top of page
Search

Relationship တစ်ခုမှာ အချစ်နဲ့လေးစားမှုLove & Respect ဟာ အခြေခံကျတဲ့ အုတ်မြစ်တစ်ခုပါ။

  • Dec 30, 2024
  • 1 min read


ဒါပေမယ့် တစ်ခါတစ်လေ အချို့သူတွေက အဲဒီအခြေခံ အားမျှခြေကို သူတို့ရဲ့အပြုအမူတွေနဲ့ပျက်စီးစေတတ်ကြပါတယ်။ သူတို့ဟာ ကိုယ့်စကားကိုယ်တာဝန်မယူတတ်ဘဲ ပြောချင်တာပြောတတ်တယ်၊ လုပ်ချင်တာလုပ်တတ်တယ်။


ကတိမတည်ဘဲ၊ မလုပ်တော့ပါဘူးလို့ ပြောထားပြီးသားတွေကိုပြန်လုပ်တတ်တယ်။ ဒီလိုပြုမူမှုတွေဟာထပ်ခါ ထပ်ခါဖြစ်လာတဲ့အခါPattern တစ်ခုလိုဖြစ်လာတတ်ပါတယ်။

တစ်ခါလုပ်တယ်။

နှစ်ခါလုပ်တယ်။

ပြန်လုပ်တယ်။

ထပ်လုပ်တယ်။


သူတို့ပြောတတ်တဲ့အလျှောက်ကိုယ်ကယုံခဲ့ဖူးတယ်။ ခွင့်လွှတ်ပေးခဲ့တယ်။ဒါပေမဲ့ ဘယ်လောက်အထိယုံနေရဦးမှာလဲ။ ခွင့်လွှတ်ပေးရဦးမှာလဲ။


အခါခါပြန်လုပ်လာရင်သူ့ဘက်က ပြောင်းလဲဖို့ အလားအလာမရှိဘူးဆိုတာ သိရ တော့မှာပါပဲ။ Relationship တစ်ခုမှာ လေးစားမှုဆိုတာ အရေးကြီးတဲ့အရာပါ။ လေးစားမှုပျောက်သွားရင် ဒီလူတစ်ယောက်အပေါ် အထင်မကြီးတော့ဘူး..ဆိုတဲ့ခံစားချက်တွေဖြစ်လာတယ်။ လူတစ်ယောက်အပေါ်လေးစားမှုလျော့သွားတယ်ဆိုရင်အချစ်ကလည်းလျော့သွားတတ်ပါတယ်။ အထင်မကြီးဘူးဆိုရင်လည်းချစ်လို့မရဘူး။ဒီလိုနဲ့ Relationship တစ်ခုရဲ့ နောက်ဆုံးအဆင့် ကိုရောက်လာတတ်ပါတယ်။


ဒီလို အခြေအနေကို ရင်ဆိုင်ရတဲ့အခါမှာတော့ စိတ်ပင်ပန်းမှုနဲ့ စိတ်ဖိစီးမှုတွေအမြဲဖြစ်နေတတ်ပါတယ်။ ဒီလိုလူနဲ့အတူရှိနေရတဲ့အခါ စိတ်ချမ်းသာရတာ၊စိတ်လွတ်လပ် ပေါ့ပါးရတာထက် ဒုက္ခနဲ့ အကုသိုလ်သာ များလာတတ်ပါတယ်။ ကိုယ်က ဒီလိုအခြေအနေကို ဆက်ဖြစ်နေဖို့ ခွင့်ပြုထားမယ်ဆိုရင်ဆက်ပြီးဒုက္ခပေးနေတာကို ခံနေရဦးမှာပါပဲ။


💔ဒီလိုအခြေအနေတွေမှာ ဘာလုပ်မလဲ


သူ့ဆီကထွက်ခွာသွားလိုက်ပါ။ ကိုယ့်ကိုမလေးစားတဲ့သူနဲ့အတူနေနေသမျှ ကိုယ့်ကိုယ်ကိုယ်လေးစားဖို့ဆိုတာမလွယ်ဘူး။ဒီလိုပဲ.. ကိုယ့်ကိုတန်ဖိုးမထားတဲ့သူနဲ့အတူနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားနိုင်တော့မှာ မဟုတ်ဘူးဆိုတာသတိရပါ။Self Respect, Self Worth, Self Esteem တွေအကုန်ကျလာပါလိမ့်မယ်။

ဒါကြောင့် Boundary နယ်နိမိတ်တွေချမှတ်လိုက်ပါ။ ဘယ်အရာမဆိုကိုယ်ကခွင့်ပြုထားတယ်ဆိုရင်ဆက်ပြီးဖြစ်ပေါ်နေဦးမှာပဲဖြစ်ပါတယ်။


သူ့ဘက်ကတော့ပြောင်းလဲလာမှာမဟုတ်ဘူး။သူ့ဘက်ကိုမျှော်လင့်စရာမရှိပါဘူး။ ကိုယ့်ဘက်ကသာအဲဒီလို အရာတွေကိုဆက်ပြီးမဖြစ်ပေါ်လာအောင် Break လုပ်ပေးရမှာဖြစ်ပါတယ်။


ဒီလိုဆက်ဆံရေးတွေထဲက ထွက်လာဖို့ အရေးကြီးပါတယ်။ ကိုယ့်ဘဝမှာ တန်ဖိုးရှိတဲ့ဆက်ဆံရေးတွေကိုသာ ထိန်းသိမ်းပြီးတန်ဖိုးမရှိတဲ့ ဆက်ဆံရေးတွေ၊လူပုဂ္ဂိုလ်တွေ ကို ရှောင်ရှားတတ်ဖို့ လိုပါတယ်။

Relationship တစ်ခုဟာ အချစ်၊ လေးစားမှု ဟန်ချက်ညီမျှနေမှသာအောင်မြင်နိုင်ပါတယ်။တစ်ဘက်က စော်ကားမှု၊ မလေးစားမှုတွေက ကမ်းကုန်သွားပြီ.. ဆိုတဲ့ အခြေအနေကို ရောက်လာရင်ကိုယ့်စိတ်ကို ဆက်ပြီးမနာကျင်စေဖို့ ပြီးဆုံးခြင်း ဆိုတဲ့လမ်းကို ရွေးချယ်ရမှာပါပဲ။


ကိုယ့်ဘဝရဲ့ အရေးကြီးဆုံးအရာက ကိုယ့်အချိန်နဲ့ ကိုယ့်စိတ်ချမ်းသာမှုပါပဲ။ တစ်ဖက်ကကိုယ့်ကိုတန်ဖိုးမထားတဲ့အခါကိုယ့်ကိုယ်ကိုယ်လေးစားဖို့ကိုပဲရွေးချယ်လိုက်ပါ။ ၂၀၂၅ ကို ပျော်ပျော်ရွှင်ရွှင်ရောက်ဖို့အတွက်ချန်ထားသင့်တဲ့သူတွေကိုချန်ထားခဲ့ပါ။


မွန်ဟော်စီ

၂၀၂၄

 
 
 

Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page