top of page
Search

လူအများစုဟာ ဘဝမှာ ရရှိတဲ့အဖြေတွေကို မကျေနပ်ဖြစ်နေတတ်ပါတယ်


လူအများစုဟာ ဘဝမှာ ရရှိတဲ့အဖြေတွေကို မကျေနပ်ဖြစ်နေတတ်ပါတယ်။


🚫သူဟာ ငါ့ကိုနာကျင်အောင်လုပ်တယ်။

🚫ငါဟာ သူ့ကြောင့်အသည်းကွဲနေရတယ်။

🚫ငါ့ဘဝမှာ အဆင်မပြေတာတွေချည်းပဲဖြစ်နေတယ်။

🚫ငါပြောသမျှဟာ အမှားတွေချည်းဖြစ်နေတယ်။

🚫ငါ့ကိုဆိုရင် သူငယ်ချင်းတွေကမခင်ကြဘူး။

🚫ငါကြိုးစားခဲ့ပေမယ့် ကျရှုံးခဲ့ရတယ်။


အစရှိသဖြင့် ဒီလိုစိတ်မကျေနပ်မှုတွေဟာ အမျိုးမျိုးသောအရင်းအမြစ်တွေကနေ ပေါက်ဖွားလာနိုင်ပါတယ်။


ကျွန်မတို့ အမှန်တရားတွေအဖြစ် ဖော်ထုတ်လိုက်တဲ့အဖြေတွေမှာ ကန့်သတ်ချက်တွေရှိနေပါတယ်။ အခြေအနေအဖြစ်အပျက်တစ်ခုကို ကိုယ်တိုင်နားလည်နိုင်စွမ်းမှာလည်း ကန့်သတ်ချက်တွေ ရှိနေပါတယ်။


ဒါကြောင့် "အဖြေကို မကြိုက်ရင် မေးခွန်းကို ပြောင်းပါ" "If you don't like the answer, change the question" ဆိုတဲ့ စကားက ကိုယ်မြင်နေတဲ့ ရှုထောင့်ကို ပြောင်းလဲကြည့်ဖို့ အသိပေးနေသလိုလည်းဖြစ်ပါတယ်။


မေးခွန်းတွေဆိုတာက ကျွန်မတို့ရဲ့အသိပညာနဲ့ ကိုယ့်ကိုယ်ကိုယ် ရှာဖွေရေး Self Discovery အတွက် အဓိကမောင်းနှင်အား Driving Force ဖြစ်ပါတယ်။ အဆင်မပြေတဲ့အဖြေတစ်ခုကို ရလာတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် မေးနေတဲ့ မေးခွန်းတွေကို ပြန်လည်အကဲဖြတ်ဖို့ စိန်ခေါ်ရမှာဖြစ်ပါတယ်။ ဒီ Process ဟာ ကိုယ့်ရဲ့ယုံကြည်ယူဆချက်တွေ၊ အတွေးအမြင်တွေ၊ကိုယ် ရောက်ရှိနေတဲ့နေရာတွေ၊ Level တွေ

ကိုပိုပြီးနက်ရှိုင်းစွာ သိမြင်လာစေတာဖြစ်ပါတယ်။


မေးခွန်းကို ပြောင်းလဲမေးခြင်းဟာ အမှန်တရားတစ်ခုကို ရှောင်ရှားခြင်းမဟုတ်သလို ခက်ခဲတဲ့အဖြေတွေကို ပယ်ချခြင်းလည်းမဟုတ်ပါဘူး။


နာကျင်ရတဲ့အခြေအနေတစ်ခု၊ အသည်းကွဲနေရတဲ့အနေအထားတစ်ခု၊ မအောင်မြင်ခဲ့တဲ့ အလုပ်တစ်ခု၊ ကိုယ့်ကိုယ်ကိုယ်မှားတယ်လို့ထင်နေတဲ့ ယုံကြည်ချက်တစ်ခုကို ပုံစံတစ်မျိုးနဲ့ ချဉ်းကပ်ပြီး ပြန်လည်ပုံဖော်နိုင်ဖို့ဖြစ်ပါတယ်။


လက်ထဲမှာရှိတဲ့ပြဿနာ သို့မဟုတ် ကိုယ်စိတ်ကျေနပ်မှုမရှိတဲ့အဖြေတစ်ခုအတွက် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် နားလည်ဖို့ပါ။ ဥပမာအားဖြင့် “ဒီအတွေ့အကြုံကနေ ဘာသင်ယူနိုင်မလဲ" လို့ မေးကြည့်ဖို့ပါ။


🖤သူက ငါ့ကိုနာကျင်အောင်လုပ်တယ်ဆိုရင် ငါကရော သူ့ကို ဘာနာကျင်အောင်လုပ်ခဲ့သလဲလို့ ပြန်မေးကြည့်ဖို့ပါ။


🖤အသည်းတွေခဏခဏကွဲနေတယ်ဆိုရင် ဒီအသည်းကွဲဇာတ်လမ်းကို ဘယ်လိုအဆုံးသတ်မလဲလို့ စဉ်းစားအဖြေရှာဖို့ပါ။


🖤 ကြိုးစားပေမဲ့ ကျရှုံးနေတယ်ဆိုရင် ဆရာတစ်ယောက်ရဲ့လမ်းညွှန်ချက်တစ်ခုလိုနေသေးတာကိုသတိရဖို့ပါ။


🖤ငါဘာလို့စိတ်ဓာတ်ကျနေရတာလဲဆိုတဲ့မေးခွန်းအစား ငါဘယ်လိုကုစားနိုင်မလဲဆိုတဲ့မေးခွန်းကို မေးတတ်ရမှာဖြစ်ပါတယ်။


🖤ငါဒီလိုဖြစ်နေတာ ဘယ်သူ့ကိုအပြစ်တင်ရမလဲလို့ မေးခွန်းထုတ်နေမဲ့အစား ဒီပြဿနာကိုဖြေရှင်းဖို့ ဘယ်သူနဲ့ပူးပေါင်းဆောင်ရွက်ရမလဲ မေးသင့်ပါတယ်။


🖤အရာရာပျက်စီးဆုံးရှုံးသွားရင်ရင်ဘာလုပ်မလဲ..လို့မေးမဲ့အစား အောင်မြင်ဖို့အတွက် ဘယ်လိုခြေလှမ်းတွေ လှမ်းရမလဲ..လို့မေးဖို့လိုပါတယ်။


မေးခွန်းတွေကို ပြောင်းလဲမေးလိုက်ခြင်းဟာ ကျွန်မတို့ရဲ့စိတ်နေသဘောထားကို လေးနက်တဲ့ပြောင်းလဲမှုတွေ ဖြစ်လာစေနိုင်ပါတယ်။


ကိုယ်ပဲခံနေရပါလားဆိုတဲ့ ခံရသူ Victim နေရာက ရုန်းထွက်ပြီး ဖြေရှင်းနိုင်တဲ့၊ ကျော်ဖြတ်နိုင်တဲ့၊ ခံနိုင်ရည်ရှိတဲ့ ခံစားချက်ကို ပြောင်းလဲနိုင်ပါတယ်။


ကိုယ်တိုင်မေးနေမိတဲ့ မေးခွန်းတွေရဲ့အရည်အသွေးကို အကဲဖြတ်တတ်ဖို့လိုပါတယ်။ အဲဒီအတွက် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်မှု Self Reflection တွေလုပ်တတ်ရမှာဖြစ်ပါတယ်။


🖤ငါလိုချင်တာဘာလဲ။ ငါ့အတွက်လိုအပ်တာဘာလဲ။ ငါက ဘာကိုခံစားနေတာလဲ။


🖤ငါဖြစ်ချင်တာဟာ ဘာလဲ။ ဖြစ်သင့်တာကရောဘာလဲ။ အခုဖြစ်နေတာက ဘာလဲ။


ကိုယ့်ရဲ့မေးခွန်းတွေဟာ ကောင်းမွန်တဲ့၊ အပြုသဘောဆောင်တဲ့၊ ခွန်အားရှိတဲ့အဖြေတွေဆီကို ဦးတည်နေသလား သို့မဟုတ် အဆိုးမြင်ပုံစံတွေကို အားဖြည့်နေပေးနေတဲ့ မေးခွန်းတွေလားဆိုတာ ဆန်းစစ်ရမှာဖြစ်ပါတယ်။


"If you don't like the answer, change the question"

"အဖြေကို မကြိုက်ရင် မေးခွန်းကို ပြောင်းပါ" ဆိုတဲ့ စကားဟာ ကျွန်မတို့မေးမိတဲ့ မေးခွန်းတွေကတစ်ဆင့် မိမိရဲ့တကယ်လုပ်နိုင်စွမ်းအားကို ပုံဖော်ပေးနိုင်တဲ့ Powerful Reminder တစ်ခုပါပဲ။


အဆင်မပြေတဲ့၊ လက်မခံချင်တဲ့၊ မကြိုက်တဲ့ အဖြေတစ်ခုကို ကြုံတွေ့ရတဲ့အခါ မေးခွန်းကို ပြောင်းပြီးမေးကြည့်ပါ။ Perspective ရှုထောင့်ပြောင်းလဲမှုက ပိုပြည့်စုံတဲ့ စိတ်ကျေနပ်ဖွယ်ရာ အဖြေတစ်ခုဆီ ဘယ်လိုပို့ဆောင်နိုင်မလဲဆိုတာကို စဉ်းစားကြည့်ပေးပါ။


10.6.2024

728 views0 comments

Comments


bottom of page