top of page
HIGHLIGHT ANCHOR
Redefining Life.png

New Book 

ကိုယ်နဲ့သက်တူရွယ်တူဖြစ်တဲ့အမျိုးသမီးတွေ ဘဝကို ဘယ်လိုပုံစံနဲ့ဖြတ်ကျော်နေကြသလဲ။ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်နေကြရသလဲ။ ဒီလိုအခြေအနေတွေကြုံတဲ့အခါမှာ စိတ်ကိုဘယ်လိုထားရမလဲဆိုတဲ့အကြောင်းအရာတွေကို ကျွန်မဖြတ်သန်းနေတဲ့ဘဝအတွေ့အကြုံတွေကနေသင်ယူရင်းမျှဝေထားပါတယ်။

 

စာအုပ်ခေါင်းစဉ်ဟာ စာဖတ်သူတွေရဲ့ အသက်အရွယ်နဲ့ ကျား/မ အမျိုးအစားကို Limit လုပ်လိုက်သလိုဖြစ်ပေမယ့် ၄၀ မရောက်ခင် အမျိုးသမီးတွေလည်း ဒီစာအုပ်ကိုဖတ်ဖို့ညွှန်းဆိုလိုပါတယ်။ ၄၀ကျော်အမျိုးသမီးတွေရဲ့စိတ်ကိုနားလည်လိုတဲ့အမျိုးသားတွေလည်းဖတ်နိုင်ပါတယ်။အမျိုးသမီးတွေအားလုံးဟာ ခံစားချက်တွေ၊ အားနည်းချက်၊ အားသာချက်တွေနဲ့အတူ အမြဲတမ်းရိုးသားပြီး သဘာဝကျနေတဲ့ အလှတရားတစ်ခုပါပဲ။

 

ကျွန်မတို့ရဲ့ချစ်ခြင်းမေတ္တာဟာ အလှပဆုံးသောကိုယ်ပိုင်အရာဖြစ်ပြီး ကမ္ဘာတစ်ခုလုံးကိုပြောင်းလဲစေနိုင်ပါတယ်။ ဘဝဖြစ်တည်မှုအဆင့်တိုင်းမှာ စိတ်ဓာတ်ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ပြီး ခက်ခဲမှုတွေကို ကျော်ဖြတ်နိုင်ခဲ့ကြတဲ့ အမျိုးသမီးတိုင်းကို ချစ်ခင်လေးစားစွာ ဒီစာအုပ်နဲ့ဂုဏ်ပြုလိုက်ပါတယ်။

All the Books

mv1

Morning Vitamins (1)

Published Year - Dec 2020

မိမိအတွေးနဲ့ စိတ်ဝိညာဉ်ကို အားအင်ပြည့်လတ်ဆတ်နေပြီး နေ့တစ်နေ့တာချင်းစီကို အကောင်းမွန်ဆုံး နိုးထဖြတ်သန်းနိုင်ဖို့ စိတ်ခွန်အားပေးမယ့် စာအုပ်လေးဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် အာဟာရလိုအပ်သလို … စိတ်ဝိညာဉ် ရှင်းသန့်ကြည့်လင်ဖို့၊ အတွေးအခေါ် အင်အားကောင်းဖို့ မိမိရဲ့ စိတ်နှလုံး ဦးနှောက်မှာ အာဟာရလိုပါတယ်။စာချစ်သူတွေ မနက်ခင်း နိုးထလာတဲ့အခါတိုင်း.. စိတ်ကြည်လင်အေးချမ်းစွာ..ဖတ် ကြရတဲ့..Morning Vitamins ဆိုတဲ့ မနက်စာ အာဟာရ စာစုများကို ပထမဆုံး နံပါတ်တစ် စာအုပ်အနေနဲ့ ထုတ်ဝေလိုက်ခြင်းပဲ ဖြစ်ပါတယ်။

Morinign Cover1_edited.png
mv2
Morinign Cover 2_edited.png

Morning Vitamins (2)

Published Year - Jun 2021

လူတစ်ယောက်အတွက် မနက်စာကို ကောင်းကောင်းမွန်မွန် ပြည့်ပြည့်ဝဝစားရသလို မနက်ခင်းအိပ်ရာမှထပြီးခါစ မနက်ခင်းအတွေးအာရုံကောင်းသည်လည်း တစ်နေ့လုံးစာအတွက် အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ အဲဒီအတွေးဟာတစ်မနက်ခင်းမှစ တစ်နေ့လုံးအတွက် ခွန်အားသတ္တိလည်းဖြစ်ပါတယ် ….

ကိုယ်ခန္ဓာအတွက် မနက်စာအာဟာရတွေစားပေးရသလို စိတ်၊ နှလုံးသားအတွက်လည်း မနက်စာ အာဟာရလေးတွေ ကျွေးရပါမယ်။

ဒီစာအုပ်လေးက စာချစ်သူရဲ့ တစ်နေ့တာအစကို စိတ်နှလုံးခွန်အားပြည့် အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ဖို့ အနားမှာထားရမယ့် အဖော်မွန်ကောင်း စာအုပ်လေးတစ်အုပ်ပါ…

Morning Vitamins (3)

Published Year - Apr 2022

တစ်နေ့တာရဲ့ မနက်ခင်းတိုင်းကို အကောင်းဆုံး စိတ်ခွန်အားတွေနဲ့ တာထွက်လှနိုင်ဖို့ ….

မိမိအတွေးနဲ့ စိတ်ဝိညာဉ်ကို အားအင်ပြည့်လတ်ဆတ်နေပြီး နေ့တစ်နေ့တာချင်းစီကို အကောင်းမွန်ဆုံး နိုးထဖြတ်သန်းနိုင်ဖို့ စိတ်ခွန်အားပေးမယ့် စာအုပ်လေးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် အာဟာရလိုအပ်သလို … စိတ်ဝိညာဉ် ရှင်းသန့်ကြည့်လင်ဖို့၊ အတွေးအခေါ် အင်အားကောင်းဖို့ မိမိရဲ့ စိတ်နှလုံး ဦးနှောက်ကို ဖြည့်ဆည်းရမယ့် အတွေးအမြင် စာစုလေးတွေ ဖြစ်ပါတယ်…

Morinign Cover 3_edited.png
mv3
Mon Halsey Mingalarbar Full Cover Design.png

Mingalarbar Sayarma

Published Year - Dec 2019

မင်္ဂလာပါဆရာမ (စာသင်ခန်းထဲက အတွေးစများ) ဆိုတဲ့စာအုပ်က ကလေးတွေအကြောင်း အဓိကရေးထားတဲ့ စာစုတွေပါ… ဒီစာအုပ်မှာ မိဘတွေရဲ့ ထိန်းကျောင်းသင်ပြမှု အရေးကြီးပုံတွေ..စိုးရိမ်ပူပန်မှူတွေ…. ဘိုကျောင်းနဲ့မြန်မာကျောင်းရဲ့ အားနည်းချက် အားသာချက်တွေ … အမျိုးမျိုးသောသင်ယူမှုများအတွက် အဓိက သော့ချက်တွေ Multiple Intelligences / The Five Love Languages.. အရွယ်အလိုက် ပြောင်းလဲလာကြပုံတွေ….လူငယ်တွေအတွက် သတိပြုစရာအချက်တွေ… လိင်မှုဆိုင်ရာ ပညာပေးမှုတွေ နဲ့ ကလေးသူငယ် အကြမ်းဖက်နှိပ်စက်မှုတွေ (Sex Education / Child Abuses) စတဲ့ လေ့လာသိမှတ်စရာ အကြောင်းအရာများပါတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်…။

mingalapar
america

The America I've Known

စာအုပ်အဖြစ်ထွက်ရှိဖို့ ၄ နှစ် အချိန်ယူ ရေးသားခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်  နိုင်ငံကြီးတစ်နိုင်ငံရဲ့ အတွေးအခေါ် ရေသောက်မြစ်၊ ဓလေ့ထုံးစံတွေနဲ့ အတုယူစရာကောင်းတဲ့ ဘ၀နေမှုပုံစံတွေကို ကိုယ်တွေ့လေ့လာမှတ်သားပြီး စာဖတ်သူတွေကိုယ်တိုင် အမေရိကားဆိုတာဘာလဲ…. နက်နက်ရှိုင်းရှိုင်း သိမြင်လာနိုင်အောင် တူးဆွ-ရှုမြင်-ဆင်ခြင်-သုံးသပ် ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။

သျှောင်နောက်ဆံထုံးပါခဲ့ရတဲ့.. အခြေအနေကြောင့် အခေါက်ခေါက်ရောက်ခဲ့ရတဲ့ နိုင်ငံတစ်ခုရဲ့အကြောင်းကို..ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း ရေးခဲ့တဲ့ အမေရိကားစာစုတွေကို..ကျွန်မသိသောအမေရိကား..The America I’ve Known စာအုပ်မှာ..အပုဒ်ရေ ငါးဆယ်တောင်ပါတာမို့..တဝကြီးဖတ်ရှုရမှာပါ။

ဒီစာအုပ်ကိုဖတ်တဲ့အခါ ကောင်းတာလည်းရှိသလိုမကောင်းတာလည်းရှိတဲ့ သူတို့တိုင်းပြည်က စနစ်တွေ… သူတို့လူမျိုးတွေရဲ့ life style.. ဘဝနေထိုင်မှုပုံစံတွေ ဓလေ့စရိုက်.. စိတ်နေစိတ်ထားတွေ.. မတူကွဲပြားသော ယဉ်ကျေးမှု.. ယုံကြည်မှုတွေ..၊ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေကို ဝေမျှထားတဲ့ သာမာန်ခရီးသွားဧည့်သည်..စာရေးသူတစ်ဦးရဲ့ ရိုးရှင်းသောအတွေးအမြင်များအဖြစ်..ခံစားရမှာပါ..

Cover Final.png
mom
Mother Cover.png

အမေကိုပြောဖြစ်သောစကားများ

Published Year - Dec 2021

စာအုပ်လေးက စာရေးသူရဲ့ ရေးဟန်အတိုင်း အတွေးခွန်အားတွေ ဘ၀နေနည်း ဒဿနတွေ ထုံဖွဲ့သင်းနေတဲ့ စိတ်ခွန်အား စာအုပ်လေးတစ်အုပ်ပါ…

ထူးခြားတာက လူငယ်တွေအတွက် ရေးနေကျပုံစံမျိုးမဟုတ်ဘဲ လူကြီးမိဘတွေအပေါ် စိတ်ခွန်အားဖြစ်စေတဲ့၊ စိတ်အနေတတ်စေမဲ့ စာမျိုးလေးတွေကို ရည်စူးရေးသားထားတာ ဖြစ်ပါတယ်…စာရေးသူရဲ့ မိခင် အသက်၇၀ပြည့် မွေးနေ့အမှတ်တရ ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်..အမေနဲ့ ပြောဖြစ်တဲ့စကားတွေအပေါ် မူတည်ပြီး ဒီစာအုပ်လေး ဖြစ်ပေါ်လာပါတယ်

TBC

To Be Continued

Published Year - 2018

ချမ်းသာဟာ.. အင်မတန်လူဆန်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဘဝဟာ အရာရာ အပြစ်ကင်းစင်ပြီး.. နေသားတကျတည်ငြိမ်နေတဲ့.. ဘဝမဟုတ်ပါဘူး။ စိတ်အားဖြင့်လည်းကောင်း၊ ကိုယ်အားဖြင့်လည်းကောင်း၊ အမြဲလှုပ်ခတ်နေသော ဘဝမျိုးပါ…။ ဒါကြောင့် သူ့ကို ဖန်တီးရေးဖွဲ့တာဟာ လုံးဝပျင်းစရာ မကောင်းခဲ့ပါဘူး။
ကျွန်မသူ့ကို ဇာတ်ကောင်တစ်ကောာင်အဖြစ် အသက်သွင်းမွေးမြူဖို့ စိတ်အားထက်သန်ခဲ့တာက… ကျွန်မတို့ သူသူငါငါ လူသတ္တဝါတွေစိတ်ထဲမှာ တိတ်တခိုးကျူးလွန်နေမိတတ်ကြတဲ့ အမှားတွေကို သူက ပေါ်ပေါ်တင်တင် မှားယွင်းပြရဲခဲ့သူမို့ပါ။ ပြီးတော့ ဝန်ခံတယ်.. ပြုပြင်တယ်.. ရှေ့ဆက်တယ်.. သူဟာ အပြစ်အနာအဆာတွေရှိတဲ့ ဇာတ်ကောင်ပါ…။ သူ့မှာ အမှားတွေ ရှိတယ်ဆိုရင် သူ့အမှားတွေက သင်ခန်းစာယူလိုက်ဖို့ပါပဲ။ ကိုယ်လည်း သူ့လို မှားခဲ့တယ်ဆိုရင် ပြန်ပြငို့ သူ့ဆီက ခွန်အားယူကြည့်ပါ…
စာဖတ်သူတွေအနေနဲ့ အမျိုးစုံ ဝိဝါဒကွဲပြားနိုင်ပေမဲ့… ဒါဟာ ဝတ္ထုစာအုပ်လို့တော့ သဘောပေါက်နားလည်းပေးစေချင်ပါတယ်။ perfect ဖြစ်တဲ့ ဇာတ်ကောင်တွေချည်းပဲဆိုရင် ဒီဝတ္ထုလည်း ဖြစ်လာစရာအကြောင်းမရှိပါဘူး။

To be Continued Confirm Next_edited.png
NTBC
Not To be Continued Confirm next_edited.png

Not To Be Continued

Published Year - Mar 2020

အချစ်ဆိုတာ တောင်းတိုင်းရကောင်းသော အရာမဟုတ်ပေ။ တစ်စုံတစ်ယောက်ကို ကိုယ်က ဘယ်လောက်ပင်ချစ်ချစ်၊ သူကိုယ့်ကို ဆတူပြန်ချစ်လာဖို့ဆိုတာက မျှော်လင့်ရုံလောက်သာ တတ်နိုင်သည်။ သားသမီးပေါ်မှာပဲဖြစ်ဖြစ်၊ အိမ်ထောင်ဖက်ပေါ်မှာပဲဖြစ်ဖြစ်…. ချစ်ချင်သပဆိုလျှင် ကိုယ်… ချစ်နိုင်သမျှ ချစ်ပေးလိုက်ဖို့ပါပဲ။ သူတစ်ဘက်သားဆီက တုံ့ပြန်မှုရဖို့ဆိုတာက သူတို့ အလိုအတိုင်းသာလျှင် ဖြစ်၏။ မျှော်လင့်ချက်တွေ ထားနေရသမျှ ပင်ပန်းမှုတွေနှင့်သာ အဆုံးသတ်သွားရတတ်သည်… (စာအုပ်ကောက်နှုတ်ချက်လေး ဖြစ်ပါတယ်)

redo

Renew Redo

Published Year - Nov 2022

ကောင်းသော အလေ့အကျင့်တွေနဲ့ မိမိကိုယ်ကို..ပြောင်းလဲဖို့လိုလားတဲ့သူတွေအတွက်..
Renew Redo က နေ့စဥ် လေ့ကျင့် ပျိုးထောင်ယူရမဲ့.. စိတ်နေစိတ်ထား..လုပ်ဆောင်မှုတွေကို..အသားပေး..ဖော်ပြထားတာတဲ့ စာအုပ်လေးပါ..

တစ်ရက်ကို တစ်ပုဒ်ချင်းဖတ်ပြီး တဆင့်ချင်းစိတ်ကို ပြောင်းလဲသွားစေမယ့် ရက်(၃၀) စာ လေ့ကျင့်လို့ရတဲ့ Guide Book စာအုပ်လေးတစ်အုပ် ဖြစ်ပါတယ်။

30 days cover.png
balance
Balance cover Eng_edited.png

Balance Wheel of Life

Published Year - May 2020

Balance Wheel ဆိုတာဟာ… ဘဝဖြစ်တည်မှုတွေရဲ့ အခြင်းအရာမျိုးစုံပါဝင်တဲ့ (Wheel of Life).. ဘဝစက်ဝိုင်း… ဘယ်လောက်အတိုင်းအတာထိ ဟန်ချက်ညီမျှမှု ရှိနေသလဲဆိုတာကို ကိုယ်တိုင်စစ်ဆေးနိုင်တဲ့ ကိရိယာ (Self Assessment Tool) တစ်ခုဖြစ်သလို၊ ကိုယ်တိုင် မျက်စိနဲ့မြင်နိုင်တဲ့ တင်ပြချက် (Visual Presentation) တစ်ခု ဖြစ်ပါတယ်။

ကိုယ့်ဘဝရဲ့ ဟန်ချက်ညီမျှမှု၊ မညီမျှမှုတွေကို ကိုယ်တိုင်ဆန်းစစ်တွေ့မြင်နိုင်ပြီး ပြန်လည်ချိန်ညှိနိုင်ဖို့ (Self-Reflection လုပ်နိုင်ဖို့) Balance Wheel ဟာ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ 

မိမိရဲ့ နေ့စဉ်ဘဝလှုပ်ရှားမှုတွေဟာ ဟန်ချက်ညီရဲ့လားဆိုတာ သင့်ကိုယ်သင်မေးခွန်းတွေမေးပြီး ဆန်းစစ်ဖူးပါရဲ့လား? ဘဝရဲ့ ဖြစ်တည်နေထိုင်မှုတွေဟာ ဖြစ်ချင်တာတွေနဲ့ ဖြစ်သင့်တာတွေ သာတူညီမျှမှုရှိပါရဲ့လား? သင့်ရဲ့ လက်ရှိအခြေအနေတွေရော အားရကျေနပ်မှု ရှိနေပါရဲ့လား? ဒီမေးခွန်းကို ယခု Balance Wheel ဆိုတဲ့ စာအုပ်လေးက ကူညီဖြေရှင်းပေးပြီး သင် သွားချင်တဲ့ ရည်မှန်းချက်ကို အရောက်ပို့ဆောင်ပေးပါလိမ့်မယ်…

detox

Mental Detox

Published Year - 2021

စိတ်ပေါ့ပါးဖို့က ပိုအရေးကြီးတယ်။
ရုပ်ကောင်းဖို့ထက် စိတ်ကောင်းဖို့က အရေးကြီးတယ်။
ရုပ်ကိုပြင်ဖို့ထက် စိတ်ကိုပြင်ဖို့က အရေးကြီးတယ်။
ရုပ်ကို အဆိပ်ထုတ်ဖို့ထက်
စိတ်ကိုအဆိပ်ထုတ်ဖို့က ပိုအရေးကြီးတယ်။
အတွေးတွေဟာ ဦးနှောက်အတွက် အစာအာဟာရတွေပဲ ဖြစ်ပါတယ် …
Thoughts are food for the brain.

Detox cover.png
divorce
Healthy div cover Eng_edited.png

Healthy Divorce

Published Year - Feb 2022

Healthy Divorce ဆိုပေမယ့်ကွဲကွာဖို့ အကြောင်းတွေကိုချည်းရေးသားထားတာ မဟုတ်ပါဘူး…

 မေတ္တာတရား၊ နားလည်ခြင်း၊ ယုံကြည်ခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ရင့်ကျက်ခြင်း၊ နွေးထွေးခြင်း၊ မိမိကိုယ်ကိုတန်ဖိုးထားတတ်ခြင်း စတဲ့ချစ်ခြင်းရဲ့ အနုပညာတွေကို ခံစားနားလည်နိုင်ပြီး …..

 ပိုကောင်းမွန်တဲ့ Healthy Relationshipတွေကို တည်ဆောက်ကာ တွဲခဲ့ရတဲ့ ရွှေလက်တွေ ဆက်လက်ခိုင်မြဲနေစေဖို့ ရည်ရွယ်ရေးသားထားတာ ဖြစ်ပါတယ်…

roses

Not All Delicate Roses Bloomed

Published Year - Jul 2021

စိတ်နယ်လွန်ဖြစ်ရပ်ဆန်းတွေ အများကြီးရှိတဲ့ အနောက် နိုင်ငံကြီး

 တစ်ခုမှာ ဇာတ်အိမ်စတည်ခဲ့ပြီး ရှစ်လအချိန်ယူပြီးရေးခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်…

အသံနဲ့ပါနားထောင်လို့ရတဲ့ ဇာတ်ဝင်ခန်းတွေလည်းပါဝင်ပါတယ်… စာမျက်နှာလေးရာကျော်ရှိတဲ့ စာအုပ်ကိုဖတ်ရင်း နိုင်ငံပေါင်းစုံကို ရောက်သွားရလိမ့်မယ်။ လောကသစ်..အယူအဆသစ်တွေကို တွေ့မြင်ခံစားရလိမ့်မယ်..

ဆရာမရဲ့..ဆက်ရန်ရှိသေးသည်
ဆက်ရန်မရှိတော့ပါ… ဆိုတဲ့ စာအုပ်တွေကို နှစ်ခြိုက်စွဲလမ်းခဲ့ကြတဲ့ စာဖတ်ပရိတ်သတ်ရဲ့ တောင့်တမျှော်လင့်မှုတွေကို ဖြည့်ဆည်းပေးလိုက်တဲ့ စာအုပ်တစ်အုပ်ဆိုတာကိုလည်း သတင်းစကားပါးချင်ပါတယ်…

အနောက်နိုင်ငံသားများရဲ့ မမြင်အပ်သော လောကဆိုင်ရာ..ထူးဆန်းတဲ့အယူအဆတွေကို ဗုဒ္ဓဘာသာရှုထောင့်ကနေ ချဉ်းကပ်ပြီး နှိုင်းယှဉ်ရေးသားထားခဲ့တာကိုလည်း တွေ့ရပါတယ်…

ဒီစာအုပ်မှာ..စိတ်နယ်လွန်ဖြစ်ရပ်ဆန်းတွေကို ဖိုမအချစ်နဲ့ရောစပ်ပြီး စိတ်ဝင်စားစရာရေးထားတယ်..မွှေးပျံ့တဲ့နှင်းဆီရနံ့တွေ… တယောသံ.. အတိတ်နဲ့.. ပစ္စုပ္ပန်ကာလရဲ့ ရှုပ်ထွေးမွန်းကြပ်မှုတွေထဲမှာ.. အမျိုးသမီးဇာတ်ကောင်ဟာ လွန်းထိုးလှုပ်ရှားနေခဲ့တယ်..

It’s all possible,if you believe လို့..ဆိုတဲ့အတိုင်း..သင်..ယုံကြည်တယ်ဆိုရင်တော့ အရာရာဟာ.. ဖြစ်နိုင်တာပါပဲ….

Rose final.png
amar
A mar_edited.png

A Mar

ဒုတိယကမ္ဘာစစ်၊ ကိုလိုနီခေတ် ၊ လွတ်လပ်ပြီးခေတ်တို့အပေါ် အခြေပြုရေးဖွဲ့ထားသော သမိုင်းနောက်ခံ ဖြစ်ရပ်မှန် ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်..

ဘဝခရီးကြမ်းတွင် ရေစုန်မျောမသွားဘဲ ကြံ့ကြံ့ခံပြီး ရေကိုဆန်တက် လှော်ခတ်ခဲ့သော အမျိုးသမီးတစ်ယောက်၏ အတုယူဖွယ်ရာ.. စိတ်ဓာတ်၊ အကျင့်စာရိတ္တ ၊ကြိုးစားအားထုတ်မှု၊ ဘဝရည်မှန်းချက်၊ အိမ်ထောင်ရေး၊ သည်းခံပေးဆပ်မှု၊ အနစ်နာခံမှုတို့ကို အားပြိုင်နေသောဇာတ်ကောင်များ၏ ပံ့ပိုးမှုတို့ဖြင့် စိတ်လှုပ်ရှားစွာ.. ရင်ခုန်ဖတ်ရှုရမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

စာရေးဆရာမ မွန်ဟော်စီ၏ အဖွားဖြစ်သူ ..မြန်မာ နိုင်ငံ၏ ၆၁ ယောက်မြောက် ဆရာဝန်မကြီး ဒေါက်တာဒေါ်သန်းဌေး (ခ) အမာ၏ ဘဝဇာတ်ကြောင်းမှန် ဖြစ်ပြီး စာရေးသူက မိသားစုဓါတ်ပုံများကိုပါ ဝေဝေဆာဆာထည့်သွင်း ဖော်ပြကာ နှစ်..နှစ်ခန့်အချိန်ယူ၍ ရေးသားခဲ့သော စာအုပ်ဖြစ်ပါသည်။

Love, Light & Power

Published Year - Jul 2022

မေတ္တာဆိုတာ အင်မတန်ကြီးမားမြတ်တဲ့ အမြင့်မားဆုံး စွမ်းအားတစ်ခုဖြစ်ပါတယ်…အလင်းဆိုတာလည်း ဒီသဘောပါပဲ… အမှောင်ထဲက အလင်းစက်သေးသေးလေးပေမယ့် သူ့အလင်းရဲ့စွမ်းအားဟာ ကျွန်မတို့အတွက် အင်အားတွေကို ပေးတယ်… စွမ်းအားဆိုတာကတော့ စိတ်ရဲ့စွမ်းအား၊ အသိဉာဏ်ပညာရဲ့စွမ်းအား၊ သတိရဲ့အလေ့အကျင့် စွမ်းအားတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။မေတ္တာ..

အလင်းနဲ့စွမ်းအားတွေကို ဝေမျှခြင်းအားဖြင့်..ကမ္ဘာလောကကြီးမှာ

လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာန အမှောင်ဓာတ်တွေ ပျောက်ကွယ်သွားစေဖို့ ရည်ရွယ်ရေးသားထားတဲ့ စာအုပ်လေးဖြစ်ပါတယ်..

LLP cover.png
LLP
mountain
_edited.png

တောင်ပေါ်အနမ်း...အလွမ်းရာသီ

Published Year - Feb 2023

တောင်ပေါ်အနမ်း...အလွမ်းရာသီဟာ အမျိုးသမီးနှစ်ယောက်ရဲ့ ဖြူစင်တဲ့သံဃောဇဉ်ကိုအခြေပြုပြီး စိတ်ကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုဖွဲ့ထုံးရေးသားထားတဲ့ လုံးချင်းစာအုပ်လေးဖြစ်ပါတယ်။ နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေ ပုန်းလျှိုး ကွယ်ငုတ်နေတဲ့စိတ်ခံစားချက်တွေကို Psychotherapist ဇာတ်ကောင်တစ်ဦးနေရာကနေ အခြေတည်ရေးဖွဲ့ထားပြီး လေးနက်တဲ့ ပညာရပ်နဲ့လှပတဲ့တင်ဆက်မှုရေးဟန်နှစ်ခုယှဥ်တွဲနေတဲ့စာအုပ်တစ်အုပ်ပါ...

Morning Vitamin Volume 2

Published Year - Jun 2023

မနက်ခင်းတွေမှာ တွေးလိုက်တဲ့ ပထမဆုံးအတွေးတွေဟာ တစ်နေ့လုံးရဲ့ စိတ်အခြေအနေကို စိုးမိုးမှုရှိနေတတ်ပါတယ်…
စာဖတ်သူတွေအနေနဲ့ မနက်ခင်းမှာ ဖတ်ရတဲ့ စာတွေဟာ စိတ်အတွက် ဘေးမဖြစ်စေဘဲ ဆေးဖြစ်စေဖို့… အဆိပ်မဖြစ်စေဘဲ အာဟာရဖြစ်စေဖို့ ရည်ရွယ်ထားတဲ့ ဆရာမ မွန်ဟော်စီရဲ့ လက်ရာမွန် စာအုပ်တစ်အုပ်ပါ။
Positive Living နဲ့ Positive Energy ကို Promote လုပ်တဲ့ စာရေးသူတစ်ဦးရဲ့ Morning Vitamins စာစုတွေမှာ… စိတ်ရဲ့ အေးငြိမ်းမှု၊ အသိ သတိရှိမှု၊ လက်ခံတတ်မှု စိတ်ခွန်အားများ၊ ဓမ္မသဘာ၀တရားများ… အစရှိသည်တို့ အများအားဖြင့် ပါဝင်ပါတယ်။
Morning Vitamin 1,2,3 တို့ကို ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ အခု ၂၀၂၃ ခုနှစ်မှာ Morning Vitamins 4 နဲ့ 5 တို့ကို စုစည်းပြီး Volume (2) အဖြစ် ထုတ်ဝေထားပါတယ်။

Volume-2-2-600x600.png
MVolume2

Money Mindset Miracles

Published Year - Nov 2023

Money Mindset Miracles စာအုပ်ကိုဖတ်ပြီး..အိမ်ခြံမြေတွေ အကုန် အရောင်းထွက်သွားတယ်.. ချက်ချင်းငွေတွေ၀င်လာတယ်လို့တော့ ရှိလာမှာမဟုတ်ပါဘူး..။ ငွေသာ အရေးအကြီးဆုံးလို့ လောဘတက်နေဖို့လည်း ဒီစာအုပ်ထဲမှာ ရေးမထားပါဘူး..။ ဘယ်ဂါထာကို ဘယ်နှစ်ခါရွတ်ပြီး ဘယ်အရာကိုဆောင်.. ဘယ်ယတြာကိုလုပ်ပါဆိုတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ တွေ့ရမှာမဟုတ်ပါဘူး။

ဒီစာအုပ်မှာဖတ်ရမဲ့ အကြောင်းတွေက.. မည်သည့်ဘာသာတရား အဆုံးအမတွေကမှ သွေဖည်မသွားတဲ့ စကြ၀ဠာရဲ့ စွမ်းအင်သဘော.. Universal Energy တွေကို အသုံးချပြီး ငွေကြေးနဲ့ပတ်သက်တဲ့ စိတ်နေစိတ်ထားပြောင်းလဲမှု.. Transformation တွေ..၊ အေးချမ်းသော.. ပြည့်စုံချမ်းသာသော ဘဝနေထိုင်နည်းများကို နားလည်လုပ်ဆောင်နိုင်မဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

ဘ၀မှာ ကံကောင်းခြင်းတွေဆိုတာ မိုးပေါ်ကကျလာသလို ရုတ်တရက်ဖြစ်လာတာမျိုးမဟုတ်ဘဲ အရာရာဟာ အကြောင်းကြောင့် အကျိုးတွေ ဖြစ်လာခဲ့ကြတာ ဖြစ်ပါတယ်။ Law of Attraction ရဲ့ သဘောတရားအရ ကောင်းတဲ့အရာတွေကို ကောင်းမွန်တဲ့ Energy တွေနဲ့ သေသေချာချာလေး ဆွဲယူတတ်မှသာ ဘ၀မှာ Miracle ဆိုတဲ့ အံ့သြဖွယ်ရာတွေ ပေါ်ပေါက်လာမှာပဲဖြစ်တယ်..။

မိမိတို့ ရသင့်ရထိုက်တဲ့.. ရလည်းရနိုင်တဲ့ ပြည့်စုံ ချမ်းသာခြင်းတွေကို ဘယ်လို Energy နဲ့ ဆွဲယူလို့ရမလဲ ဆိုတဲ့အကြောင်း.. Law of Attraction သဘောတရားရှုထောင့်ကနေ ချဉ်းကပ်ပြီး လူမျိုးမရွေး.. ဘာသာမရွေး
လိုက်ပါလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို Money Mindset Miracles စာအုပ်မှာ ရေးသားဖော်ပြထားပါတယ်။

1699885573432643_edited.png
moneymindset

Money Mindset Miracles
စာအုပ်နဲ့အတူ ယှဥ်တွဲ အသုံးပြုနိုင်ဖို့အတွက် ၄၄ချပ်ပါရှိတဲ့ Miracle  Money Notes Card Deck လေး ထွက်လာပါပြီ။
ဒီ Card Deckလေးဟာ ဆရာမမွန်ရဲ့ Collage Mixed Media Art များနဲ့ ကိုယ်တိုင် ဖန်တီးရေးဆွဲထားတဲ့ တတိယမြောက် ကဒ်ထုတ်လေးပဲ ဖြစ်ပါတယ်။
ဗေ​ဒင်၊ကံကြမ္မာ၊ရှေ့ဖြစ်ဟောတဲ့ Card မဟုတ်ဘဲ ငွေကြေးစွမ်းအင်နဲ့ပတ်သက်တဲ့ သတိပြုဖွယ်သဘောထား အမြင်များကို ကဒ်ဆွဲတဲ့ စက္ကန့်ပိုင်း အချိန်​လေး
အတွင်းမှာ ချက်ချင်း သိရှိနားလည်နိုင်
Wisdom Card Deck အမျိုးအစားဖြစ်ပါတယ်။
Money Mindset Miracles စာအုပ်ဟာထုတ်ဝေပြီး သုံးလအချိန်အတွင်းမှာအုပ်ရေတစ်သောင်းကျော် ရောင်းချခဲ့ရပြီးဖြစ်ပါတယ်။ တတိယ အကြိမ်အထိရိုက်နှိပ်ပြီးလည်း ဖြစ်ပါတယ်။
Card Deck လေးကို စာအုပ်နဲ့အတူ တွဲပြီးဖြစ်စေ၊ သီးသန့်ဖြစ်စေ ပန်းဆက်လမ်းမှာ.. မှာယူနိုင်ပြီဖြစ်ပါတယ်။

Money-notes-600x600.png
Just.png

ပြန်စာလေးတစ်စောင်

Published Year - Dec 2023

ပြန်စာလေးတစ်စောင်ဆိုတဲ့..
စာအုပ်ကလေးထဲက..စာတွေကိုတော့ စာဖတ်သူတွေဆီကမေးခွန်းလေးတွေကို စာရေးသူက..ပြန်ဖြေပေးထားတဲ့ပြန်စာလေးတွေအဖြစ် ဖတ်ရှုရမှာဖြစ်ပါတယ်။ Relationship နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ..မိဘနဲ့သားသမီးကြားကဆက်ဆံရေး ..စိတ်ပိုင်းဆိုင်ရာအဖုအထစ်လေးတွေ.. အစရှိသဖြင့် မေးခွန်းနဲ့ ပြန်စာအဖြေလေးတွေစုစုပေါင်း ၃၅ပုဒ်ပါဝင်ပါတယ်။

just a reply

You are my Universe

Published Year - Jun 2023

Universe ရဲ့ သဘောတရားတွေဆိုတာ ကိုယ်အပါအ၀င် ..ကိုယ့်ပတ်၀န်းကျင်က လူတွေ .. အဖြစ်အပျက်တွေ .. အခြေအနေတွေနဲ့ Reflect လုပ် .. ထင်ဟပ်ကြည့်လိုက်တိုင်း ဘာနဲ့မှ မလွတ်ဘဲ တည့်ကြီးတွေ တိုးနေတဲ့ .. ရှာဖွေလေ.. တွေ့ရှိလေ သဘောတရားတွေပါပဲ။
Universe ဆိုတာ တကယ်တော့ Infinite Wisdom အနှိုင်းမဲ့ ပညာဥာဏ် ရတနာသိုက်ကြီးတစ်ခုပဲဖြစ်ပါတယ်။

– မိမိတို့ရဲ့ Innerworld မှာ စကြ၀ဠာရဲ့ ရိုးရှင်းတဲ့ လျှို့ဝှက်ချက်တွေဟာ ဆန်းကြယ်စွာ တည်ရှိနေပါတယ်။ကိုယ်တိုင်ရှာဖွေတတ်ဖို့သာ လိုပါတယ်။

– စကြ၀ဠာရဲ့ လှို့ဝှက်ချက်၊ အလှတရား၊ ရတနာတွေဆိုတာက ကိုယ်ရဲ့အတွင်းစိတ်ကိုပြောင်းလဲကြည့်လိုက်တာနဲ့ ကိုယ့်စိတ်ထဲမှာပဲ ဘွားကနဲတွေ့ မြင်လိုက်ရတာမျိုးပါ။
ကိုယ်က Universe ထဲမှာနေတယ်။ Universe ဟာ ကိုယ့်ရင်ထဲမှာလည်း ရှိနေတယ်။

ကိုယ်တိုင်က ကိုယ့်ရဲ့ Universe ပဲ ဖြစ်ပါတယ်။
ကိုယ်လိုချင်တဲ့အရာတွေအကုန်လုံးဟာ ကိုယ့်ဆီမှာပဲ ရှိနေပါတယ်။
မိမိကိုယ်သာ ကိုးကွယ်ရာပဲ ဖြစ်ပါတယ်။

universe.png
universe
Mind maze.png

THE MIND MAZE

Published Year - Oct 2024

စိတ်ဒဏ်ရာဆိုတာ လူတိုင်းမှာရှိပါတယ်။ ငယ်စဉ်ဘဝကတည်းက သေးငယ်တဲ့စိတ်ဒဏ်ရာတွေရှိသလို ဘဝတစ်ခုလုံးကို ရိုက်ချိုးဖျက်ဆီးနိုင်တဲ့ ကြီးမားတဲ့စိတ်ဒဏ်ရာတွေလည်းရှိတတ်ကြပါတယ်။ စိတ်ဒဏ်ရာတွေကို အများအားဖြင့် ထရော်မာ Trauma လို့လည်းခေါ်ကြပါတယ်။ မကောင်းသော စိတ်အတွေးတွေ၊ အနုတ်သဘောဆောင်တဲ့စိတ်ခံစားမှု Negative thoughts and emotions တွေကို လိုအပ်တာထက်ပိုပြီး ထပ်ပြန်တလဲလဲ အလွန်အကျွံခံစားနေမိခြင်းဟာ တစ်စုံတစ်ခုသောအကြောင်းအရာ နဲ့ပတ်သက်ပြီး မိမိရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေရဲ့ရလဒ်တွေပဲဖြစ်ပါတယ်။

ဒီလိုစိတ်ဒဏ်ရာတွေကြောင့် လူတွေဟာ ဘဝမှာ မပျော်ရွှင်တတ်တဲ့သူတွေဖြစ်လာတယ်။ အဆိုးမြင်တတ်တဲ့သူတွေဖြစ်လာတယ်။ မယုံကြည်တတ်တဲ့သူတွေဖြစ်လာတယ်။ အထီးကျန်တဲ့သူတွေဖြစ်လာကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ကြီးပြင်းလာပုံချင်းမတူသလို ကြုံဆုံခဲ့ရတဲ့အတွေ့အကြုံတွေ မိသားစုပတ်ဝန်းကျင်ဆီက သင်ယူခဲ့ရတဲ့အတွေးအခေါ်တွေနဲ့ ကိုယ်ပိုင်ခံစားမှုတွေကြောင့် စိတ်ဒဏ်ရာတွေရဲ့သက်ရောက်မှုဟာ အနည်းနဲ့အများ ကွာခြားမှုရှိနေနိုင်ပေမယ့် တကယ်တမ်းရှေ့ကိုဆက်သွားလို့မရတော့လောက်အောင် ပိတ်လှောင်သွားတတ်တာမျိုးကတော့ စိတ်ဒဏ်ရာတွေရဲ့ တူညီတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဒဏ်ရာတွေဆိုတာ လူတစ်ယောက်ရဲ့ဘဝနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်တွေ၊ သူ့ရဲ့လမ်းကြောင်းတွေကို ပျောက်ကွယ်သွားစေနိုင်တဲ့ စိတ်ဝင်္ကပါတွေလို့ပဲပြောရမှာဖြစ်ပါတယ်။

ဒီစာအုပ်လေးက စိတ်ပိုင်းဆိုင်ရာ ထောင်ခြောက်တွေကို အသိအမှတ်ပြုပြီး စိတ်လွတ်မြောက်ရာလမ်းကို ရှာဖွေဖို့ စာဖတ်သူကို အကောင်းဆုံးလမ်းပြပေးမယ့် စာအုပ်ပါ…

The mind maze

Midsummer Rain

Published Year - October 2024

Midsummer Rain ဆိုတဲ့ “နွေလယ်ညရဲ့မိုးအိပ်မက်” စာအုပ်ဟာ Psychological Drama အမျိုးအစား စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။ ဒီစာအုပ်က ငယ်ဘဝရဲ့စိတ်ဒဏ်ရာတွေကို ကိုယ်တိုင်က မသိနားမလည် မဖြေရှင်းနိုင်ဘူးဆိုရင် လူကြီးဘဝရောက်လာတဲ့အခါ ကိုယ့်ကို ဒုက္ခပေးလာနိုင်တဲ့အကြောင်းကို ရေးသားထားတဲ့ စိတ်ဒဏ်ရာနဲ့ပတ်သက်တဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပြီး စာရေးသူရဲ့ (၂၅) အုပ်မြောက် စာအုပ်လေးပဲ ဖြစ်ပါတယ်။

Midsummer rain.png
midsummer
Happiness project.png

The Happiness Project

Published Year - December 2024

ဒီစာအုပ်ထဲမှာ ပျော်ရွှင်ခြင်းရဲ့ အခြေခံအကြောင်းတွေဖြစ်တဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာဥာဏ်ရည် Emotional Intelligence တွေကို ကောင်းစွာစီမံခန့်ခွဲတတ်နိုင်စေဖို့၊ ကိုယ့်ကိုယ်ကိုယ် ကောင်းစွာနားလည်စေဖို့ Self Understanding ၊ ကောင်းမွန်စွာချစ်တတ်ဖို့နဲ့ အချစ်ခံတတ်ဖို့ Ability To Love And Be Loved ဆိုတဲ့အကြောင်းအရာလေးတွေကို ရေးသား ဖော်ပြထားပါတယ်။

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page