျွန်မတို့ရဲ့အချိန်နဲ့ အားထုတ်လုပ်ဆောင်မှုစွမ်းရည် Energy ဟာ အရေးကြီးပါတယ်။
Your Time and Energy Are Precious.
ကျွန်မတို့ လူကြီးတွေဖြစ်လာခဲ့ကြပြီ။ လူမျိုးစုံ ဆက်ဆံရေး မျိုးစုံနဲ့ကြုံတွေ့ခဲ့ရပြီးပြီ။ မိသားစု၊ အလုပ်အကိုင်၊ မိတ်ဆွေတွေနဲ့ ပတ်သက်ပြီး အများကြီးတာဝန်ထမ်းဆောင်ရခဲ့တာများပြီ။ ဒီလိုဖြစ်လာတဲ့အချိန်မှာ ကိုယ့်ရဲ့ ချိန်နဲ့ စွမ်းအင်တွေဟာ ပိုမိုအဖိုးတန်လာသလို အကန့်အသတ်တွေလည်း ရှိလာပါတယ်။
🦋 ကိုယ့်ဆီက ရသလောက်တောင်းယူသွားပြီး ကိုယ့်ရဲ့တန်ဖိုးကိုတော့ ပစ်ချလိုက်တာပါပဲ။
Taking You for Granted Diminishes Your Worth
လူတွေဟာ ကျွန်မတို့ရဲ့ကူညီမှုတွေကို အသိအမှတ်မပြုဘဲ ကျေးဇူးမတင်ဘဲ လိုချင်ရုံသက်သက် မျှော်လင့်နေတာဆိုရင် ဒါဟာ ကိုယ့်ရဲ့တန်ဖိုးကို သူတို့လေးစားမှုမရှိကြောင်း ပြသတာပဲဖြစ်ပါတယ်။ သူက ပြောလိုက်ရင်လုပ်ပေးတယ်။ ဘာမှမပေးလည်းရတယ် သို့မဟုတ် နည်းနည်းပါးပါးပေးလိုက်လည်းရတယ် လို့ သူတို့အမြင်မှာရှိနေတယ်ဆိုတာက ကိုယ့်ကို စျေးအပေါဆုံးလို့ လျှော့ထွက်လိုက်တာပါပဲ။
🦋သူတို့ရဲ့အလုပ်တွေအကုန်လုံးကို ကြားဝင်ဖြေရှင်းပေးဖို့ ကူညီဆောင်ရွက်ပေးဖို့ ကြော်ငြာပေးဖို့ ကိုယ့်မှာတာဝန်မရှိပါဘူး။
It’s Not Your Responsibility to Fix Everything
အသက် ၄၀ ကျော်တဲ့အချိန်မှာ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ နေ့စဥ်အလုပ်တာဝန်တွေ၊ မိသားစုကိုစောင့်ရှောက်မှုတွေကြားမှာ အလွန်ပင်ပန်းနေရတတ်ပါတယ်။ ဘယ်အရာမဆို အလွယ်တကူခေါင်းညိတ်လိုက်တာမျိုး လုပ်ပေးပါမယ်လို့ အာမဘန္တေခံလိုက်တာမျိုး overcomitting လုပ်တာမျိုး မလုပ်ပါနဲ့။ တချို့ကိစ္စတွေဟာ သူတို့ဆုံးဖြတ်ချက်နဲ့သူတို့ လုပ်ခဲ့တာဖြစ်တယ်။ သူတို့မနိုင်တော့မှ ကိုယ့်ဆီကိုလာပြီး ကူပေးပါဦး၊ လုပ်ပေးပါဦးလို့ပြောတာဟာ တရားနည်းလည်းမကျဘူး။ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ကြားဝင်ပြီးတာဝန်မယူပေးပါနဲ့။ သူတို့ဆုံးဖြတ်ခဲ့ကိစ္စတွေပဲမို့ မှားမှားမှန်မှန် သူတို့ဘာသာသူတို့ဆက်လုပ်ပါစေ။ အထူးသဖြင့် ကိုယ့်အပေါ်မှာ အသိအမှတ်မပြုတတ်တဲ့သူ၊ ကျေးဇူးမတင်တတ်တဲ့သူမျိုးအပေါ် ဘာအားထုတ်မှုမှဆက်ပြီးမလုပ်ပါနဲ့။ စေတနာက ဝေဒနာဖြစ်တယ်ဆိုတဲ့စကားကို ကြားဖူးကြတယ်မဟုတ်လား။ အဲဒီလိုလုပ်သမျှ ကိုယ်ခံစားရဖို့ပဲဖြစ်လာမှာပဲ။
Learn to say no without guilt.
No လို့ပြောဖို့ နောင်တမရှိပါစေနဲ့။ No လို့ မပြောနိုင်တော့မှ ကိုယ့်ဘာကိုယ် နောင်တရလာပါလိမ့်မယ်။
🦋တကယ်ကောင်းမွန်တဲ့ Relationship တွေဟာ အပြန်အလှန်လေးစားမှုပေါ်မှာ တည်ဆောက်ထားရတာဖြစ်ပါတယ်။
Healthy Relationships Are Built on Mutual Respect.
တစ်ဖက်သတ်ပဲ ပေးနေရတဲ့ဆက်ဆံရေးတွေဟာ ကိုယ့်စွမ်းအင်နဲ့ စိတ်ဓာတ် Energy နဲ့ Mindset ကို အတင်းဆွဲချတတ်ပါတယ်။
Balance of Giving and Receiving ဆိုတာ အပေးနဲ့အယူ မျှတမှုကိုဆိုလိုခြင်းဖြစ်ပါတယ်။ ကိုယ်က ဘယ်လောက်လုပ်ပေးလုပ်ပေး ကျေးဇူးတင်တာမခံရဘူးဆိုရင် ကြာလာတဲ့အခါမှာ ပေးရတဲ့သူဘက်ကလည်း စိတ်ပျက်လာတတ်ပါတယ်>
🦋နယ်နိမိတ် Boundary ထားခြင်းဟာ ကိုယ့်ကိုယ်ကိုယ် လေးစားခြင်းတစ်မျိုးပါပဲ။
Setting Boundaries is a Form of Self-Respect.
အသက် ၄၀ ကျော်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် လေးစားတတ်လာပြီး မျှတမှုမရှိတဲ့ဆက်ဆံရေးတွေကို အဆုံးသတ်ဖို့ သင်ယူလာတတ်ပါတယ်။ ကိုယ့်အပေါ် တန်ဖိုးထားတဲ့သူတွေကို အချိန်ပေးတာ သူတို့အတွက်ရင်းနှီးမြှုပ်နှံတာက အခုအချိန်မှာ ပိုအရေးကြီးလာတယ်ဆိုတာကို နားလည်လာပါလိမ့်မယ်။ ကိုယ့်ကို ပေါပေါပဲပသဘောထားတဲ့သူတွေဆီကနေ Step back လုပ်ပါ။ ခြေလှမ်းဆုတ်ပါ။
🦋ဘာဖြစ်လို့ကူညီခဲ့မိတာလဲဆိုရင် ပတ်ဝန်းကျင်နဲ့ Community အတွက် အကျိုးရှိမယ်လို့ ယုံကြည်ယူဆခဲ့တဲ့အတွက် ကူညီပေးခဲ့တာဖြစ်တယ်။ အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူတစ်ယောက်ရဲ့အကျိုးရှိတဲ့စိတ်ကူးနဲ့ မျှော်လင့်ချက်တွေကို မျှဝေပေးချင်လို့ပါပဲ။ ဒါကြောင့် ကိုယ်ကူညီပေးခဲ့တာ ကိုယ့်စေတနာ တွေအတွက်တော့ နောင်တလုံးဝမရှိပါဘူး။
🦋ဒါပေမယ့် သူတို့ရဲ့ကိုယ့်အပေါ် လုပ်သွားတဲ့အပြုအမူဟာ ကိုယ့်အတွက် စိတ်ထိခိုက်စေတယ်ဆိုရင် အနာဂတ်မှာ ကိုယ့်အချိန်နဲ့ စွမ်းအင် Time and Effort တွေကို တန်ဖိုးထားတတ်တဲ့ဆက်ဆံရေးတွေကိုသာ ရွေးချယ်ဖို့ ကိုယ့်ကိုယ်ကိုယ်ကတိပေးပါ။
🦋ကိုယ့်ကို သူတို့သွားရမယ့်ခရီးလမ်းကြောင်းအတွက် တက်နင်းသွားရုံ Stepping stone အဖြစ် သုံးခဲ့သူတွေရဲ့ စိတ်ဓာတ်တွေကို နားလည်ပြီး သူတို့နဲ့ဆက်လက်ပတ်သက်ဖို့ နယ်နိမိတ်တစ်ခုကို သတ်မှတ်ဖို့ လိုပါမယ်။
🦋ကိုယ်ဟာ တစ်ဖက်နဲ့တစ်ဖက် အကျိုးပြုမှုတွေကို ရည်ရွယ်ထားပြီး သူတို့အပေါ် မှာ အခွင့်အရေးပေးခဲ့တယ်။ ကိုယ့်ရဲ့အချိန်တွေ၊ လုပ်အားတွေ၊ ကိုယ့်ရဲ့နာမည်၊ ကိုယ့်ရဲ့ထောက်ခံအားပေးမှု၊ ကိုယ့်ရဲ့စကားတွေဟာ သူတို့အတွက် အကူအညီဖြစ်ခဲ့တယ်။ ဒါဟာ ကိုယ့်ရဲ့အားနည်းပျော့ညံ့မှုမဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကြီးမြတ်မှုကို ပြသနိုင်တဲ့အရာတစ်ခုအဖြစ် ဂုဏ်ယူလိုက်ဖို့ပါပဲ။
🦋 သူတို့အောင်မြင်မှုကို ချီးကျူးပါ။ ဒါပေမဲ့ ကိုယ့်တန်ဖိုးကိုမမေ့ပါနဲ့။
တစ်ခါတစ်ရံမှာ သူတို့အောင်မြင်လာပြီး ကိုယ့်ဆောင်ရွက်ပေးခဲ့မှုတွေအပေါ် ကျေးဇူးမတင်ခဲ့ကြရင်လည်း ကိုယ့်ရဲ တန်ဖိုး Self Worth ကို အမြဲသိထား ဖို့လိုပါတယ်။
အသက် ၄၀ ကျော်တဲ့အချိန်မှာ ဘဝဟာ အရည်အသွေးမြင့်ဆက်ဆံရေးတွေအပေါ် အခြေခံပြီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျေးဇူးမတင်တတ်တဲ့သူတွေကို အချိန်ပေးဖို့ နောက်ဆုတ်လိုက်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ်လေးစားတတ်တဲ့ အရေးကြီးဆုံးခြေလှမ်းတစ်ခုပါပဲ။
ကိုယ့်ရဲ့ အချိန်နဲ့ အားထုတ်မှုတွေကို တန်ဖိုးထားတတ်တဲ့ ဆက်ဆံရေးတွေအပေါ် အာရုံစိုက်ရင်း ပိုမိုငြိမ်းချမ်းပြီး ပျော်ရွှင်တဲ့ဘဝကို ရရှိပါစေ။
မွန်ဟော်စီ
၂၀၂၄