top of page
Search

သူ့ရဲ့နာမည်လေးကိုကြားရုံနဲ့ ရင်ခုန်သွားရတယ်ဆိုရင် ဒါဟာ သူ့ကို ချစ်နေလို့ပါ..။

Updated: Jan 10

သူ့အကြောင်းကိုတွေးလိုက်ရုံနဲ့ တစ်ယောက်တည်းပြုံးမိသွားတာဟာ သူ့ကိုချစ်နေလို့ပါ။

သူနဲ့ အပြင်မှာတွေ့တဲ့အခါ အချင်းချင်း မျက်လုံးတွေ မလွှဲနိုင်ဘဲ စိုက်ကြည့်နေမိတယ်ဆိုရင် သူ့ကိုချစ်နေလို့ပါ။


အချစ်ဆိုတာဟာ အင်မတန်ခွန်အားကြီးတဲ့ Powerful ဖြစ်တဲ့ Energy တစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် လူတွေဟာ Overwhelmed အပြင်းစားခံစားမှုတွေရဲ့ ရိုက်ခတ်မှုနဲ့ မိန်းမောတွေဝေသွားတတ်ကြတယ်။ အဲဒီခံစားမှုတွေဟာ ပြင်းထန်လွန်းတဲ့အတွက် ကောင်းတဲ့ဘက်ကိုလည်းရောက်နိုင်သလို ဆိုးတဲ့ဘက်ကိုလည်း ရောက်သွားတတ်ပါတယ်။


လူတွေအများကြီးရှိနေတဲ့အခန်းထဲကို ဝင်သွားပြီဆိုပါစို့။ အဲဒီထဲကမှ တစ်ယောက်သောသူကိုပဲ လိုက်ရှာမိတယ်၊ သူ့ကိုတွေ့တဲ့အခါ ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားတယ်ဆိုရင် အဲဒီသူဟာ ကိုယ့်ကို စိတ်ဝင်စားနေတဲ့သူပဲဖြစ်ပါတယ်။ လူတွေဟာ ကိုယ့်ကိုစိတ်ဝင်စားနေတဲ့သူကိုပဲ ကိုယ်ကလည်း ပြန်ပြီးစိတ်ဝင်စားနေမိတတ်ပါတယ်။ လူတွေအချင်းချင်း ဒီလိုပုံစံနဲ့ ဆွဲငင်နေတတ်ကြပါတယ်။


ချစ်တယ်ဆိုတဲ့ကိစ္စတွေမှာ တစ်ခါတစ်ရံ အတင်းလုပ်ဆောင်နေစရာမလိုပါဘူး။ Law of Least Effort ဆိုတာ နေရာတကာ အတင်းကာရော အားထုတ်လုပ်ဆောင်နေဖို့မလိုပါဘူးဆိုတဲ့ Spiritual Law တစ်ခုပဲဖြစ်ပါတယ်။ ငါးကလေးတွေ ရေကူးတတ်ဖို့ကို တစ်ခုတ်တရ မသင်ရသလိုဘဲ ဖြစ်ပါတယ်။ ကလေးလေးတွေ နို့စို့တတ်ဖို့ သင်ပေးစရာမလိုတဲ့သဘောပဲဖြစ်ပါတယ်။ မိခင်နို့သီးခေါင်းလေးကို ပါးစပ်မှာတေ့လိုက်မိတာနဲ့ ကလေးလေးဟာ နို့စို့ရကောင်းမှန်းသိသလို ငါးကလေးတွေကလည်း ရေထဲကိုချပေးလိုက်တာနဲ့ ကူးခတ်သွားနိုင်ကြတာဖြစ်ပါတယ်။


အချိန်တန်ရင် သူ့အလိုလို ဖြစ်လာတာမျိုးတွေရှိပါတယ်။ အမောတကောနဲ့ သူ့နောက်ကို ပြေးလိုက်နေမယ်။ သူ့ဆီကအချစ်ကို အမြန်ဆုံးလိုချင်တယ်။ မရသေးဘူးလား၊ မရသေးဘူးလားနဲ့ တနုံ့နုံ့ဖြစ်နေမယ်။ သူ့ရဲ့လှုပ်ရှားမှု တုံ့ပြန်မှုတွေအပေါ်မှာ အမြဲတမ်း အားမလိုအားမရဖြစ်နေမယ်၊ လောဘကြီးနေမယ်၊ မသေချာတဲ့စိတ်တွေနဲ့ အချိန်နဲ့အမျှ တမ်းတဝမ်းနည်းနေမယ်ဆိုရင် အပူနဲ့နေရတာမျိုးဖြစ်နေပါတယ်။


ကိုယ်ချစ်တယ်ဆိုတာ သေချာတယ်၊ ကိုယ့်ဘက်ကအရိုးသားဆုံး အစစ်မှန်ဆုံးချစ်နိုင်တယ်၊ ပေးနိုင်တယ်ဆိုတဲ့စိတ်ဟာ Universe ကို Surrender လုပ်ထားတဲ့စိတ်ပါပဲ။ ချစ်ခြင်းတရားနဲ့ပတ်သက်ပြီးတော့ Manifest လုပ်တယ်ဆိုရင် အဲဒီအချက်က အရေးကြီးပါတယ်။


ကိုယ့်အနေနဲ့ အကောင်းဆုံးတွေကို ဖြည့်ဆည်းထားတယ်။ ရလာတယ် မရလာဘူးဆိုတာကတော့ အချိန်တစ်ခုက အဖြေပေးမှာဖြစ်ပါတယ်။ အချိန်ကျပြီဆိုတဲ့အခါမှာ ကိုယ်နဲ့ထိုက်တန်တယ်ဆိုတဲ့အရာတွေဟာ အကြောင်းအကျိုးတွေ ချိတ်ဆက်တိုက်ဆိုင်လာပြီးတော့ ကိုယ့်ဆီကို ရောက်ရှိလာမှာအသေအချာပဲဖြစ်ပါတယ်။


ဒါကြောင့် ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာပေါ်မှာ Faith ဆိုတဲ့ယုံကြည်မှုနဲ့ သွားနေရမှာဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ ကိုယ်လိုချင်တဲ့အချစ်ကို အစောတလျင်ရချင်နေဖို့လည်းမလိုပါဘူး။ ရချင်လည်းရမယ်။ မရချင်လည်းမရဘူး။ ကိုယ့်ဘက်ကတော့ ပေးနိုင်သလောက် အကုန်ပေးပြီးပြီဆိုတဲ့စိတ်နဲ့ စိတ်အေးလက်အေး ဖြစ်နေနိုင်ဖို့ လိုပါတယ်။ ဒါဟာ Trust the Process ပဲ ဖြစ်ပါတယ်။


သူ့အချစ်ကို ရမှရပါ့မလားလို့ဆိုတဲ့ စိုးရိမ်မှုတွေ ပူပင်သောကတွေ အကုန်လုံးကို လျှော့ချပြီး ကိုယ့်ရဲ့နှလုံးသားလေး ပထမဦးဆုံး ကြည်လင်သန့်ရှင်းသွားအောင် မေတ္တာ Meditation လေး လုပ်ပေးလို့ရပါတယ်။ ကိုယ့်ရဲ့နှလုံးသားလေးကို ကိုယ်ကိုယ်တိုင် ထိတွေ့ခံစားတိုင်း တောက်ပတဲ့အလင်းရောင်လေးတွေနဲ့ စိမ်းလဲ့အေးမြနေပြီဆိုတဲ့အခါ ကိုယ်ချစ်တဲ့သူဆီကို အဲဒီမေတ္တာစွမ်းအင်လေးတွေ စိတ်နဲ့ပဲ ပေးပို့ဝေမျှပေးနိုင်ပါတယ်။ သူ့ကိုမေတ္တာပေးဖို့ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး မေတ္တာနဲ့ ဖြည့်ဆည်းပေးတတ်ဖို့ လိုပါတယ်။


ကိုယ်လိုချင်တဲ့အချစ်ကို ရလာရင်လည်း ကိုယ်နဲ့ထိုက်တန်လို့ရလာတာလို့ ဝမ်းမြောက်စွာ လက်ခံပေးရမှာဖြစ်ပြီး မရခဲ့ဘူးဆိုရင်လည်း ဒီထက်ကောင်းတာတစ်ခုရဖို့လို့ဆိုတာ နားလည်ပြီး လက်လွှတ်ပေးရမှာဖြစ်ပါတယ်။ Let go လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်ခါတလေကျတော့ ရထားမမီလိုက်တာက အဲဒီရထားမှောက်တဲ့အထဲမှာ ပါမသွားဖို့ ကံတရားက ဖယ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အရာရာကို ကျေးဇူးတင်စိတ်နဲ့ နေတတ်ဖို့လိုပါတယ်။


အချစ်နဲ့ကင်းတယ်ဆိုတာ ဘယ်သူမှမရှိပါဘူး။ ၁၀၀ မှာ ၉၈ ယောက်သည် ချစ်ဖူးတဲ့သူတွေဖြစ်ပါတယ်။ ချစ်တတ်တဲ့သူတွေဖြစ်ပါတယ်။ ချစ်ခံရဖူးတဲ့သူတွေဖြစ်ပါတယ်။ အချစ်ကို မျှော်လင့်ခဲ့ဖူးတဲ့သူတွေဖြစ်ပါတယ်။


ကျွန်မတို့ရဲ့နှလုံးသားတွေဟာ အကြိမ် ကြိမ်လည်း ပြန်လည်ပြီး ချစ်နိုင်ကြပါတယ်။ အချစ်ကို အေးချမ်းတဲ့ မြင့်မြတ်တဲ့ ကောင်းမွန်တဲ့ ပျော်ရွှင်တဲ့ စိတ်ခံစားမှု ပုံစံတစ်မျိုးနဲ့ နားလည်ဖို့ လက်ခံဖို့ မျှော်လင့်တတ်ဖို့သာ လိုအပ်ပါတယ်။


ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်ပေးလိုက်လို့ အလကားဖြစ်သွားတယ်ဆိုတာမျိုးလည်း ဘယ်တော့မှမရှိပါဘူး။ Universe က ကိုယ်ပို့လွှတ်လိုက်တဲ့ ထိတွေ့ခံစားနေတဲ့ Love Energy နဲ့ Vibrational Frequency ကို သိပါတယ်။


မေတ္တာဆိုတာ ကိုယ်လိုချင်တဲ့ မျှော်မှန်းထားတဲ့ပုံစံမျိုးနဲ့မဟုတ်ဘူးဆိုရင်တောင်မှ ကိုယ့်ဆီကို တခြားပုံစံတစ်မျိုးမျိုးနဲ့ ပြန်ရောက်လာမှာကတော့ အသေအချာပဲဖြစ်ပါတယ်။


#monhalsey#trusttheprocess#loveenergy#faith#spiritualrelationship


2,218 views0 comments

コメント


bottom of page